Tuesday, 11 September 2018 12:12

    4ff28a9823b64d31d17bd0411c6126bd

     

    ၁၉၇၄ ခုနှစ် နှောင်းပိုင်းလောက်မှာ ဂိတ်တို့အတွက် Microsoft တည်ထောင်ဖို့ ပထမဆုံးခြေလမ်းတစ်ခုကို အယ်လန်ယူဆောင်လာပါတယ်။

    အဲ့ဒါက သတင်းဆောင်းပါးတစ်ခုပါ။ Albuquerque အခြေစိုက် MITS( Micro Instrumentation and Telemetry System) က Intel ကုမ္ပဏီထုတ် 8080 Procesor ကို သုံးပြီး ထုတ်လုပ်ထားတဲ့ ကွန်ပြူတာစတင်ထွက်ရှိလာတယ်ဆိုတဲ့ သတင်းပါ။ ဒါပေမဲ့ ကွန်ပြူတာအလွတ်အတိုင်းကြီးပါပဲ။ 
    အထဲကဘာဆော့ဖ်ဝဲမှ မပါပါဘူး။

    Image result for MITS( Micro Instrumentation and Telemetry System)

    ဒီတော့ ဂိတ်တို့သူငယ်ချင်းနှစ်ယောက် ဒီဆောင်းပါးဖတ်နေရင်းနဲ့ အကြံတစ်ခုရလာတယ်။ MITS ကိုဖုန်းဆက်ပြီး အဲ့ဒီကွန်ပြူတာအတွက် ဆော့ဖ်ဝဲရေးပေးနိုင်တယ်၊ ရေးနေတာလည်း ရှိတယ်လို့ပြောလိုက်တယ်။

    ရေးနေတဲ့ ဆော့ဖ်ဝဲရှိနေတယ်လို့သာ ပြောလိုက်တာ တကယ်တမ်း သူတိုမှာ ဆော့ဖ်ဝဲရှိဖို့နေနေသာသာ ရေးဖို့ ကွန်ပြူတာလေး တစ်လုံးတောင် မရှိပါဘူး။ အဲ့ဒီမှာ သတိထားမိတာလေး တစ်ချက်က ( ဘာမှအဆင်သင့်မဖြစ်သေးဘဲ လုပ်ပေးနိုင်တယ်လို့ ကြိုတင်ကတိပေးတာဟာ မိုက်ခရိုဆော့ဖ်ရဲ့ အကျင့်တစ်ခုလို့ဖြစ်လာတာထင်တယ်ဗျ)

    သူတို့လုပ်ပေးနိုင်တယ်ပေါ့လေ။ MITS ဘက်ကလည်း " ဆော့ဖ်ဝဲကို ချက်ချင်းလက်ခံဖို့ကျတော့လည်း အဆင်မပြေဘူး၊ ဒါပေမဲ့ မင်းတို့မှာ ရှိတဲ့ နမူနာဆော့ဖ်ဝဲကို ယူလာခဲ့၊ ကြည့်ပြီးလို့ ကြိုက်တယ်ဆိုမှ လက်ခံမယ်လို့သဘောတူလိုက်တယ်" ။ ဂိတ်တို့အတွက် ရေးလက်စဆော့ဖ်ဝဲရှိတာ ၊ မရှိတာ အသာထား၊ အလုပ်တစ်ခုတော့ ရပြီဆိုပြီး ဝမ်းသာအားရဖြစ်နေကြတယ်။

    သူတို့ဒီပရောဂျက်အတွက် နေ့မအိပ်၊ ညမအိပ်ကြိုးစားပြီး အလုပ်လုပ်တယ်။ လက်လှမ်းတမီသုံးခွင့်ရနိုင်တဲ့ ကွန်ပြူတာတွေကို သုံးပြီးအလုပ်လုပ်တယ်။ နောက်ဆုံးဘီလ်ဂိတ်တစ်ယောက် ဟားဗတ်တက္ကသိုလ်က ကွန်ပြူတာတွေကို အလွန်အကျွံသုံးနေပါတယ်ဆိုပြီး အတိုင်ခံရပြီး ပြဿနာတတ်တော့တာပါပဲ။

    နောက်ဆုံး သူတို့ပရောဂျက်ပြီးသွားတယ်ဆိုပါတော့။ အခုလုပ်ရမည့်နောက်ဆုံးအလုပ်က ရေးထားတဲ့ ပရောဂျက်ကို MITS ကိုသွားပို့လိုက်ရုံပါပဲ။ Albuquerque ကို လေယာဉ်နဲ့အယ်လန်သွားပို့မှာပါ။ အရင်ခေတ်တုန်းက ဒေတာ သိုလှောင်သယ်ယူဖို့အတွက် CD-Rom လို့မျိုးဟာတွေ မပေါ်သေးပါဘူး၊ စက္ကူ tage တွေနဲ့ထည့်ယူသွားကြတာပါ။) အဲဒီမှာ အယ်လန်အတွက် ပြဿနာမသေးမကြီး၊ ဒုက္ခလှလှရောက်တော့တာပဲ။ ထည့်လာတဲ့ ပရိုဂရမ်တွေကို ဟိုဘက်က ကွန်ပြူတာထဲထည့်ပေးဖို့ ကြားခံ Loader မပါလာတာပါပဲ။

