Thursday, 02 January 2020 08:54

dsc_1531_1_0.jpg



၂၀၂၂-၂၃ ပညာသင်နှစ်မှစ၍ ကျောင်းသားတိုင်း မိမိနှစ်သက်ရာ တက္ကသိုလ်ကို ရွေးချယ်တက်ရောက်နိုင်တော့မည်





78245030_2941450859199029_7152908628624670720_n.jpg

၂၀၂၀-၂၁ အထက်တန်းအဆင့် သင်ရိုးသစ်တွင် ဘာသာတွဲ (၄)မျိုး၌ ဘာသာရပ် (၁၀) မျိုးစီ ပါဝင်လာ

Unicode

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အခြေခံပညာ အတန်းအသီးသီး၏ စာမေးပွဲဖြေဆိုရမည့်ရက်များ

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အခြေခံပညာအတန်းများအတွက် စာမေးပွဲကာလကို အောက်ပါရက်များအတွင်း ကျင်းပစစ်ဆေးသွားမည်ကြောင်း သတ်မှတ်လိုက်သည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အခြေခံပညာအတန်းများအတွက် စာမေးပွဲကာလသတ်မှတ်ခြင်း၊ အောင်စာရင်း ထုတ်ပြန်ခြင်းနှင့် အခြေခံပညာ Grade-10 ကျောင်းတွင်းစစ်(ပြင်ပဖြေ) စာမေးပွဲများ ကျင်းပဆောင်ရွက်ရန်အတွက် အစီအစဉ်ကို (၃၀-၁၀-၂၀၁၉) မှ (၄-၁၀-၂၀၁၉) အထိ ကျင်းပပြုလုပ်ခဲ့သော အခြေခံပညာအလယ်တန်းနှင့် မူလတန်းစာမေးပွဲ အလုပ်ရုံ ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးရုံးများနှင့် ခရိုင်ပညာရေးမှူးရုံးများ၊ ပညာရေးစီမံကိန်း ကြီးကြပ်အကဲဖြတ်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အခြေခံပညာ အတန်းအသီးသီး၏ နှစ်ဆုံး အခန်းဆုံး စစ်ဆေးခြင်းနှင့် ဒုတိယနှစ်ဆုံး စစ်ဆေးခြင်းများကို အောက်ပါအတိုင်း စစ်ဆေးသွားမည်ဖြစ်သည်။

(၁) (Grade-5) နှင့် (Grade-9) စာမေးပွဲများကို (၂၄-၂-၂၀၂၀) မှ (၃-၃-၂၀၂၀) အတွင်း ကျင်းပမည်ဖြစ်သည်။

(၂) ကျန်ရှိသော ကျောင်းတွင်းစစ် စာမေးပွဲများကို (၂၃-၃-၂၀၂၀) မှ (၃၁-၃-၂၀၂၀) အတွင်း ကျင်းပသွားမည်ဖြစ်သည်။

(၃) ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို (၁၁-၃-၂၀၂၀) အတွင်း ကျင်းပသွားမည်ဖြစ်သည်။

May Thu Thu ( Yangon Directory )
Ref: Internet


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.