Friday, 14 February 2020 05:14

DSC_0078.JPG

ပညာေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ ၂၀၂၀ ျပည့္ႏွစ္၊ မတ္လ (၁၁) ရက္မွ (၂၀) ရက္အထိ က်င္းပမည့္ တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုခြင့္ကတ္ျပား ထုတ္ယူျခင္းႏွင့္စပ္လ်ဥ္း၍ ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္လိုက္သည္။

အဆိုပါ ေၾကညာခ်က္တြင္ တိုင္းေဒသႀကီး/ျပည္နယ္မ်ားရွိ စာစစ္ဌာနအသီးသီးတြင္ ေျဖဆိုၾကမည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ မိမိတို႔၏ ဓာတ္ပုံကပ္ထားသည့္ ခုံအမွတ္စဥ္ပါေသာ စာေမးပြဲေျဖဆိုခြင့္ကတ္ျပား (Identity Card ) မ်ားကို ၂၀၂၀ ျပည့္ႏွစ္ ေဖေဖာ္ဝါရီလ (၂၀) ရက္ ၾကာသပေတးေန႔မွစ၍ ထုတ္ယူၾကရမည္ဟု ပါရွိသည္။

တကၠသုိလ္ဆက္လက္တက္ေရာက္နိုင္ရန္ အထက္တန္းၿပီးေျမာက္ေၾကာင္း လက္မွတ္ထုတ္ေပးမည္

ထို႔ျပင္ အေျခခံပညာအထက္တန္းေက်ာင္း၊ (ေက်ာင္းခြဲ)ႏွင့္ (တြဲဖက္) အေျခခံပညာ အထက္တန္းေက်ာင္း၊ ကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ မိမိတို႔၏ စာေမးပြဲေျဖဆိုခြင့္ကတ္ျပားမ်ားကို မိမိတို႔ ေက်ာင္းအုပ္ႀကီးမ်ားထံမွ ထုတ္ယူၾကရမည္ျဖစ္ျပီး ျပင္ပမွ ေျဖဆိုသူမ်ားသည္လည္း စာေမးပြဲ ေျဖဆိုခြင့္ကတ္ျပားမ်ားကို မိမိတို႔ ေျဖဆိုရမည့္ စာစစ္ဌာန ႀကီးၾကပ္ေရးမႉးမ်ားထံမွ ထုတ္ယူၾကရမည္ ျဖစ္သည္ဟု ယင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ေက်ာင္းသား ေက်ာင္းသူမ်ားအေနျဖင့္ စာေမးပြဲေျဖဆိုခြင့္ကတ္ျပားမ်ား ထုတ္ယူရာတြင္ အခက္အခဲရွိပါက သက္ဆိုင္ရာေက်ာင္းအုပ္ႀကီးမ်ား၊ စာစစ္ဌာနႀကီးၾကပ္ေရးမႉးမ်ား၊ ၿမိဳ႕နယ္ပညာေရးမႉးမ်ားႏွင့္ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနထံ တိုက္႐ိုက္စုံစမ္းေမးျမန္းႏိုင္ေၾကာင္းလည္း ေဖာ္ျပထားသည္။

ရန္ကုန္ျမိဳ႕မွာရွိတဲ့ ေက်ာင္းေတြရဲ႕ လိပ္စာနဲ႔ ဖုန္းနံပါတ္မ်ား

Ref; MOI & Photo Credit

Zawgyi

ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ယူနိုင်ပြီ

ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၁) ရက်မှ (၂၀) ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်စပ်လျဉ်း၍ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ကြေညာချက်တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card ) များကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၂၀) ရက် ကြာသပတေးနေ့မှစ၍ ထုတ်ယူကြရမည်ဟု ပါရှိသည်။

ထို့ပြင် အခြေခံပညာအထက်တန်းကျောင်း၊ (ကျောင်းခွဲ)နှင့် (တွဲဖက်) အခြေခံပညာ အထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရမည်ဖြစ်ပြီး ပြင်ပမှ ဖြေဆိုသူများသည်လည်း စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရမည် ဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျောင်းသား ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ကြောင်းလည်း ဖော်ပြထားသည်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.