Monday, 03 February 2020 09:37

FB_IMG_1518067679237.jpg




၂၀၂၀-၂၁ အထက်တန်းအဆင့် သင်ရိုးသစ်တွင် ဘာသာတွဲ (၄)မျိုး၌ ဘာသာရပ် (၁၀) မျိုးစီ ပါဝင်လာ







၂၀၂၂-၂၃ ပညာသင်နှစ်မှစ၍ ကျောင်းသားတိုင်း မိမိနှစ်သက်ရာ တက္ကသိုလ်ကို ရွေးချယ်တက်ရောက်နိုင်တော့မည်








တက္ကသိုလ်ဆက်လက်တက်ရောက်နိုင်ရန် အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးမည်



(Grade-6) သင်ရိုးသစ် ၊ (Grade-7) သင်ရိုးဟောင်း နှင့် (Grade-8) သင်ရိုးဟောင်း အတန်းများအား တစ်ဘာသာလျှင် စာသင်ချိန် တစ်ချိန်နှုန်းဖြင့် စစ်ဆေးမည်ဖြစ်သည်။



83224208_641212039981299_4680445936575447040_n.jpg

84088604_641212083314628_6319487679582961664_n.jpg

May Thu Thu ( Yangon Directory )
Ref: Internet

Unicode

မတ်လကုန်မှသာ ပြီးဆုံးမည့် အခြေခံပညာ အတန်းအသီးသီး၏ စာမေးပွဲစစ်ဆေးခြင်း

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အခြေခံပညာ အတန်းအသီးသီး၏ နှစ်ဆုံး အခန်းဆုံး စစ်ဆေးခြင်းများကို အောက်ပါအတိုင်း ကျင်းပစစ်ဆေးသွားမည်ကြောင်း သတ်မှတ်လိုက်သည်။

တက္ကသိုလ်ဝင်တန်း နှစ်ဆုံးစစ်ဆေးခြင်းအတွက် အချိန်စာရင်း

(၁) ၁၄.၂.၂၀၂၀ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ အထိ မြန်မာစာ ဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်သည်။
(၂) ၁၅.၂.၂၀၂၀ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ အထိ အင်္ဂလိပ်စာ ဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်သည်။
(၃) ၁၇.၂.၂၀၂၀ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ အထိ သင်္ချာ ဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်သည်။
(၄) ၁၈.၂.၂၀၂၀ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ အထိ ဓာတုဗေဒ/ပထဝီဝင် ဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်သည်။
(၅) ၁၉.၂.၂၀၂၀ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ အထိ ရူပဗေဒ/သမိုင်း ဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်သည်။
(၆) ၂၀.၂.၂၀၂၀ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ အထိ ဇီဝဗေဒ/ဘောဂဗေဒ ဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်သည်။

စတုတ္ထတန်း နှစ်ဆုံးစစ်ဆေးခြင်းအတွက် အချိန်စာရင်း

(၁) ၂၄.၂.၂၀၂၀ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁၀နာရီခွဲ အထိ မြန်မာစာ ဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်သည်။

(၂) ၂၅.၂.၂၀၂၀ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁၀နာရီခွဲ အထိ အင်္ဂလိပ်စာ ဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်သည်။

(၃) ၂၆.၂.၂၀၂၀ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁၀နာရီခွဲ အထိ သင်္ချာ ဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်သည်။

(၄) ၂၇.၂.၂၀၂၀ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁၀နာရီခွဲ အထိ အထွေထွေသိပ္ပံ ဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်သည်။

(၅) ၂၈.၂.၂၀၂၀ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁၀နာရီခွဲ အထိ လူမှုရေး ဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်သည်။

အဌမတန်း နှစ်ဆုံးစစ်ဆေးခြင်းအတွက် အချိန်စာရင်း

(၁) ၂၄.၂.၂၀၂၀ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁၁နာရီ အထိ မြန်မာစာ ဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်သည်။

(၂) ၂၅.၂.၂၀၂၀ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁၁နာရီ အထိ အင်္ဂလိပ်စာ ဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်သည်။

(၃) ၂၆.၂.၂၀၂၀ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁၁နာရီ အထိ သင်္ချာ ဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်သည်။

(၄) ၂၇.၂.၂၀၂၀ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁၁နာရီ အထိ ပထဝီ ဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်သည်။

(၅) ၂၈.၂.၂၀၂၀ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁၁နာရီ အထိ သမိုင်း ဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်သည်။

(၆) ၃.၃.၂၀၂၀ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁၁နာရီ အထိ အထွေထွေသိပ္ပံ ဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်သည်။

(Grade-6) ဆဌမတန်း သင်ရိုးသစ် ၊ (Grade-7) ဆဌမတန်း သင်ရိုးဟောင်း ၊ (Grade-8) သတ္တမတန်း သင်ရိုးဟောင်း နှင့် (Grade-10) နဝမတန်း သင်ရိုးဟောင်း တို့အတွက် နှစ်ဆုံးစစ်ဆေးခြင်း အချိန်စာရင်း

(၂၃-၃-၂၀၂၀) မှ (၂၅-၃-၂၀၂၀) အထိ တစ်ရက် နှစ်ဘာသာနှုန်းဖြင့် ဖြေဆိုကြရမည်ဖြစ်သည်။

(Grade-6) သင်ရိုးသစ် ၊ (Grade-7) သင်ရိုးဟောင်း ၊ (Grade-8) သင်ရိုးဟောင်း အတန်းများအား တစ်ဘာသာလျှင် စာသင်ချိန် တစ်ချိန်နှုန်းဖြင့် စစ်ဆေးမည်ဖြစ်သည်။

(Grade-10) နဝမတန်း သင်ရိုးဟောင်းအား တစ်ဘာသာလျှင် ၂ နာရီ နှုန်းဖြင့် ကျောင်းချိန်အရ နံနက်ပိုင်း၊ ညနေပိုင်းခွဲ၍ စစ်ဆေးမည်ဖြစ်သည်။

ဖြေဆိုမည့်နေ့ရက်များနှင့် ဘာသာရပ်များကိုတွဲ၍ အသေးစိတ်ကို အောက်ပါဇယားထဲတွင် ဖော်ပြပေးထားပါသည်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.