Published in Best of Yangon...

မိုးလေးလည်း ကျလာပြီဆိုတော့ သူသူကိုယ်ကိုယ် အေးအေးချမ်းချမ်းဖြစ်လာတာ မှန်ပေမယ့်  တစ်နေ့တာ တစ်ပတ်တာ လုပ်ငန်းခွင်အသီးသီးမှာ ပင်ပန်းနွမ်းနယ်ခဲ့သမျှ  ပြာလွင်နေတဲ့ ရေကန်ထဲ ကိုယ့်ကိုယ်ကို စိမ်ချလိုက်ရင်း  ကိုယ် နှစ်သက်ရာ ကော့တေးလ်၊ ဝီစကီ၊ ဘီယာ၊  ဝိုင် စသဖြင့် အပန်းဖြေယစ်မူးပစ်လိုက်လို့ ရစေဖို့  အခန်းမယူဘဲ ရေကူးကန်အသုံးပြုလို့ ရမယ့် နေရာလေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။ Novotel Yangon Max Pool Novotel Yangon Max Pool ကတော့ ဘားနဲ့ စပ်လျက် တကယ့် ကမ်းခြေတစ်ခုလို လွတ်လပ်ပေါ့ပါးတဲ့ ခံစားမှုနဲ့ လွင့်ပါစီးမြောနိုင်မယ့် ရေကူးကန်ပဲပေါ့။  á€žá€°á€€ လူကြီးတစ်ယောက်ကို USD 15 နဲ့ ကလေးတစ်ယောက်အတွက်…

Published in Restaurants

ကိုယ်အလေးချိန်လျှော့ချတာက ကောင်းကျိုးတော့ များပါတယ်။ ဒါပေမဲ့ အလုံးစုံ ကောင်းတာတော့ မဟုတ်ဘူးနော်။ သူ့မှာလည်း ဒီလိုဆိုးကျိုးလေးတွေ ရှိပါတယ်။ အထူးသဖြင့် စိတ်ခံစားချက်နဲ့ ပတ်သက်ပါသတဲ့။စိတ်လက် မရွှင်ပျခြင်းဝိတ်ချတဲ့အခါ စားချင်တာတွေကို မစားဖြစ်အောင် ထိန်းချုပ်ရတာကြောင့် စိတ်လက်မရွှင်ပျ ဖြစ်တတ်ပါတယ်။ ဒီအချက်ကို ဖြေရှင်းနိုင်မှ သင်လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာပါ။ ဒီလိုဖြစ်လာရင် ဆာလောင်မှုကို ခံစားရတာနဲ့ အဆီမတက်စေတဲ့ ကျန်းမာရေးနဲ့ ညီညွတ်မယ့် အစားအစာတွေကို စားပြီး များများအိပ်ပေးပါ။အသားအရေ လျော့တွဲကျလာတာကိုယ်အလေးချိန် လျော့ကျလာတာနဲ့အမျှ အသားအရေ လျော့တွဲလာတတ်ပါတယ်။ အရမ်းဝရာကနေ ကိုယ်အလေးချိန် ကျသွားတာနဲ့ ပိုနေတဲ့ အရေပြားခေါက်ကြီးတွေကြောင့် မလှမပဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်မလာစေဖို့ ကိုယ်အလေးချိန် ချနေတဲ့အချိန်မှာ ကိုယ်ကာယ ကျစ်လျစ်စေတဲ့ လေ့ကျင့်ခန်းလေးတွေ မှန်မှန်…

Published in Health & Beauty

တချို့ တလေက ကြုံဖူးကြားဖူး လက္ခဏာ အပေါ် မူတည်ပြီး အအေးမိတာပါလို့  တန်းခနဲ ကောက်ချက်ချတတ်ကြပေမဲ့ တချို့ကျတော့လည်း နည်းနည်း ဗဟုသုတ ပိုရင် ဒါဓာတ်မတည့်တာလည်းဖြစ်နိုင် တယ်လို့  တွေးမိကြပါတယ်။ ဓာတ်မတည့် တာရော၊ အအေးမိတာရောမှာ တွေ့ ရတတ်တဲ့ လက္ခဏာတွေက ချောင်းဆိုး၊ နှာချေ၊ နှာရည်ယိုတာတွေကျတော့ တူညီ နေလို့ပါ။ တစ်ခု ယေဘုယျ ပြောနိုင် တာကတော့ နှပ်ချေးက အဝါရောင်တွေ ဖြစ်နေရင် အအေးမိတယ်လို့ဆိုနိုင်ပြီး နှာရည်ကြည်ကြည်တွေသာ ကျနေရင် တော့ အလားဂျစ် လို့ခေါ်တဲ့ ဓာတ်မတည့် တာမျိုးပေါ့။ မျက်စိယား မျက်ရည်ယို  á‚á€˝á€Źá€ąá€á€şáŠ ချောင်းဆိုးနဲ့ အတူ မျက်စိကယားပြီး…

