Tuesday, 11 February 2020 04:01

Speech_by_Executive_Director_of_EAC_U_Kyaw_Win_Htun_1-min.JPG

ေဖေဖာ္ဝါရီလ၊ ၆ရက္ေန႔တြင္ ပညာေရး ဝန္ႀကီးဌာန႐ုံး၌ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားအား အာဟာရျပည့္ဝေသာ ပဲႏို႔တိုက္ေကြၽးျခင္းႏွင့္ အာဟာရဆိုင္ရာဗဟုသုတမ်ား ျဖန႔္ေဝျခင္း အစီအစဥ္ကို ပူးေပါင္းလက္တြဲလုပ္ေဆာင္ရန္အတြက္ နားလည္မႈစာခြၽန္လႊာ ခ်ဳပ္ဆိုခဲ့ၾကသည္။

အဆိုပါ နားလည္မႈစာခြၽန္လႊာကို ပညာေရးဝန္ႀကီးဌာန၊ အေျခခံပညာေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းႏွင့္ Europe & Asia Beverages Co., Ltd. ၏ အမႈေဆာင္ဒါ႐ိုက္တာျဖစ္သူ ဦးေက်ာ္ဝင္းထြန္းတို႔မွ ေရးထိုးခဲ့ၿပီး အခမ္းအနားသို႔ ပညာေရးဝန္ႀကီးဌာနမွ သက္ဆိုင္ရာတာဝန္ရွိသူမ်ား၊ Europe & Asia Beverages Co., Ltd. မွ တာဝန္ရွိသူမ်ားႏွင့္ စာနယ္ဇင္းမီဒီယာအသီးသီးမွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကသည္။

ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက “က်န္းမာေရးနဲ႔ ပညာေရးဟာ လူသားအရင္းအျမစ္တိုးတက္ဖြံ႕ၿဖိဳးဖို႔ သာမက တိုင္းျပည္တိုးတက္ဖြံ႕ၿဖိဳးဖို႔အတြက္ပါ အဓိကက်တဲ့ အရာေတြျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ အနာဂတ္ျဖစ္တဲ့ ကေလးေတြဟာ က်န္းမာၿပီး ပညာရည္ျမင့္မားဖို႔ လိုအပ္ပါတယ္။ က်န္းမာဖို႔ဆိုရင္ အသားဓါတ္၊ သံဓါတ္၊ ကယ္လစီယမ္၊ အိုင္အိုဒင္း၊ ဗိုက္တာမင္ဒီ အစရွိတဲ့ဓါတ္ေတြ မွ်မွ်တတပါဝင္တဲ့ စားေသာက္မႈပုံစံရွိဖို႔ လိုအပ္ပါတယ္။ ပညာရွင္ေတြရဲ႕ ေလ့လာေျပာၾကားခ်က္အရ ကေလးေတြရဲ႕ တစ္ေန႔တာ စားေသာက္တဲ့ အစားအစာထဲမွာ ေဖာ္ျပထားတဲ့ ဓါတ္ေတြ အမ်ားစုပါဝင္တဲ့ ႏို႔ကိုပါထည့္ၿပီး ေသာက္သုံးဖို႔ တိုက္တြန္းထားပါတယ္။ ဒါေၾကာင့္မို႔ Vito ပဲႏို႔နဲ႔ လက္တြဲလုပ္မယ့္ ဒီအစီအစဥ္က လူသားအရင္းအျမစ္ဖြံ႕ၿဖိဳးဖို႔နဲ႔ ႏိုင္ငံတိုးတက္ဖို႔အေထာက္အကူျဖစ္မဲ့ အစီအစဥ္ျဖစ္တယ္လို႔ ယုံၾကည္ပါတယ္။ အေျခခံပညာေရး ဦးစီးဌာန အေနနဲ႔လည္း Vito ပဲႏို႔ နဲ႔ အခုလို လက္တြဲၿပီး ေက်ာင္းသားေတြအတြက္ အက်ိဳးရွိမယ့္အစီအစဥ္ကို ျပဳလုပ္ရမွာကို ဝမ္းသာႀကိဳဆိုပါတယ္။ ဒီလိုအစီအစဥ္မ်ိဳးကို စိတ္ကူးအေကာင္အထည္ေဖာ္ဖို႔ လုပ္ေဆာင္ေနသူေတြကိုလည္း ေက်းဇူးတင္ေၾကာင္း ေျပာလိုပါတယ္။” ဟု ေျပာၾကားခဲ့ပါသည္။

