Thursday, 25 May 2017 09:22

4Things

ဒီ စာစောင်ထွက်ရက် မေ၂၆ ရက် က စပြီး နောက် ထွက်ရက်  ဇွန် ၉ ရက် အတွင်းမှာ သွားလည်သင့်တဲ့ နေရာ လေးခုကို MY YANGON က ညွှန်းပေးချင်ပါတယ်။ မရောက်ရသေးဘူးဆိုရင် သွား enjoy လုပ်လိုက်ပါဦးနော့။

1>>Shopping Centers

18643480 804704529684448 447711781 n
ဒါကတော့ မေမေ ဖေဖေတို့ မသွားမဖြစ် သွားရမယ့် သားသား မီးမီးတို့အတွက် BACK to SCHOOL ပရိုမိုးရှင်းတွေ ရှိနေတဲ့ Shopping Center တွေပဲပေါ့။ ရှော့ပင်းစင်တာအများစုမှာ ၀ယ်လို့ ရနေပေမယ့် MY YANGON ညွှန်းပေးတဲ့ ဒီနှစ်ပတ်တာ ကာလအတွင်းမှာတော့ OCEAN Center, MARKET PLACE by City Mart, DAGON CENTER, ASIA LIGHT, SEIN GAYHAR, UNITED LIVING MALL တွေမှာ ဇွန်လဆန်းပိုင်းလောက်အထိ ပရိုမိုးရှင်းအစီအစဉ်တွေ ရှိနေမှာပါ။

2 >> JUNCITION CITY

18192298 1887192138228847 7132390734097712302 o
ဖွင့်တာ အချိန်အနည်းငယ်ရှိသွားပေမယ့် ခုထိ ရိုးမသွားသေးတဲ့ နိုင်ငံတကာအဆင့်မီ ဈေးဝယ်စင်တာတစ်ခုပါ။ ဈေးဝယ်စင်တာတစ်ခုရဲ့ စံနှုန်းတွေ မီအောင်လည်း အထဲမှာ အေးမြတဲ့အငွေ့အသက်၊  သက်သောင့်သက်သာနားခိုနိုင်တဲ့အပြင် လှပပြီး ဆွဲဆောင်မှုရှိတဲ့  အပြင်အဆင်တွေနဲ့ ဧည့်သည်တွေကို နေ့စဉ် ကြိုဆိုနေပါတယ်။ ရှုပ်ရှုပ်ထွေးထွေး လူအုပ်ကို သဘောမကျလှဘူးဆိုရင်တော့ Weekends ညနေဘက်ကို ရှောင်တာ ပိုကောင်းပါလိမ့်မယ်။ ဒီလိုဆိုပေမယ့်လည်း အေးအေးချမ်းချမ်းနဲ့ နားခိုနိုင်တဲ့နေရာတစ်ခုဖြစ်တော့ အချိန်တော်တော်များများမှာ လူကတော့ စဲလှတယ် မရှိသေးပါဘူး။ တစ်နေရာတည်းမှာပဲ အစားအသောက်ရော၊ ဈေးဝယ်ချင်စရာ ဖက်ရှင်ဆိုင်တွေရော၊ နောက်ကိုယ်ကြိုက်နှစ်သက်ရာ ရုပ်ရှင်ကိုလည်း ရွေးချယ်ကြည့်ရှုနိုင်သေးတယ်ဆိုတော့ လူကြိုက်များတဲ့ ဈေးဝယ်စင်တာတစ်ခုဖြစ်လာတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ အဲဒီမှာ ဖက်ရှင်ဆိုင်ပေါင်း ၂၄၀ ရှိပြီး နာမည်ကြီးဘရန်းတွေဖြစ်တဲ့ Coach, Hugo Boss, Versace, DAKS, Etienne Aigner, Love Moschino, PANDORA, BreadTalk, Crystal Jade Kitchen တို့လို ဆိုင်ကြီးတွေ ပါသလို Shwe Kaung Hotpot, YKKO, Fuji တို့လို ဗိုက်ကားအောင်စားလို့ရမယ့် စားသောက်ဆိုင်တွေ၊ KFC, Lotteria နဲ့ Pizza Hut တို့လို Fast Food ဆိုင်တွေ၊ Gloria Jeans, Black Canyon နဲ့ Seasons တို့လို ကော်ဖီဆိုင်တွေ နဲ့ တကယ့် ပျော်စရာပါ။ ကိုရီးယားက နည်းပညာနဲ့ ပြင်ဆင်ထားတဲ့ စကရင်အကြီးကြီးတွေနဲ့ ရုပ်ရှင်ရုံကလည်း ငါးရုံတောင် ဆိုတော့ ကြိုက်တဲ့ကား ၀င်ကြည့်ရုံပဲ။ သင့်ရဲ့တစ်နေ့တာလုံး အဲဒီမှာ ဇိမ်ရှိရှိ အချိန်ဖြုန်းပစ်လိုက်လို့ ရပြီပေါ့။


