Tuesday, 08 January 2019 09:20

download

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနအောက်မှာရှိတဲ့ ပြည်သူ့အင်အားဦးစီးဌာနရဲ့ စာရင်းဇယားတွက်ချက်မှုတွေအရ ဒီကနေ့ ဇန်နဝါရီလ ၆ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ နိုင်ငံရဲ့လူဦးရေဟာ ၅၄ သန်းပြည့်သွားပြီ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ပြည်သူ့အင်အားဦးစီးဌာနရဲ့ တရားဝင်ဝဘ်ဆိုဒ်စာမျက်နှာပေါ်က အလိုအလျောက်တွက်ချက်မှုစနစ်မှာတော့ မြန်မာနိုင်ငံလူဦးရေဟာ တစ်မိနစ်ကို တစ်ယောက်နှုန်း တိုးနေတာဖြစ်ပြီး လူဦးရေဟာ ဒီကနေ့မနက်မှာ ၅၄ သန်းပြည့်ခဲ့တာပါ။

အစိုးရဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း သန်းခေါင်စာရင်းကောက်ယူမှုကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မတ်လတုန်းက ပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီတုန်းက သန်းခေါင်စာရင်း အချက်အလက်တွေအရ မြန်မာနိုင်ငံလူဦးရေဟာ ၅၁.၄ သန်းရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

လူမှုအင်အားဦးစီးဌာနကတော့ အဲ့ဒီတုန်းက ရခဲ့တဲ့ အချက်အလက်တွေကို အခြေခံ တွက်ချက်တာဖြစ်ပြီး ၄ နှစ်ကျော်ကာလအတွင်း လူဦးရေဟာ ၃ သန်းခန့် တိုးလာတာလည်း ဖြစ်ပါတယ်။

မြန်မာအစိုးရဟာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တွေမှာ ကောက်ယူခဲ့တာပါ။

နောက်ဆုံးကောက်ယူခဲ့တဲ့ ၂၀၁၄ ခုနှစ်က ရခဲ့တဲ့ လူဦးရေတိုးပွားနှုန်း အချက်အလက်တွေကို ခန့်မှန်းတွက်ချက်ရာမှာတော့ လာမယ့် ၂၀၅၀ ပြည့်ရင် မြန်မာနိုင်ငံလူဦးရေဟာ ၆၅ သန်းအထိ ရှိလာနိုင်တယ်လို့လည်း ခန့်မှန်းပြောဆိုနေကြပါတယ်။

source bbc


Read times Last modified on Tuesday, 08 January 2019 09:29
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.