တကၠသုိလ္ဆက္လက္တက္ေရာက္နိုင္ရန္ အထက္တန္းၿပီးေျမာက္ေၾကာင္း လက္မွတ္ထုတ္ေပးမည္

Europe & Asia Beverages Co., Ltd. ၏ အမႈေဆာင္ဒါ႐ိုက္တာျဖစ္သူ ဦးေက်ာ္ဝင္းထြန္းက “ဒီစီမံခ်က္ရဲ႕ အဓိကရည္႐ြယ္ခ်က္ကေတာ့ ေက်ာင္းေနကေလးေတြကို အာဟာရနဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ ပိုမိုသိရွိနားလည္ဖို႔ပဲျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ဒီအစီအစဥ္ကိုလုပ္ဖို႔ စိတ္ကူးကို ၂၀၁၇ခုႏွစ္၊ ဇန္နဝါရီလမွာ က်င္းပခဲ့တဲ့ အာဟာရဓါတ္နဲ႔ ပတ္သက္တဲ့ အမ်ိဳးသားအဆင့္ ညႇိႏႈိင္းအစည္းအေဝးမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ေျပာခဲ့တဲ့မိန႔္ခြန္းကေန ရခဲ့တာျဖစ္ပါတယ္။ ႏိုင္ငံေတာ္အတိုင္ပင္ခံက ကေလးေတြရဲ႕ဖြံ႕ၿဖိဳးႀကီးထြားမႈအတြက္ အစိုးရအဖြဲ႕အစည္းေတြ၊ ပရဟိတအဖြဲ႕အစည္းေတြနဲ႔ လူႀကီးမိဘေတြမွာ တာဝန္ရွိေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။ ၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္းနဲ႔ UNICEF ကထုတ္ျပန္တဲ့စစ္တမ္းမွာ ျမန္မာႏိုင္ငံမွာရွိတဲ့ ကေလးသုံးပုံတစ္ပုံက အာဟာရခ်ိဳ႕တဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ ကြၽန္ေတာ္တို႔ကုမၸဏီဟာ ျမန္မာႏိုင္ငံမွာရွိတဲ့ တာဝန္သိစီးပြားေရးလုပ္ငန္းတစ္ခုအေနနဲ႔ ႏိုင္ငံရဲ႕ အနာဂတ္ျဖစ္တဲ့ကေလးမ်ားအေပၚ ရင္းႏွီးျမႇပ္ႏွံရာမွာ တစ္ဖက္တစ္လမ္းကေန ပါဝင္ကူညီၿပီးေတာ့ လိုအပ္ေနတဲ့ ဒီကြက္လပ္ကို အတိုင္းအတာတစ္ခုအထိ ျဖည့္ဆည္း ေပးႏိုင္မယ္လို႔ေမွ်ာ္လင့္ပါတယ္။ Vito ပဲႏို႔အေနနဲ႔ အခုလို ပညာေရးဝန္ႀကီးဌာနနဲ႔ လူသားအရင္းအျမစ္ဖြံ႕ၿဖိဳးဖို႔ က်န္းမာေရး၊ ပညာေရးတိုးတက္ဖို႔ လက္တြဲအလုပ္လုပ္ခြင့္ရတဲ့အတြက္ ဂုဏ္ယူမိသလို ဒီအစီအစဥ္ကေန ေကာင္းမြန္တဲ့ရလဒ္ေတြရလာမယ္လို႔ ယုံၾကည္ပါတယ္။” ဟု ေျပာၾကားသြားခဲ့ပါသည္။

Vito ပဲႏို႔အား ျမစ္ငယ္ၿမိဳ႕ရွိ ျမန္မာႏိုင္ငံ၏ တစ္ခုတည္းေသာ UHT စက္႐ုံျဖစ္သည့္ E.A.B.C ၏ ကိုယ္ပိုင္စက္႐ုံမွ ထုတ္လုပ္ထားျခင္းျဖစ္သည့္အျပင္ ထုတ္လုပ္ျဖန႔္ျဖဴးသည့္ပဲႏို႔၏ အာဟာရတန္ဖိုး၊ အရသာႏွင့္ အရည္အေသြးကို ၾကာရွည္ခံသည့္ ဓါတုပစၥည္းမ်ား အသုံးမျပဳပဲထိန္းသိမ္းရန္ ရည္႐ြယ္ကာ ဤစက္႐ုံတြင္ Tetra Pak ၏ ေနာက္ဆုံးေပၚ ႏိုင္ငံတကာအဆင့္မွီ စက္ပစၥည္းမ်ားကိုအသုံးျပဳထုတ္လုပ္ထားသည္ဟုလည္း သိရပါသည္။