3>> သောကြာနေ့တိုင်းမှာ ပါဝင်ဆင်နွှဲနိုင်တဲ့ SEAFOOD NIGHT

18221909 783865505106763 2529686158323918769 n

ဒီ နှစ်ပတ်တာ ကာလအတွင်းမှာ သွားဖို့ နောက်ထပ် နေရာ လေးတစ်ခု ညွှန်းပေးချင်ပါတယ်။ အဲဒါကတော့ Novotel Yangon Max ရဲ့ ငါးလွှာက the Square ရဲ့ Seafood Night  ကိုပဲ ဖြစ်ပါ တယ်။ Seafood ကြိုက်တဲ့သူတွေရော Seafood ရဲ့ အရသာအမျိုးမျိုး ကို တစ်နေရာတည်းမှာ ပေါင်းပြီး ခံစားချင်တဲ့သူတွေအတွက် အကြိုက် တွေ့စေမယ့် ထူးခြားတဲ့ညလေးပါ။ ငါးဖမ်းပိုက်နဲ့ တန်ဆာ ဆင်ထားတဲ့ အဝင်ဝက ဖြတ်တယ်ဆိုရင်ပဲ သီးခြားနေရာတစ်ခုကို ရောက်သွားရပြီပေါ့။ ဘယ်ဘက်ကို မျက်လုံးဝင့်ကြည့်လိုက်ရင် ရေခဲစိမ်ထားတဲ့ ခရု၊ ပုစွန်၊ ဂဏန်းကြီးတွေက Seafood Night ကိုလာရောက်ခံစားတဲ့သူတွေကို ဝင့်ဝင့်ထည်ထည် ကြိုဆိုဖိတ်ခေါ် နေကြပါတယ်။  

