Tuesday, 05 March 2019 04:36

hear-min.jpg

 

မြန်မာအပါ အဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အကြားအာရုံချို့တဲ့သူများ ပိုမိုများ ပြားလာသောကြောင့် ''ကမ္ဘာ့သော တအာရုံနေ့(World Hearing Day 2019)''ကို နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကုဆေးရုံကြီး၌ ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပ ခဲ့ကြောင်းသိရသည်။

၂ဝ၁၈ခုနှစ်အတွင်း ကမ္ဘာ ပေါ်တွင်အကြား အာရုံချို့တဲ့နေသူ ၄၆၆ သန်း ရှိခဲ့ပြီး၊ ၂ဝ၃ဝ ပြည့်နှစ် တွင် အကြားအာရုံချို့တဲ့သူ သန်း ၆၃ဝ၊ ၂ဝ၅ဝ ပြည့်နှစ်တွင် သန်း ၉ဝဝ အထိရှိလာနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ခန့်မှန်းဖော်ပြထားသည်။

''သောတအာရုံနေ့ (World Hearing Day 2019)'' ကျင်းပဖြစ် ပုံနှင့်ပတ်သက်၍ ပွဲစီစဉ်သူ ဆေးတက္ကသိုလ်(၁) နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ကုသပညာဌာန ပါမောက္ခ ဒေါက်တာခင်လှလှ က''ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကနေပြီးတော့ နှစ်စဉ်နှစ်တိုင်း ကျင်းပတယ်ပေါ့။ မြန်မာပြည်မှာတော့ အစ်မတို့ဆေးရုံမှာတော့ ဒါကပထမဦးဆုံးအကြိမ် ပေါ့။

အဲဒီတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဘာလို့ သောတအာရုံ နေ့ (World Hearing Day 2019) ကို ကျင်းပတာလဲဆိုတော့ အကြားအာရုံလျော့တဲ့သူတွေက တဖြည်းဖြည်း များလာတယ်။ ဘယ်နှစ်မှာ ဘယ်လောက်များလာတယ်ဆိုတာလည်း ထုတ်ထားပါတယ်။ ပိုပြီးတော့များလာတယ်။ အကြားအာရုံ ချို့တဲ့တဲ့အခါကျတော့ လူတွေမှာ အများကြီးထိ ခိုက်နစ်နာ မှုရှိတယ်ပေါ့။ ကျန်းမာရေး၊ ပညာ ရေး၊ စီးပွားရေး အကုန်ထိခိုက်နိုင်တယ်။

နဂိုက စကားမပြောတတ်တဲ့သူ (ကလေးငယ်တွေ) တွေ လုံးဝ စကားကို မပြောတတ်တဲ့ သူတွေ ဖြစ်သွားနိုင်တယ်။ လူတွေ မဆက်သွယ်နိုင်ရင် စာသင်လို့ မရဘူး။ စာသင်လို့မရရင်လည်း စီးပွားရေးလည်း ခက်တယ်။ နောက်ပိုင်း ဘာသာရေး အင်ဇိုင်းမားတို့ ဘာတို့မှာလည်း နားမကြားရင် ပိုဆိုးတယ်လို့ပြောတယ်။ အကြား အာရုံချို့တဲ့မှုတွေက ပိုများလာတယ်။ ဘာကြောင့်ဖြစ်တာလဲ ကြည့်လိုက်ရင် အချို့အကြောင်း ရင်းတွေက ကာကွယ်လို့ရနိုင်တယ်။ ကာကွယ်နိုင်ရဲ့သားနဲ့ ချို့တဲ့မှုဖြစ် ရတယ်ဆိုတာ မဖြစ်သင့်တာပေါ့။နားကျန်းမာရေးက အရေးကြီးပါ လားဆိုတာကို အသိပညာပေးဖို့ ဆောင်ရွက်တာဖြစ်ပါတယ်'' ဟု ပြောပါတယ်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ထောက်ပံ့မှုဖြင့် အဆိုပါဆေးရုံကြီးတွင် Audiology Unit ဖွင့်ထားပြီး အသက်၁၂နှစ် အောက်ကလေးငယ်များ၏အ ကြားအာရုံများကို စမ်းသပ်စစ်ဆေး ပေးခြင်း၊ ကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

''နားနဲ့ပတ်သက်လို့ လုပ်နိုင် အောင် Audiology Unit ထူထောင်ထားတယ်။ ကာကွယ်ရေးရော၊ ကုသရေးရော၊ ပြန်လည်ထူထောင်ရေးရော အကုန်လုံးလုပ်ပါတယ်။ အခုကတော့ ဆေးရုံအခြေပြုပေါ့။ နောက်ပိုင်းမှာတော့ လူထုအခြေပြုဖြစ်ပြီး လူထုထဲအထိသွားဖို့ရှိပါတယ်။ အကြားအာ ရုံနဲ့ပတ်သက်ရင် ကလေးနားစမ်းသပ်တာ သက်သက်ရှိပါတယ်။ ဝန်ကြီးဌာနက ထောက်ပံ့တာဖြစ်ပါတယ်။ ၁၂နှစ်အောက်ကလေး ၈ဝဝ ကျော်ကိုစမ်းသပ်ပြီး နားကြားကိရိယာ ၅၅ ခုပေးပြီး နားအစားထိုး ခွဲစိတ်တာ ၁၇ ခု ခွဲစိတ်ကုသပေးခဲ့ပြီးဖြစ်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောကြားပါတယ်။

မိဘများအနေဖြင့် ကလေးငယ်များငယ်စဉ်ကတည်းက မိမိကလေးအကြားအာရုံ ချို့တဲ့နေမှန်း စောစီးစွာသိမှ နားကြားကိရိယာများ ဝယ်ယူတပ်ဆင်ပေးနိုင်မည် ဖြစ်ပြီးယင်းကဲ့သို့ နားကြား ကိရိယာများ အချိန်မီတပ်ဆင်ပေးနိုင်မှသာ ကလေးငယ်သည် စကားမပြောနိုင်သောကလေး ဖြစ်သွားခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်းသိရပါတယ်။ ''ကျွန်မသမီးလေးကို နားကြားကိရိယာတပ်ပေးလိုက်တော့ မှစကားပြောနိုင်လာတယ်။ နားကြားကိရိယာတပ်ပြီး ခုနစ်လအကြာမှ စကားပြောပါတယ်'' ဟု နားမကြားသော ကလေးငယ်မိခင် မခင်ဝေအောင်က ပြောထားပါတယ်။

၁၂နှစ်အောက် ကလေးများ၊ စကားမပြောတတ်သေးသည့် အရွယ်ကလေးများ နားကြား၊မကြား ဆောလျင်စွာသိရှိဖို့လိုအပ်ပြီး ယင်းကဲ့သို့သိရှိနိုင်မှသာ နားကြားကိရိယာတပ်ဆင်ပြီး စကားပြောလာနိုင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်၍ တာမွေမြို့နယ်ရှိ နား၊ နှာ ခေါင်း၊ လည်ချောင်း၊ ဦးခေါင်း နှင့်လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီးအတွင်း ဖွင့်လှစ်ထားသော Audiology Unit တွင် လာရောက် ပြသစမ်းသပ်ကြရန် လိုအပ်ကြောင်း သိရပါတယ်။

Source: YangonMedia


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.