ရန္ကုန္ျမိဳ႕မွာရွိတဲ့ ေက်ာင္းေတြရဲ႕ လိပ္စာနဲ႔ ဖုန္းနံပါတ္မ်ား

ထို႔ျပင္ Vito ပဲႏို႔သည္ မ်ိဳး႐ိုးဗီဇျပဳျပင္ထားျခင္းမရွိေသာ (GMO free) စားေသာက္ကုန္ျဖစ္ၿပီး ျမန္မာႏိုင္ငံအစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာနမွ FDA အသိအမွတ္ျပဳ လက္မွတ္လည္း ရရွိထားသည့္အျပင္ Vito ပဲႏို႔တြင္ ပ႐ိုတိန္းဓါတ္၊ ကယ္လစီယမ္ဓါတ္ႏွင့္ ဗီတာမင္ဘီဝမ္းတို႔ ႂကြယ္ဝစြာပါဝင္ပါသည္။

May Thu Thu ( Yangon Directory )

unicode

ကျောင်းသား/ သူ ၃၀၀,၀၀၀ ကျော်ကို အာဟာရပြည့်ဝသောပဲနို့အပြင် အာဟာရဆိုင်ရာဗဟုသုတများရရှိစေဖို့ Vito ပဲနို့မှ ပူးပေါင်းလုပ်ဆောင်မည်

ဖေဖော်ဝါရီလ၊ ၆ရက်နေ့တွင် ပညာရေး ဝန်ကြီးဌာနရုံး၌ ကျောင်းသူ၊ ကျောင်းသားများအား အာဟာရပြည့်ဝသော ပဲနို့တိုက်ကျွေးခြင်းနှင့် အာဟာရဆိုင်ရာဗဟုသုတများ ဖြန့်ဝေခြင်း အစီအစဉ်ကို ပူးပေါင်းလက်တွဲလုပ်ဆောင်ရန်အတွက် နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲ့ကြသည်။

အဆိုပါ နားလည်မှုစာချွန်လွှာကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် Europe & Asia Beverages Co., Ltd. ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဦးကျော်ဝင်းထွန်းတို့မှ ရေးထိုးခဲ့ပြီး အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ Europe & Asia Beverages Co., Ltd. မှ တာဝန်ရှိသူများနှင့် စာနယ်ဇင်းမီဒီယာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက “ကျန်းမာရေးနဲ့ ပညာရေးဟာ လူသားအရင်းအမြစ်တိုးတက်ဖွံ့ဖြိုးဖို့ သာမက တိုင်းပြည်တိုးတက်ဖွံ့ဖြိုးဖို့အတွက်ပါ အဓိကကျတဲ့ အရာတွေဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အနာဂတ်ဖြစ်တဲ့ ကလေးတွေဟာ ကျန်းမာပြီး ပညာရည်မြင့်မားဖို့ လိုအပ်ပါတယ်။ ကျန်းမာဖို့ဆိုရင် အသားဓါတ်၊ သံဓါတ်၊ ကယ်လစီယမ်၊ အိုင်အိုဒင်း၊ ဗိုက်တာမင်ဒီ အစရှိတဲ့ဓါတ်တွေ မျှမျှတတပါဝင်တဲ့ စားသောက်မှုပုံစံရှိဖို့ လိုအပ်ပါတယ်။ ပညာရှင်တွေရဲ့ လေ့လာပြောကြားချက်အရ ကလေးတွေရဲ့ တစ်နေ့တာ စားသောက်တဲ့ အစားအစာထဲမှာ ဖော်ပြထားတဲ့ ဓါတ်တွေ အများစုပါဝင်တဲ့ နို့ကိုပါထည့်ပြီး သောက်သုံးဖို့ တိုက်တွန်းထားပါတယ်။ ဒါကြောင့်မို့ Vito ပဲနို့နဲ့ လက်တွဲလုပ်မယ့် ဒီအစီအစဉ်က လူသားအရင်းအမြစ်ဖွံ့ဖြိုးဖို့နဲ့ နိုင်ငံတိုးတက်ဖို့အထောက်အကူဖြစ်မဲ့ အစီအစဉ်ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ အခြေခံပညာရေး ဦးစီးဌာန အနေနဲ့လည်း Vito ပဲနို့ နဲ့ အခုလို လက်တွဲပြီး ကျောင်းသားတွေအတွက် အကျိုးရှိမယ့်အစီအစဉ်ကို ပြုလုပ်ရမှာကို ဝမ်းသာကြိုဆိုပါတယ်။ ဒီလိုအစီအစဉ်မျိုးကို စိတ်ကူးအကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေသူတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