Published in Health & Beauty

Gym ဆော့တဲ့အခါမှာ နည်းစနစ် မှန်ကန် ထိရောက်ဖို့အပြင်  ကစားတဲ့နေရာအခင်းအကျင်းအပြင် ရနိုင်တဲ့ Facility တွေကလည်း အရေးပါပါတယ်။ အတွေ့အကြုံနဲ့ အရည်အချင်းပြည့်ဝတဲ့ Trainerကောင်းကောင်းကို ရွေးချယ်တတ်ဖို့ကလည်း လိုပြန်ရော။ ဒါကြောင့် Gym ကစားမယ့်သူတွေအတွက် Trainer ကောင်းကောင်းနဲ့ သပ်ရပ် ကောင်းမွန်တဲ့ အားကစားခန်းမတွေကို စုစည်းဖော်ပြပေးထားပါတယ်။ Real FitnessReal Fitness မှာတော့ Trainer ၁၅ ယောက်နဲ့ လေ့ကျင့်သင်ကြားပေးနေပြီး Fitness  goal အမျိုးမျိုးအတွက် လာကစားကြပါတယ်တဲ့။ Real Fitness မှာ Zumba အက၊ Less Mill program Body combat (ကိုယ်ခံပညာကို Music  နဲ့ကစားနည်း၊ Body…

Published in Health & Beauty

ကျွန်မတို့ ဘဝရှင်သန်မှုမှာ အရေးပါတဲ့  အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့ ဆိုတဲ့ အာရုံငါးဖြာအတွက် နေ့စဉ်ဂရုစိုက်မှုလိုအပ်ပါတယ်။ အဲဒီ အာရုံ ငါးဖြာထဲကမှ အကြားအာရုံအတွက် အဓိကဇာတ်ဆောင်ဖြစ်တဲ့ နားရွက်လေးတွေ ကျန်းမာစေဖို့နဲ့ လှပရှင်းသန့်စေဖို့ ထိန်းသိမ်းစောင့်ရှောက်မှုလေးတွေကို  ဒီတစ်ပတ် ဝေမျှပေးပါရစေ။ နားရွက်လေးတွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းပါ။ နားရွက်လေးတွေ မရှိရင် အသံတွေကို ကြားသိခံစားနိုင်မှာ မဟုတ်ပါဘူး။ အကြားအာရုံချို့တဲ့နေရင် စကားလည်း မပြောနိုင်ဘူးပေါ့။ ဒါဆိုရင် လူမှုဆက်ဆံရေးမှာ တစ်ခြားသူတွေနဲ့ ဆက်သွယ်ပေါင်းသင်းဖို့ ခက်ခဲလာပြီလေ။ ဒါကြောင့် ပုံမှန်ပြည့်စုံတဲ့ဘဝမှာ လူတိုင်းဟာ ကိုယ့်တာဝန်နဲ့လုပ်ဆောင်ချက်တွေအတွက် အာရုံငါးပါးဟာ ညီညွတ်နေဖို့ လိုကို လိုတာပါ။ ဒီအတွက် အကြားအာရုံကို ဖြည့်ဆည်းပေးမယ့် နားရွက်လေးတွေရဲ့…