    အယ်လန်ဥာဏ်တော်တော်ကောင်းတယ်လို့ ပြောရမယ်။ လေယာဉ်ပေါ်မှာပဲ ချက်ချင်းloader အတွက် code ရေးရပြန်တယ်။ သူများဆီက ချေးလာတဲ့ ခရီးစရိတ် ဒေါ်လာလေးဆယ်နဲ့ မိုတယ်တစ်ခုမှာ နေတယ်။ ပြီးတော့ ရေးလာတဲ့ ပရိုဂရမ်ကိုစမ်းသပ်ဖို့အတွက် ကီးဘုတ်နဲ့ ( PRINT2+2) ဆိုပြီးရိုက်လိုက်တယ်။ နှစ်နဲ့ နှစ်ပေါင်းရင် အဖြေဘာကျမလဲပေါ့။ ဒီလိုစမ်းသပ်တာအကြောင်းရှိတယ်ဗျ။ ကွန်ပြူတာက ကျွန်တော်တို့ရဲ့လုပ်ငန်းဆောင်တာတွေကို စေခိုင်းဖို့လေ။ ဒီလိုပြဿနာသေးသေးလေးတွေ ပေါင်းစုပြီး အခြား ကြီးမားတဲ့ ပြဿနာတွေကို ဖြေရှင်းရတာမို့ပါ။

    ကံကောင်းစွာနဲ့ပဲ 4 ဆိုတဲ့ ပေါင်းလဒ်ထုတ်လာပါတယ်။ ဂိတ်နဲ့အယ်လန်တို့ ဒီပရောဂျက်အောင်မြင်သွားတယ်ပေါ့ဗျာ။ တန်ကြေးအနေနဲ့ ဒေါ်လာ သုံးထောင်လက်ငင်းလက်ခံရရှိတယ်။ အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ ဘီလ်ဂိတ်အတွက် အကြီးမားဆုံး အလုပ်တစ်ခုကို လုပ်ဆောင်လိုက်တာပါပဲ။ 
    MITS က အယ်လန်ကို ဒုဥက္ကဌ နဲ့ ဆော့ဖ်ဝဲဒါရိုက်တာအဖြစ်ခန့်အပ်လိုက်တယ်။ ဒါအပြင် ရောင်းချမည့်ကွန်ပြူတာအခုချင်းစီထဲမှာ ထည့်ထားတဲ့ ဆော့ဖ်ဝဲမူပွားတစ်ခုချင်းအတွက်လည်း ဒေါ်လာ ၃၀ မှ ၆၀ အတွင်းရဦးမှာပါ။

    နောက်လအနည်းငယ်အကြာမှာ အယ်လန်က MITS မှာဝင်လုပ်တယ်။ ဘီလ်ဂိတ်ကလည်း တက္ကသိုလ်က ခွင့်ယူပြီး Micro-soft ဆိုတဲ့ စပ်တူလုပ်ငန်းကို ၁၉၇၅ ခုနှစ်၊ နိုဝင်ဘာလမှာ ထူထောင်တယ်၊ ၁၉၇၆ နိုဝင်ဘာ ၂၆ မှာ နာမည်ရဲ့အလယ်က hyphen ကိုဖြုတ်လိုက်ပြီး Microsoft ဆိုတဲ့နာမည်ကို အမေရိကန်ကုန်ပစ္စည်း အမှတ်တံဆိပ်မူပိုင်ခွင့်တင်တဲ့ရုံး US Patent & Trademark Office( US PTO) မှာမှတ်ပုံတင်လိုက်ပါတယ်။

    Image result for US Patent & Trademark Office( US PTO)

    ဘီလ်ဂိတ်က လူလည်တအားကျတယ်လို့ပြောရမယ်။ ကုမ္ပဏီရဲ့ ရှယ်ယာအချိုးကို ဂိတ်က ၆၀%၊ အယ်လန်အတွက် ၄၀% ပဲပေးမယ်လို့ မရမကပြောတယ်ဗျ။ အကြောင်းရင်းက အယ်လန်က MITSမှာ အလုပ်ရှိတဲ့အတွက် Microsoft ရဲ့အလုပ်တွေကို သူတစ်ယောက်ပဲပိုလုပ်ရတယ်ပေါ့။

    နောက်ပိုင်း Microsoftမှာလုပ်ကိုင်ရင် ဘီလ်ဂိတ်ရဲ့လူလည်ကျ ၊ ဗိုလ်ကျတဲ့ အကြောင်းအရာတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းတွေကို နောက်တစ်ပတ်ရဲ့ အင်္ဂါနေ့ ည (၇) နာရီမှာ ဆက်လက်ရေးသားသွားပါမယ်နော်…..။

    ICT Guide ပရိတ်သတ်ကြီး စိတ်ခွန်အားတစ်ခုခုရရှိကြပါစေ….။

    နိုင်ငံတကာမှ နည်းပညာဆိုင်ရာ တီထွင်သူများ၏ အကြောင်းကို အပတ်စဉ် အင်္ဂါနေ့ည(၇)နာရီတိုင်း တင်ပြပေးသွားပါမည်။

    ICT Guide
    Nga htet
    Source: Wiki, ဆရာ ကျော်ဇောဦး


    Read 98 times Last modified on Wednesday, 12 September 2018 09:25
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.