Europe & Asia Beverages Co., Ltd. ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဦးကျော်ဝင်းထွန်းက “ဒီစီမံချက်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျောင်းနေကလေးတွေကို အာဟာရနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ ပိုမိုသိရှိနားလည်ဖို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီအစီအစဉ်ကိုလုပ်ဖို့ စိတ်ကူးကို ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလမှာ ကျင်းပခဲ့တဲ့ အာဟာရဓါတ်နဲ့ ပတ်သက်တဲ့ အမျိုးသားအဆင့် ညှိနှိုင်းအစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့မိန့်ခွန်းကနေ ရခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံက ကလေးတွေရဲ့ဖွံ့ဖြိုးကြီးထွားမှုအတွက် အစိုးရအဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့အစည်းတွေနဲ့ လူကြီးမိဘတွေမှာ တာဝန်ရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနဲ့ UNICEF ကထုတ်ပြန်တဲ့စစ်တမ်းမှာ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးသုံးပုံတစ်ပုံက အာဟာရချို့တဲ့တယ်လို့ ဖော်ပြထားပါတယ်။ ကျွန်တော်တို့ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာရှိတဲ့ တာဝန်သိစီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ နိုင်ငံရဲ့ အနာဂတ်ဖြစ်တဲ့ကလေးများအပေါ် ရင်းနှီးမြှပ်နှံရာမှာ တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီပြီးတော့ လိုအပ်နေတဲ့ ဒီကွက်လပ်ကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်း ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။ Vito ပဲနို့အနေနဲ့ အခုလို ပညာရေးဝန်ကြီးဌာနနဲ့ လူသားအရင်းအမြစ်ဖွံ့ဖြိုးဖို့ ကျန်းမာရေး၊ ပညာရေးတိုးတက်ဖို့ လက်တွဲအလုပ်လုပ်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိသလို ဒီအစီအစဉ်ကနေ ကောင်းမွန်တဲ့ရလဒ်တွေရလာမယ်လို့ ယုံကြည်ပါတယ်။” ဟု ပြောကြားသွားခဲ့ပါသည်။

Vito ပဲနို့အား မြစ်ငယ်မြို့ရှိ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော UHT စက်ရုံဖြစ်သည့် E.A.B.C ၏ ကိုယ်ပိုင်စက်ရုံမှ ထုတ်လုပ်ထားခြင်းဖြစ်သည့်အပြင် ထုတ်လုပ်ဖြန့်ဖြူးသည့်ပဲနို့၏ အာဟာရတန်ဖိုး၊ အရသာနှင့် အရည်အသွေးကို ကြာရှည်ခံသည့် ဓါတုပစ္စည်းများ အသုံးမပြုပဲထိန်းသိမ်းရန် ရည်ရွယ်ကာ ဤစက်ရုံတွင် Tetra Pak ၏ နောက်ဆုံးပေါ် နိုင်ငံတကာအဆင့်မှီ စက်ပစ္စည်းများကိုအသုံးပြုထုတ်လုပ်ထားသည်ဟုလည်း သိရပါသည်။

ထို့ပြင် Vito ပဲနို့သည် မျိုးရိုးဗီဇပြုပြင်ထားခြင်းမရှိသော (GMO free) စားသောက်ကုန်ဖြစ်ပြီး မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ FDA အသိအမှတ်ပြု လက်မှတ်လည်း ရရှိထားသည့်အပြင် Vito ပဲနို့တွင် ပရိုတိန်းဓါတ်၊ ကယ်လစီယမ်ဓါတ်နှင့် ဗီတာမင်ဘီဝမ်းတို့ ကြွယ်ဝစွာပါဝင်ပါသည်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.