Published in Business

ဒီတစ်ပတ်မှာတော့ လူငယ်တွေ GYM ဆော့ကစားတာတွေနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ နည်းလမ်းတွေအကြောင်းနဲ့ ခန္ဓာကိုယ်အချိုးအစားအပေါ် မူတည်ပြီး GYM ကို စနစ်တကျ ကစားသင့်တယ်လို့ Training Ground Myanmar ရဲ့ မန်းနေးဂျင်း ဒါရိုက်တာဖြစ်သူ ဒေါက်တာအောင်ထက်သူက ပြောပြထားပါတယ်။ Training Ground Myanmar အကြောင်းလေးကို အရင်ဆုံးမိတ်ဆက်ပေးပါဦး။ Training Ground Myanmar  ကတော့ Fitness လောကမှာ အသစ်ပေါ့။ သူများတွေ မလုပ်သေးတဲ့ International မှာ Training ဖြစ်နေတဲ့ဟာကို ကျွန်တော်တို့က ဒီမှာ အချိန်နဲ့ တပြေးညီ တိကျတဲ့ နည်းစနစ်တွေနဲ့ မှန်မှန်ကန်ကန် လေ့ကျင့်လို့ရအောင်  ဆောင်ရွက် ပေးနေတာပါ။ ပြီးတော့…

Published in Health & Beauty

ခေတ်သစ်ပျိုမဒီတွေကတော့ အလှအပနဲ့ ပတ်သက်လာရင် အမြဲတမ်းကို နည်းလမ်း ရှာဖွေနေကြပါပြီ။ အရေပြားအလှအပတွေသာမက ကိုယ်ခန္ဓာအလှအပ အစိတ်အပိုင်းတွေကိုလည်း လှပဖို့ အထူးဂရုပြုလာကြတာလည်း တွေ့ရပါတယ်။ တချို့ကတော့ လှချင်ရုံသက်သက်၊ တချို့ကတော့ လှပတာအပြင် ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုမိုလာစေဖို့အတွက် တချို့ကတော့ ကျန်းမာရေးအထောက်အကူဖြစ်စေဖို့အတွက် ခေါင်းစဉ်အမျိုးမျိုးနဲ့ အားကစားကို ပြုလုပ်လာကြပါတယ်။ လက်ရှိရန်ကုန်မှာ ခေတ်စားနေတဲ့ အားကစားနည်းတစ်ခုကတော့ Bahosi Fitness Center ကပြုလုပ်တဲ့ 7 days Workout  Challenge ဆိုပြီး  အပေါင်းအသင်းတွေနဲ့ အုပ်စုလိုက် ကခုန်ပြီး အဆီချတဲ့နည်းလေးပဲဖြစ်ပါတယ်။ ဒီအားကစားနည်းက အာရှနိုင်ငံတွေမှာတော့ ခေတ်စားနေတာကြာပြီဖြစ်ပေမယ့် မြန်မာပြည်မှာတော့ ခေတ်စားလာတာ မကြာသေးပါဘူး။ ဒီအားကစားနည်းကို သယ်ဆောင်လာသူ ထိုင်းထရိန်နာတစ်ဦးဖြစ်တဲ့ Mr.Kero က…

Published in Health & Beauty

ပိန်​သွယ်​ကျစ်​လျစ်​မှ အလှအပလို့ ​မှတ်​ယူ​နေကြတဲ ဒီ​နေ့​ခေတ်​မှာ အဝတ်​အစားဒီဇိုင်းမျိုးစုံ၊ အသစ်​အသစ်​​သောဆံပင်​စတိုင်​လ်​​လေးနဲ့လန်းချင်​ကြ​တော့လည်း အလှအပမြတ်​နိုးသူတိုင်းရဲ့ ရည်​ရွယ်​ချက်​ပန်းတိုင်​က ကိုယ်​အ​လေးချိန်​​လျော့ကျ​ရေးဖြစ်လာပါတယ်။ ဝိတ်ကျသွားတဲ့အခါ ပိုကြည့်​​ကောင်းလာတဲ့ကိုယ့်ရုပ်​သွင်​အ​ပေါ် ယုံကြည်​မှုပိုတိုးလာ​​တော့တာ​ပေါ့။ ဒါ​ပေမဲ့ ကိုယ်​အ​လေးချိန်​​လျှော့ချသူ​တွေ မ​မေ့မ​လျော့ ကြိုတင်​​တွေး​တောထားသင့်​တာက ဝိတ်​ချ ပြီးတဲ့အခါ ပိုလျှံရွဲကျ​နေမယ့်​ အ​ရေပြား(excess skin) ကိုပါပဲ။ ကျွန်​မတို့အ​ရေပြားမှာ ဆန့်​ကျုံ့အစွမ်းရှိ​ပေမယ့်လည်း ကျွန်​မတို့အသက်​ကြီးလာတာနဲ့အမျှ အ​ရေပြားရဲ့ဆန့်​ကျုံ့အစွမ်းကလည်း ကျလာပါတယ်​။ ဝစဉ်​အခါက ဆွဲဆန့်​ခံထားရတဲ့အ​ရေပြား​တွေဟာ ပိန်​သွယ်​ကျစ်​လျစ်​လာတဲ့အခါ ချက်​ချင်းပြန်​မကျုံ့နိုင်​ဘဲ ပိုလျှံအ​ရေပြားအဖြစ်​ တွဲရွဲကျ​နေတာက အရမ်းကြည့်​ရဆိုးတာ အမှန်​ပါပဲ။ ဒီ​တော့ ကိုယ်​အ​လေးချိန်​​လျှော့ချပြီးတဲ့အခါ ပိုလျှံ​နေတဲ့အ​ရေပြားကို ကျစ်​လျစ်​ပြီး ခန္ဓာကိုယ်​နဲ့တစ်​သားတည်းကျ လှပ​သွား​စေဖို့ နည်းလမ်း​လေး​တွေ ရှိပါတယ်​။ ဒီနည်း​လေး​တွေက​တော့. . . ခွဲစိတ်​ဖယ်​ရှားတာ​ပေါင်​ ၂၀၀ ​ကျော်​ကိုယ်​အ​လေးချိန်​က​နေ ​ပေါင်​၁၀၀…

