Thursday, 03 November 2016 15:12
Car
ကားနှင့် ပတ်သက်သည့် အာမခံ
-------------------------------------
ကားအာမခံကိစ္စသည် အခြားယာဉ်များထက်ပိုပြီး ပျက်စီးမှုများကို အကာအကွယ်ပေးနိုင်စွမ်း ရှိပါသည်။ အကယ်၍သင့်ပယောဂကြောင့် ယာဉ် တိုက်မှုဖြစ်ပွားခဲ့လျှင် ဥပဒေကြောင်းအရ ပြုမူဆောင်ရွက်မှုများအတွက် ကုန်ကျရမှုများနှင့် ခရီးသည်များ၏ ထိခိုက်ဒဏ်ရာရမှုအတွက် ကုန်ကျရမှုများရရှိမှာ ဖြစ်သည်။
? ကားအာမခံ ပုံစံနှစ်မျိုး
? ခန္ဓာကိုယ် ထိခိုက်မှုအာမခံ
အကယ်၍ ကားတိုက်မှုတစ်ခုမှာ သင့်အပြစ်ကြောင့် လူအများထိခိုက် ဒဏ်ရာ ရမည်ဆိုလျှင် တာဝန်ရှိစွာ အကူအညီပေးခြင်းဖြင့် သင့်ငွေကြေး ကုန်ကျမှုများကို သက်သာစေမည် ဖြစ်ပါသည်။
- အခင်းဖြစ်ပွားရာ နေရာတွင် အရေးပေါ်ကူညီမှု
- ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရမှုအတွက် ဆေးဝါးအသုံးစရိတ်
- နေထိုင်မကောင်းဖြစ်မှုနှင့် ရောဂါတို့အတွက် လျော်ကြေး
- နာရေးစရိတ်
- သင့်အာမခံစာရင်းတွင် ပါဝင်သူ အားလုံး၏ နစ်နာကြေးနှင့်
တရားဥပဒေအရ ကာကွယ်ခွင့်စရိတ်
? ပိုင်ဆိုင်မှု ပစ္စည်းပျက်စီးမှု အာမခံ
အကယ်၍ ယာဉ်တိုက်မှုတွင် သင့်အပြစ်ကြောင့် ပစ္စည်းဥစ္စာပျက် စီးလျှင် ယင်းပစ္စည်း အားလုံး ပျက်စီးမှုကို ပေးလျော်ရမည်ဖြစ်သည်။
- အိုးအိမ်ပျက်စီး ဆုံးရှုံးမှု/ တိုက်မိမှု
- အခြားပစ္စည်းဖြင့် အစားထိုး ပြုပြင်ပေးမှု
- ကားပြင်ဆင်စရိတ် (သို့) ကားပစ္စည်းအစားထိုး ကုန်ကျစရိတ်များ
သတိပြု သိထားသင့်သည်မှာ ထိခိုက်ဒဏ်ရာရသူများနှင့် ပတ်သက် သည့် ကားအာမခံကိစ္စအား သင်ကိုယ်တိုင်ထိခိုက် ဒဏ်ရာရမှုများနှင့် ပူးတွဲ လျှောက်ထားခြင်း မပြုရ။
ကားအာမခံကိစ္စအတွက် တာဝန်ရှိမှု ကန့်သတ်ချက်များ
လူ့ကိုယ်ခန္ဓာ ထိခိုက်ဒဏ်ရာရမှုယာဉ်ထိခိုက်ပျက်စီးရမှု တစ်စုံတစ်ယောက် ၏ ပိုင်ဆိုင်မှုပစ္စည်းထိခိုက်မှု
? ကားအာမခံကိစ္စအတွက် ပေးဆပ်ရန် တာဝန်သည် မည်သည့်အရာများ အတွက် အကျုံးမဝင်သနည်း။
- အငှားစီးခရီးသည်အတွက် အကျုံးမဝင်
- လုံးဝပျက်စီးမှုအတွက် အကျုံးမဝင်
- သင့်ခန္ဓာကိုယ်ထိခိုက်မှုအတွက် အကျုံးမဝင်
- သင့်ကိုယ်ပိုင်ကားထိခိုက်မှုအတွက် အကျုံးမဝင်
? အဆင့် (၆) ဆင့် ကား၊ ကုန်တင်ကား ( သို့ ) အက်စ်ယူဗီ ချေးငွေ
ကားသစ်တစ်စီး ဝယ်ရန်အတွက် သင့်တွင် အထူးသဖြင့် အဓိကငွေချေး မည့်သူ မရှိခဲ့လျှင် သင်၏ ဘဏ္ဍာရေးအသုံးစရိတ် မပွန်းပဲ့ဘဲ လုပ်နိုင်ရန် အောက်ပါ အချက်များကို လိုက်နာဆောင်ရွက်သင့်သည်။
? မိမိငွေကြေးသုံးစွဲနိုင်မှု ပမာဏကို သိပါ
မိမိ ဝင်ငွေ/ ထွက်ငွေ ပမာဏကို တွက်ချက်ထားပါ။ သို့မှသာလျှင် လစဉ် မိမိငွေကြေး မည်မျှသုံးနိုင်သည်ကို သိမည်ဖြစ်သည်။ ၄င်းအပြင် ကားဝယ်သည့်အတွက် လစဉ် မည်မျှအရစ်ကျ ပေးနိုင်မည်ဆိုသည်ကိုလည်း တွက်ချက်သင့်သည်။
