စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမည့် ကိုရီးယား သည်းထိတ်ရင်ဖို ဇာတ်ကားသစ် The Divine Fury

စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမည့် ကိုရီးယား သည်းထိတ်ရင်ဖို ဇာတ်ကားသစ် The Divine Fury

From August 02, 2019 07:22 until August 07, 2019 23:00

At နေပြည်တော်,မင်္ဂလာဒဂုံစင်တာ (၂),မင်္ဂလာစံပြ,မင်္ဂလာဂမုန်းပွင့် (လှည်းတန်း - စံရိပ်ငြိမ်),မင်္ဂလာစိန်ဂေဟာ (လှိုင်သာယာ),မင်္ဂလာမြောက်ဥက္ကလာပ,မင်္ဂလာတာမွေ (ဘုရင့်နောင်),Mingalar Cinemas Gold Class

Posted by Khine Khine Wai

Categories: Films & Entertainment

Tags: Films in Yangon , Cinemas , Films & Entertainment , Films , Mingalar Cinema , The Divine Fury

Hits: 327


ကိုရီးယားသည်းထိတ်ရင်ဖို ဇာတ်ကားသစ်ဖြစ်သည့် The Divine Fury ဇာတ်ကားကို ရန်ကုန်၊ အပါအဝင် မြို့ကြီးအချို့ရှိ ရုပ်ရှင်ရုံများ၌ သြဂုတ် ၁ ရက်မှစတင်ကာ တစ်ပြိုင်တည်း ရုံတင်ပြသနေပြီ ဖြစ်ပါသည်။

The Divine Fury ဇာတ်ကားကို တောင်ကိုရီးယားနိုင်ငံတွင် ဇူလိုင် ၃၁ ရက် မှစတင်ကာ ရုံတင်ပြသထားခြင်းဖြစ်ပြီး ယင်းဇာတ်ကားကို အင်ဒိုနီးရှားတွင် သြဂုတ် ၁၄ ရက်၊ မလေးရှားနှင့် စင်ကာပူတွင် သြဂုတ် ၁၅ ရက်နှင့် အမေရိကန်၊ ထိုင်ဝမ်နှင့် ကနေဒါတွင် သြဂုတ် ၁၆ ရက်၊ ထိုင်းနှင့် ဟောင်ကောင်တို့တွင် သြဂုတ် ၂၂ ရက်တို့၌ ပြသရန် စီစဉ်ထားသည်ဟု သိရသည်။

>>> သြဂုတ်လ ၁ရက်နေ့မှ စ၍ ရုပ်ရှင်ရုံများတွင် ကြည့်ရှုရမည့် ရုံတင်ဇာတ်ကားများ

Yong - Hoo ကလေးဘဝတွင် ဖခင်ဖြစ်သူမှာ ထိတ်လန့်ဖွယ်ကောင်းသည့် ယာဉ်မတော်တဆမှုနှင့် သေဆုံးခဲ့ရသည်။ ထိုစဉ်တည်းက Yong -Hoo က လူများအပေါ်အယုံကြည်ကင်းမဲ့ကာ နာကျည်းခဲ့သလို ကိုးကွယ်ရာ ဘာသာတရားကိုလည်း စွန့်လွှတ်ခဲ့သည်။

မိမိသည်သာ ယုံကြည်အားကိုးရာဟူသည့် ခံယူချက်ဖြင့် ကြီးပြင်းလာသည့် Yong – Hoo သည် ကိုယ်ခံပညာတွင် ချန်ပီယံတစ်ဦးအဖြစ် ချမ်းသာကြွယ်ဝလာခဲ့သည်။ တစ်ခုသောနံနက် အိပ်ရာနိုးထချိန်တွင် Yong – Hoo ၏ လက်ဖဝါးတွင် သူမည်သို့မျှ စဉ်းစားမရသည့် ဒဏ်ရာတစ်ခုပေါ်လာခဲ့သည်။

ထိုဒဏ်ရာ၏ ထူးဆန်းမှုများကို ဖြေရှင်းနိုင်ရန်အတွက် အထက်လမ်းဆရာတစ်ဦးဖြစ်သလို ဘုန်းတော်ကြီးတစ်ပါးလည်း ဖြစ်သည့် Ahn ထံသို့ သွားရောက် တွေ့ဆုံခဲ့သည်။ ဘုန်းတော်ကြီး Ahn ထံ သူ၏ ထူးဆန်းသောဒဏ်ရာ ပျောက်ကင်းရန် ကြိုးစားမှုတွင် အမှောင်လောက၏ အင်အားကြီး မိစ္ဆာများ ပါဝင်လာခဲ့ပြီး နောက်ဖြစ်ပေါ်လာသည်များကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။

The Divine Fury ဇာတ်ကားကို ဒါရိုက်တာ Jasin Kim ရိုက်ကူးပြီး Seo – Joon Park၊ Sung – Ki Ahn၊ Do –Hwan Woo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားသည်။

ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ

(၁) နေပြည်တော်
(၂) မင်္ဂလာစံပြ
(၃) မင်္ဂလာဂမုန်းပွင့် (လှည်းတန်း - စံရိပ်ငြိမ်)
(၄) မင်္ဂလာစိန်ဂေဟာ (လှိုင်သာယာ)
(၅) မင်္ဂလာမြောက်ဥက္ကလာပ
(၆) မင်္ဂလာတာမွေ (ဘုရင့်နောင်)
(၇) Mingalar Cinemas Gold Class တို့တွင် ရုံတင် ပြသနေပြီ ဖြစ်သည်။

ရုပ်ရှင်ရုံများ၏ လိပ်စာနှင့် ဖုန်းနံပါတ်များကိုလည်း အောက်ပါလင့်ခ်တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

http://bit.ly/2Qwt95Q 

Eleven