Published in Health & Beauty

သစ်သီးအချို့က ကိုယ်အလေးချိန် လျော့ကျစေ တယ်ဆိုတာကို သိပါသလား။  အချို့ သစ်သီး တွေကတော့ အမျှင်ဓာတ်နဲ့ ပက်တင်တို့ြွကယ်ဝစွာ ပါဝင် တာကြောင့် သဘာဝ အဆီကျဆေးလို့ တင်စား နိုင်သလို ဇီဝကမ္မ ဖြစ်စဉ်ကိုလည်း ပိုကောင်းစေပါသ တဲ့။ အချို့သစ်သီးတွေကတော့ အချိုဓာတ် လျော့နည်း ပြီး အာဟာရတန်ဖိုး မြင့်မားကြပါတယ်။ ဒီတော့ ကျန်းမာရေးအတွက်လည်း ပိုကောင်းစေပြီး ဝိတ်ကျ ပိန်သွယ်စေမယ့် သစ်သီးလေးတွေကို မျှဝေပါရစေ။ ပန်းသီးပန်းသီးဟာ သစ်သီးတွေထဲမှာ ကိုယ်အလေးချိန် လျော့ကျဖို့အတွက် အကောင်းဆုံး သစ်သီးတစ်မျိုး ပါ။ အမျှင်ဓာတ်ြွကယ်ဝစွာ ပါဝင်ပြီး ကယ်လိုရီပါဝင်မှုက နည်းစေသလို ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်တာကြောင့် ပိန်သွယ်လိုသူတွေအနေနဲ့…

Published in Health & Beauty

သံပယိုသီးဟာ ဝိတ်ချဖို့ အကူအညီပေးတဲ့ အသီးဖြစ်ပြီး  နေ့တစ်နေ့ကို သံပုယိုသီးဖျော်ရည်နဲ့ အစပြုတာဟာ တစ်နေ့တာအတွက် လိုအပ်တဲ့ စွမ်းအင်ကို မြှင့်တက် စေတယ်။ စားတဲ့အစားအစာတွေကို သန့်စင်ပေးသလို  နှစ်ပတ်ပြည့်တိုင်း တစ်ပေါင် လောက် ပုံမှန်ကျသွားစေဖို့ အထောက်အကူပေးတယ်လေ။ ဒါတင်မကသေးဘူး စိတ်ပိုင်းဆိုင်ရာကိုလည်း ရွှင်လန်းတက်ြွကစေတယ်။  ကိုယ့်မုဒ်က မကောင်း၊ မရွှင်မပျ ဖြစ်နေရင် သံပုယိုသီးကိုသာ ဖျော်ရည်လုပ်သောက်လိုက်ပါ။ ချက်ချင်းအပြောင်းအလဲ ဖြစ်သွားမှာ။ ကဲ သံပုယိုသီးစားလို့  မကောင်းတဲ့အရာ ဘာရှိသေးလဲ။ Read More About Health Articles Here

Page 1 of 7