အဲဒီ ရေခဲစိမ် Seafood တွေကတော့ အဲဒီညအတွက် အခရာပဲလေ။ သူ့ကို အတူတွဲစားနိုင်တဲ့ အချဉ်ရည် အမျိုးမျိုးလည်း စီစဉ်ပေးထားပါတယ်။ အဲဒီရှေ့မှာ ဆာရှိမိလို့ ခေါ်တဲ့ အသားစိမ်းတွေကို စားမလား၊ ဒါမှမဟုတ် လှလှပပ တန်ဆာဆင်ထားတဲ့ ဆူရှီကိုပဲ စားမလား။ လှည်းလေးနဲ့ ရွေးချယ်စရာတွေရှိပါတယ်။ ဘယ်ဘယ်ကိုဆက်သွားကြည့်ရင်တော့ အရွက်သုတ်တွေကို Seafood တွေကို ပုံစံမျိုးစုံ ဆင်ယင်ဆွဲဆောင်ထားတာ တွေ့ရမှာပါ။ ဒါတင်မကသေးဘူး။  
မျက်နှာစာရဲ့ တည့်တည့် ရေခဲစိမ် Seafood အတန်းကို ကျော်လိုက် ရင်တော့ ပုံမှန်ဘူဖေးစားသူတွေ အကြိုက် ခေါက်ဆွဲကြော်၊ ထမင်း ကြော်၊ ငါးဟင်း စသဖြင့် စုံစုံလင်လင် ပြင်ဆင်ထားပါသေးတယ်။         á€€á€² အဲဒါတွေဖြတ်ပြီးရင်တော့Seafood ကဏ္ဍနဲ့ ပြန်ပိတ်ထား တာလေးက စားသောက်ဖွယ် စီစဉ်တဲ့ စားဖိုမှူးတွေနဲ့ ဒီ Seafood Night ကို စီစဉ်သူတွေကို မချီးကျူးဘဲ မနေနိုင်စရာပဲ။  ဒီအပိတ်လေးမှာ တော့ Seafood တွေကိုပဲ ကိုယ်လိုချင်သလို ရွေးချယ်ပြီး ကင်ခိုင်းလို့ ဟင်းလျာပြင်ဆင်ခိုင်းလို့ ရတာပါပဲ။ ဂဏန်းပျော့ဟင်း၊ ပုဇွန်ထုပ်ကင် တွေကိုတော့ လူကြိုက်အများဆုံးလို့ ပြောတယ်။ အပိတ်ဆိုလို့ အချိုပွဲတွေ မပါဘူး မထင်နဲ့ဦး။ အချိုပွဲတွေကတော့ မပါမဖြစ်ပေါ့ နော့။  ဘီယာ၊  ဝိုင်နဲ့ ကော့တေးလ်လို အဖျော်ယမကာတွေကလည်း Free Flow ပါပဲနော့။
ပထမဆုံးလာတဲ့ ဧည့်သည် ၃၀ ကိုလည်း ၂၀ ရာခိုင်နှုန်းလျှော့ ပေးဦးမှာမို့  တစ်ယောက်ကို ၃၄ USD++ တန်ဖိုးက တကယ်ကို တန်တယ် ပြောရမှာပါ။  တစ်ခုပဲ အကြံပေးချင်တာက Seafood Night ကို လာတဲ့အခါ ဗိုက်ဟောင်းလောင်းလေးနဲ့ လာပြီး တစ်ခုချင်း ဖြည်း ဖြည်း မြည်းသွားဖို့ပါ။ မဟုတ်ဘဲ တစ်နေရာတည်းမှာ ကြိုက်တယ် ကြိုက်တယ်ဆိုပြီး စားလိုက်မိလို့ အမယ်မစုံဘဲ ဗိုက်ဝသွားရင် မတန်လှဘူး မှတ်လား။ Seafood Night ကို ဒီတစ်ပတ် စားပြီးသွားပြီဆိုပြီး နောက်တစ်ပတ်တော့ မစားချင်တော့ဘူး ဒါတွေပဲလို့ မထင်လိုက်ပါနဲ့ဦး။ စားဖိုမှူးတွေကလက်ရာအမျိုးမျိုး၊ ပုံစံအမျိုးမျိုး တစ်ပတ်နဲ့ တစ်ပတ် မတူအောင် လက်စွမ်းပြထားတာရယ်၊ ခံစားရတဲ့ ပတ်ဝန်း ကျင် မတူအောင် အပြင်အဆင် ပြောင်းလဲတာရယ်ကြောင့် မတူတဲ့ အရသာ၊ ခံစားမှုတွေနဲ့ အသစ်အသစ်တွေ မြင်ရစားရဦးမှာမို့ ကိုယ့်ရဲ့ သောကြာညတွေမှာ ရွေးချယ်သင့်တဲ့ Seafood Night ပါလို့..။

