Monday, 22 April 2019 04:27

electric_in_hlaing.jpg

တာဝန်ရှိသူများက ဓာတ်အားခွဲရုံ ကမ္ဗည်းကျောက်စာ မော်ကွန်းအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ခဲ့ကြစဉ်။ ဓာတ်ပုံ - ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

 

ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ GIS ဓာတ်အားခွဲရုံ (66/11-6.6 kv, 30 MVA GIS) ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၂၀ရက်နေ့ နံနက်(၇)နာရီခွဲတွင် ယောဂီကျောင်းလမ်းနှင့် ပြည်လမ်းထောင့်ရှိ လှိုင်တက္ကသိုလ်ဝင်း၌ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တည်ဆောက်ပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့် ဖြန့်ဖြူးနိုင်ရေးအတွက်ဖြစ်တယ်လို့ သိရပါတယ်။

တာဝန်ရှိသူများက ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်၍ဖွင့်လှစ်ခဲ့ပြီး ဓာတ်အားခွဲရုံကမ္ဗည်းကျောက်စာမော်ကွန်းအား စက်ခလုတ်နှိပ်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြပါတယ်။

electric_in_hlaing_2.jpg

တာဝန်ရှိသူများက ဓာတ်အားခွဲရုံအားလိုက်လံကြည့်ရှုနေစဉ်။ ဓာတ်ပုံ - ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

အခမ်းအနားတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က အဖွင့်အမှာစကားပြောကြား၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့က ဂုဏ်ပြုစကားပြောကြားခဲ့သည်။ လှိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး ကလည်း ဓာတ်အားခွဲရုံဖွင့်လှစ်နိုင်ခြင်းအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

အခမ်းအနားသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါတယ်။

Source: MyanmarTimes


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.