ရန်ကုန်မှာ လာရိုက်သွားတဲ့ Line Walker 2 ရုံတင် ပြသနေပြီဖြစ်

ရန်ကုန်မှာ လာရိုက်သွားတဲ့ Line Walker 2 ရုံတင် ပြသနေပြီဖြစ်

From August 09, 2019 07:48 until August 14, 2019 23:00

At Mega Ace Cineplex (Mya Yadanar), Mega Ace Cineplex (Mandalay), Mega Ace Cineplex (Kan Thar Yar), JCGV (Junction City), Mingalar Cinema

Posted by Khine Khine Wai

Categories: Films & Entertainment

Tags: Films in Yangon , Cinemas , Films & Entertainment , Films , JCGV , Mega Ace , Minglar Cinema , Line Walker 2

Hits: 1689


မြန်မာနိုင်ငံတွင် လာရောက်ရိုက်ကူးခဲ့သည့် Line Walker 2 ဇာတ်ကားကို ရန်ကုန် အပါအဝင် မြို့ကြီးအများအပြားရှိ ရုပ်ရှင်ရုံများ၌ ဩဂုတ် ၈ ရက်မှ စတင်ကာတစ်ပြိုင်တည်း ရုံတင်ပြသနေပြီ ဖြစ်သည်။

Line Walker 2 ဇာတ်ကားကို တရုတ်နိုင်ငံတွင် သြဂုတ် ၇ ရက်မှစတင်ကာ ပြသထားပြီး မြန်မာနိုင်ငံအပါအဝင် စင်ကာပူနှင့် ဟောင်ကောင်နိုင်ငံတို့တွင် သြဂုတ် ၈ ရက်မှ စတင်ကာ ပြသထားပြီ ဖြစ်ကြောင်း သိရသည်။

ယင်းဇာတ်ကားကို မြန်မာနိုင်ငံတွင် လာရောက်ရိုက်ကူးထားပြီး မြန်မာ့အနုပညာရှင်အချို့လည်း ပါဝင်ထားသည့် ဇာတ်ကားဖြစ်သည်။

>>> သြဂုတ် ၈ မှ ၁၄ ရက်ထိ ရုံတင်မည့် ဇာတ်ကားကောင်းများ

ဟောင်ကောင်မြို့လည်ခေါင်တွင် ဖြစ်ပွားခဲ့သည့် ကြောက်မက်ဖွယ်ရာ ယာဉ်တိုက်မှုသည် ပြည်တွင်းရဲတပ်ဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေး အဖွဲ့အစည်းကြားမှ မပြေလည်မှုများကို ပိုမိုတိုးပွားလာစေခဲ့သည်။

ယင်းယာဉ်တိုက်မှုတွင် မသင်္ကာဖွယ်ရာ အမျိုးသမီး Yiu ကို ရာဇဝတ်မှု ထောက်လှမ်းရေးဗျူရိုမှ ရဲမှူး Yip နှင့် စုံထောက် Ching တို့က ဖမ်းဆီးခဲ့သည်။ ထိုအမှုကို ဦးဆောင်ကိုင်တွယ်နေသည့် ရဲမှူး Yip နှင့် စုံထောက် Ching တို့ကို Security Wing မှ ရဲမှူး Cheng ကနှစ်ဘက်ချွန် သူလျှိုများဟု သံသယရှိနေခဲ့သည်။

သို့သော် အမှု၏နောက်ဆက်တွဲ မသင်္ကာဖွယ်ရာများသည် စပိန်နှင့် မြန်မာနိုင်ငံများအထိပါ ဆက်စပ်လာချိန်တွင် ရဲမှူး Cheng နှင့် စုံထောက် Ching တို့နှစ်ဦးသည် အမှုကို အတူကိုင်တွယ်ရသလို ရဲမှူး Yip ကိုလည်း အထက်မှ သင်္ကာမကင်းဖြစ်နေခဲ့သည်။

သူတို့၏ အမှုစုံစမ်းနေချိန်များတွင် တစ်ဖက်၌လည်း သူလျှိုစုံစမ်းမှုများ ဆောင်ရွက်လာရာမှ ဖြစ်ပေါ်လာသည်များကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားခြင်းဖြစ်သည်။

Line Walker 2 ဇာတ်ကားကို ဒါရိုက်တာ Jazz Boon ရိုက်ကူးပြီး Louis Koo, Nick Cheungm, Francis Ng တို့ အဓိက ပါဝင်သရုပ်ဆောင်ထားသည်။

ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ
(၁) နေပြည်တော်
(၂) ရှေ့ဆောင်
(၃) မင်္ဂလာဒဂုံစင်တာ (၂)
(၄) Top Royal (ပါရမီ - စိန်ဂေဟာ)
(၅) မင်္ဂလာစံပြ
(၆) မင်္ဂလာဂမုန်းပွင့် (လှည်းတန်း - စံရိပ်ငြိမ်)
(၇) မင်္ဂလာစိန်ဂေဟာ (လှိုင်သာယာ)
(၈) မင်္ဂလာမြောက်ဥက္ကလာပ
(၉) မင်္ဂလာတာမွေ (ဘုရင့်နောင်)
(၁၀) မင်္ဂလာတောင်ဒဂုံ
(၁၁) Mingalar Cinemas Gold Class
(၁၂) Mega Ace ( Capital- ဒေါပုံ )
(၁၃) JCGV (Junction City) တို့တွင် တစ်ပြိုင်နက် ပြသနေပြီ ဖြစ်သည်။

ရုပ်ရှင်ရုံများ၏ လိပ်စာနှင့် ဖုန်းနံပါတ်များကိုလည်း အောက်ပါလင့်ခ်ထဲတွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ 

http://bit.ly/2Qwt95Q