4>>ရုပ်ရှင်ကား

18403423 159023357963786 5128598180676596072 n
ဒါကတော့ အခု နာမည်ကြီးနေတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်ကားလေးပါ။ ချိုမြိန်သော လက်စားချေခြင်းပါ။ ၀တု လွန်းထားထား၊ ဇာတ်ညွှန်း မိုးနီးလွင်၊ ဒါရိုက်တာ မီးပွားရဲ့ လက်ရာကို စိုင်းစိုင်းခမ်းလှိုင်၊ ရွှေမှုန်ရတီနဲ့ ခင်ဝင့်ဝါတို့ ပေါင်းပြီး သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ငယ်သူငယ်ချင်းတွေရဲ့ ကြားက အချစ်ကနေ တစ်ယောက်က ကျော်လွှားချင်ပေမယ့် တစ်ယောက်က အခြားတစ်ယောက်ဆီ ရောက်သွားတဲ့အခါ သူတို့ သုံးယောက်ကြား ဘာတွေ ဘယ်လို လက်စားချေကြတဲ့အထိ ဖြစ်သွားခဲ့လဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီဇာတ်ကားကို ရန်ကုန် ရှေ့ဆောင်၊ Mingalar Cineplex  (ဂမုန်းပွင့် -လှည်းတန်း-စံရိပ်ငြိမ်) ၊  မင်္ဂလာစံပြ ၊ Junction Square၊ Starium Theater (Junction City) နဲ့ J.Mawtin တို့မှာ ကြည့်လို့ ရမှာပါနော်။ အားလုံး ပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေရှင့်။

Read More Articles Here


Read times Last modified on Friday, 26 May 2017 10:49
Rate :
(0 votes)

1714 comments

  • Wilmer Lynady
    Comment Link

    You could definitely see your skills in the work you write. The world hopes for even more passionate writers such as you who are not afraid to say how they believe. All the time go after your heart.|

    Thursday, 27 February 2020 02:11 posted by Wilmer Lynady
    Report
  • mobile legends cheat
    Comment Link

    Excellent post however I was wondering if you could write a litte more on this topic?

    I'd be very grateful if you could elaborate a little bit further.
    Bless you!

    Sunday, 23 February 2020 16:16 posted by mobile legends cheat
    Report
  • Yesbet88 Casino
    Comment Link

    Love watching sunset every night 1

    Saturday, 22 February 2020 21:55 posted by Yesbet88 Casino
    Report
  • Raylene Weisend
    Comment Link

    Hey webmaster, I see your site it just an awesome and really beautiful interface, we have an uploading site for your sites to upload links. Please allow us to work with you; we have an extra earning plan for you [ https://bit.ly/2UaAf3G ] just register account here. And earn money into 10000 downloads upto 100 USD when you uploads link for in your site. Just use for uploading site. See more options to visit.

    Sunday, 02 February 2020 07:23 posted by Raylene Weisend
    Report
  • Austin Tseng
    Comment Link

    I pay a quick visit day-to-day a few sites and information sites to read content, except this blog presents quality based articles.|

    Friday, 17 January 2020 10:51 posted by Austin Tseng
    Report
  • Clair Georgia
    Comment Link

    Everyone loves what you guys are up too. This kind of clever work and coverage! Keep up the great works guys I've included you guys to our blogroll.|

    Friday, 17 January 2020 10:50 posted by Clair Georgia
    Report
  • Lesley Genin
    Comment Link

    Hello there, You have done an excellent job. I will certainly digg it and for my part recommend to my friends. I'm sure they will be benefited from this website.|

    Friday, 17 January 2020 10:50 posted by Lesley Genin
    Report
  • Pasquale Carvett
    Comment Link

    Currently it sounds like BlogEngine is the best blogging platform out there right now. (from what I've read) Is that what you are using on your blog?|

    Tuesday, 14 January 2020 08:08 posted by Pasquale Carvett
    Report
  • Delphine Coatie
    Comment Link

    After I originally left a comment I seem to have clicked the -Notify me when new comments are added- checkbox and from now on each time a comment is added I recieve 4 emails with the same comment. There has to be an easy method you are able to remove me from that service? Many thanks!|

    Tuesday, 14 January 2020 02:02 posted by Delphine Coatie
    Report
  • Adelina Blower
    Comment Link

    Can I simply say what a comfort to uncover somebody that genuinely understands what they're talking about online. You certainly know how to bring a problem to light and make it important. More people should check this out and understand this side of your story. I was surprised that you aren't more popular because you definitely have the gift.|

    Tuesday, 14 January 2020 02:02 posted by Adelina Blower
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.