Friday, 15 March 2019 03:43

shwedagon-min.jpg

 

ရွှေတိဂုံစေတီတော်ကို Smart Pagoda ဖြစ်သည်အထိ ဆောင်ရွက်မည်ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ယမန်နေ့ တွင် ပြုလုပ်သည့်သတင်းစာရှင်း လင်းပွဲ၌ ပြောသည်။

စေတီတော်တွင် အဆင့်မြင့်နည်းပညာများတပ်ဆင်ပြီး လူတစ်ယောက်ချင်းစီ၏ မျက်နှာ၊ လူဦးရေ၊ ကားနံပါတ်စသည်တို့ကို မှတ်သားထားနိုင်သည့် အဆင့်အထိရောက်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စေတီတော်ဂေါပကအဖွဲ့ စီမံဘဏ္ဍာ လုံခြုံရေးတာဝန်ခံ ဦးသောင်းထိုက် ကဆိုပါတယ်။

‘‘ ရာဇ၀တ်မှုတွေလုပ်လို့မရဘူး လုပ်တာနဲ့ချက်ချင်းသိရမယ်။ ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းတွေမလုပ်နိုင်ရဘူး၊ ကားနံပါတ်တွေကို မှတ်သားတာကအစ အဆင့်မြင့်နည်းပညာစနစ် တစ်ခုတပ်ဆင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ် Smart City နဲ့ Smart Pagoda နဲ့ Link ချိတ်ဆက်နိုင်အောင် ဆက်လုပ်မယ် ’’ ဟု ၎င်းကဆက်လက်ပြောကြားထားပါတယ်။

အဆိုပါစနစ်အတွက် ပုဂ္ဂလိကနည်းပညာကုမ္ပဏီများကို မကြာမီ တင်ဒါခေါ်ယူမည်ဖြစ်ပြီး ကာလအတိအကျကိုတော့ ပြောဆိုခြင်း မရှိသေးပါဘူး။

‘‘ မကြာခင်ပေါ့၊ ဒါက အဆင့်ဆင့်သွားရမှာဆိုတော့ လုပ်ဖြစ်တဲ့အခါကျရင် ကျွန်တော်တို့ အသိပေးပါမယ် ’’ ဟု ၎င်းကပြောပါတယ်။

လက်ရှိတွင် ရွှေတိဂုံစေတီတော်၌ သရုပ်ပျက်ဝတ်စားဆင်ယင်မှုများ၊ မဖွယ်မရာပြုမှုများကို တားမြစ်ထားသော်လည်း အချို့ပြုလုပ်နေကြပြီး ထိုကဲ့သို့ အဂါရ၀ဖြစ်အောင် မပြုလုပ်ရန် ဂေါပကအဖွဲ့က သတင်းစာရှင်းလင်းပွဲမှတစ်ဆင့် မေတ္တာရပ်ခံထားပါတယ်။

စေတီတော်နှင့် သင့်လျော်သည့်အ၀တ်အစား မ၀တ်ဆင်လာသူများကို စေတီတော်လုံခြုံရေးများက ပုဆိုးတစ်ထည် ကျပ်သုံးထောင် စပေါ်တင်ငှား ပေးသော်လည်း အချို့စပေါ်ငွေ မပါသောကြောင့် အလကားငှားပေးရာ ထိုသို့အလကားငှားပေးသည့် ပုဆိုးများကိုပြန်မပေး ဘဲယူဆောင်သွားခြင်းများ ရှိနေကြောင်း ‘‘ အဲဒီလို ပျောက်သွားတဲ့ ပုဆိုးတစ်လကို အထည် ၂၀ လောက်ရှိပါတယ် ’’လို့ ရွှေတိဂုံစေတီတော်ရုံး အဖွဲ့မှူး ဦးထွန်းအောင်ငွေ က ပြောထားပါတယ်။

ရွှေတိဂုံစေတီတော်ကို Smart Pangoda အဖြစ်ဆောင်ရွက်လျှင် အမှုအခင်းများနှင့် မသင်္ကာစရာဖြစ်ရပ်များကို စိစစ်မှတ်တမ်းတင်နိုင်မည်ဟု ဂေါပကအဖွဲ့ဝင်များက ပြောထားပါတယ်။

Source: 7DayDaily


Read 65 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.