Published in About Yangon

တာဝန်ရှိသူများက ဓာတ်အားခွဲရုံ ကမ္ဗည်းကျောက်စာ မော်ကွန်းအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ခဲ့ကြစဉ်။ ဓာတ်ပုံ - ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့   ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ GIS ဓာတ်အားခွဲရုံ (66/11-6.6 kv, 30 MVA GIS) ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၂၀ရက်နေ့ နံနက်(၇)နာရီခွဲတွင် ယောဂီကျောင်းလမ်းနှင့် ပြည်လမ်းထောင့်ရှိ လှိုင်တက္ကသိုလ်ဝင်း၌ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Published in Yangon Trends

  ခေတ်သစ်ပိုးလမ်းမစီမံကိန်းရဲ့ ဒုတိယအကြိမ်မြောက်ဖိုရမ်ကို တက်ရောက်ဖို့ တရုတ်နိုင်ငံ၊ ပေကျင်းကို မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပြင် ချက်နိုင်ငံသမ္မတ၊ ချီလီသမ္မတ၊ မလေးရှားဝန်ကြီးချုပ်အစရှိတဲ့ နိုင်ငံအသီးသီးက ထိပ်တန်းခေါင်းဆောင်တွေ ရောက်ရှိနေတာဖြစ်ပါတယ်။

Published in Yangon Trends

ရန်ကုန်မြို့ ဒုတိယမြို့တော်ဝန်ရွေးချယ်မှုကို သင်္ကြန်မတိုင်မီ ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်း ကပြောထားပါတယ်။

Published in Yangon Trends

    ၂၀၁၉ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကာလအတွင်း YBS ယာဉ်လိုင်းများ ၊ အဝေးပြေးယာဉ်လိုင်းများ ၊ ရန်ကုန်မြို့ပတ်ရထား နှင့် အထူးရထားပြေးဆွဲမည့်အစီအစဉ်များအား ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော် ပို့ဆောင်ရေးလုပ်ငန်းကော်မတီမှ ယနေ့တွင် အသိပေးကြေညာခဲ့ပါတယ်။

Published in Yangon Trends

သင်္ကြန်ကာလအတွင်း ရေပတ်ခံထွက်ရန် ရေပတ်ခံကားဖြင့် Mingalar Bus မှ ၀န်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း ဧပြီ ၈ ရက်က သတင်းရရှိထားပါတယ်။

Published in Yangon Trends

YBS-7 (ရိုးမရိပ်သာ - မဟာဗန္ဓုလပန်းခြံ) လမ်းကြောင်းကို 7.4.2019(တနင်္ဂနွေနေ့) တွင် Yangon Urban Public Transportation Public Co.,Ltd မှ Foton AUV BJ6123(12m) ကားများဖြင့် ပြေးဆွဲပေးနေပါသည်။

Published in Yangon Trends

  ဒစ်ဂျစ်တယ်မီတာများအား လက်ကိုင်စမတ်ဖုန်းများမှတစ်ဆင့် ထိန်းချုပ်နိုင်မည့် Advanced Metering Infrastructure ( AMI ) စနစ်အား ပန်းဘဲတန်းမြို့နယ်၌ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ စနစ်ကို တီထွင်သည့် Myanmar Machinery Manufacturing ကုမ္ပဏီမှ သိရပါတယ်။

Published in Yangon Trends

  ရန်ကုန်မြို့ အင်းယားကန်ဘောင် လမ်းလျှောက်သင်္ကြန်တွင် အလှဆင်ထားသည့် ပုသိမ်ထိမ်ထီးများ ဖြုတ်ယူသူ နှစ်ဦးအား ကမာရွတ်ရဲစခန်းတွင် ခိုးမှုဖြင့် အမှုဖွင့်ထားကြောင်း အင်းယားကန်ဘောင်ပန်းခြံဦးစီးမှူး ဦးဇော်ဝင်းထွန်း က ပြောပါတယ်။

Published in Yangon Trends

  မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွှတ်ပေးမည့် အကျဉ်းသားစာရင်းထဲတွင် မူးယစ်မှုဖြင့်ထောင်ကျနေသူများ အများစုလွတ်မြောက်မည်ဖြစ်ကြောင်း အကျဉ်းဦးစီး ဌာနထံမှ စုံစမ်းသိရှိရပါတယ်။

Published in Yangon Trends

  ယခုနှစ်သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ လူနာ ၈၀ဝ နီးပါး လာရောက်ကုသခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဧပြီ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Page 1 of 5