? ရေရှည်ဘဏ္ဍာရေးပေးစွမ်းနိုင်မှု ရှိ/မရှိ
လစဉ် သင့်ဘဏ်ကတ်တွင်းသို့ ငွေကြေးစီးဝင်မှု ရှိ/မရှိကို ကားဝယ် ရန် ပိုက်ဆံမချေးခင် အရင်စစ်ဆေးသင့်သည်။
? ကားဈေးခင်းထဲသွားခြင်း
ကားဝယ်ရန် ကားဈေးခင်းထဲ သွားရောက်မကြည့်ခင် ဘဏ်ထဲရှိမိမိ ငွေစာရင်းများကို စစ်ဆေးပါ။
? ဦးစွာဈေးစနည်းနာပါ
ကားမဝယ်ခင် သက်သာသော ဈေးနှုန်းဖြင့် ရရှိနိုင်မည့် အခွင့်အလမ်း များကို စုံစမ်းပါ။ သို့မှသာ ဝယ်နိုင်အား ပိုရှိမည်ဖြစ်သည်။
? ပူးတွဲလက်မှတ်ထိုးမည့်သူရှာဖွေပါ
အကယ်၍ မိမိမှာ ကားဝယ်ဖို့ ငွေနည်းနေမယ်ဆိုရင် ငွေကြေးတောင့် တင်းပြီး အတိုးနည်းနည်းနှင့် ချေးနိုင်မည့်သူကို ရှာပါ။
? သင်၏နောက်ဆုံး ဆုံးဖြတ်ချက်
နောက်ဆုံး ဆုံးဖြတ်ချက်အရ မိမိနားမလည်ဘဲနှင့် ငွေကြေးချေးငှားမှု ကိစ္စ အဝ၀ကို မည်သည့်အခါမျှ သဘောမတူပါနှင့်။
? ကားအာမခံ ဘယ်လောက်ဆိုရင် လုံလောက်ပြီလဲ
ကားထိခိုက်မှုအာမခံ
သင့်ကိုယ်ပိုင်ကားကို ထိခိုက်မှုအာမခံ ထားခဲ့မည်ဆိုလျှင် ယာဉ်တိုက် မှုဖြစ်ပွားပါက သင့်ကား ပျက်စီးမှုအတွက် လျော်ကြေးရမည်ဖြစ်သည်။
? ပစ္စည်းဥစ္စာပျက်စီးမှု
ကားတိုက်မှုတွင် ကိုယ်ပိုင်ပစ္စည်းဥစ္စာများ ပျက်စီးမှုအတွက် လျော် ကြေး ရရှိမည်ဖြစ်သည်။ ၄င်းလျော်ကြေးပမာဏသည် အခြားသူ၏ကား ပြင်ဆင်ရန် အတွက်လည်း အကျုံးဝင်သည်။
? တစ်ကိုယ်ရည် ထိခိုက်ဒဏ်ရာရမှု ကာကွယ်ရေး
မိမိ (သို့မဟုတ်) ကားတိုက်မှု ဖြစ်စဉ်တွင် ပါဝင်သော အခြားသူ တစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့လျှင် ကုန်ကျစရိတ်၊ ဆေးကုသစရိတ်၊ လုပ် ငန်းခွင်ဝင်ငွေ ဆုံးရှုံးနစ်နာမှုနှင့် ကလေးဂရုစိုက်မှု ကုန်ကျငွေတို့ ရရှိမည် ဖြစ်သည်။အကယ်၍ သင့်တွင် ကျန်းမာရေးအာမခံ သို့မဟုတ် မသန်မစွမ်း အာမခံထားရှိမှု ရှိလျှင် သင့်တစ်ကိုယ်ရေ ထိခိုက်မှုအတွက် အာမခံထားရန် မလိုအပ်ပေ။
? ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရမှုအတွက် လျော်ကြေးရရှိခြင်း
ယာဉ်တိုက်မှု ဖြစ်ရပ်တစ်ခုတွင် လူတစ်ဦးလျှင် ခန္ဓာကိုယ် ထိခိုက် ဒဏ်ရာရမှုအတွက် လည်းကောင်း၊ အားလုံး (အရပ်ရပ်) ထိခိုက်မှုအတွက် လည်းကောင်း ရရှိမည်ဖြစ်သည်။
? မော်တော်ဆိုင်ကယ်အာမခံ
မော်တော်ဆိုင်ကယ်စီးသူများသည်လည်း အာမခံထားရှိဖို့ လိုအပ် သည်။ အနည်းဆုံး ခန္ဓာကိုယ် ထိခိုက်မှုအာမခံအတွက်လည်း အာမခံ လိုအပ်သည်။ သို့သော် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှုအတွက် ဥပဒေ ကြောင်းအရ ပြဋ္ဌာန်းထားသည့် အနည်းဆုံး အာမခံပေါ်လစီများလည်း ထား ရှိရမည် ဖြစ်သည်။
Read More Articles -

Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.