Tuesday, 17 December 2019 03:53

l7936x.jpg

ပညာရေးဝန်ကြီးဌာနမှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ပညာရေးဘွဲ့ စာပေးစာယူ (၂)နှစ် သင်တန်း (ပထမနှစ်) အတွက် လျှောက်လွှာခေါ်ယူနေပါသည်။

၂၀၂၀-၂၀၂၁ပညာသင်နှစ် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဖွင့်လှစ်မည့် ပညာရေးဘွဲ့ စာပေးစာယူ (၂)နှစ် သင်တန်းအတွက် အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားခွင့်ရှိသည်ဟု သိရသည်။

ဝင်ခွင့်စာမေးပွဲဖြေဆိုရန် လျှောက်ထားခွင့်ရှိသူများ

(က) အခြေခံပညာဦးစီးဌာနများနှင့် ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့အောက်ရှိ အခြေခံပညာကျောင်းများတွင် အထက်တန်းပြ၊ မူလတန်းကျောင်းအုပ်၊ အလယ် တန်းပြအဖြစ် တာဝန်ထမ်းဆောင်နေသူများနှင့် အထက်တန်းပြ (သို့မဟုတ်) အလယ်တန်းပြ လစာနှုန်းတူ သင်ကြားရေးနှင့် သက်ဆိုင်သူများ၊ ပညာရေးကောလိပ်များတွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသူများ လျှောက်ထားခွင့်ရှိသည်။

(ခ) ပညာရေးကောလိပ် နည်းပြ၊ အထက်တန်းပြနှင့် လစာနှုန်းထားတူညီသည့် သင်ကြားရေးနှင့် သက်ဆိုင်သော ဒု-ဦးစီးမှူးများ၊ ဒု-ကြီးကြပ်ရေးမှူးနှင့် PGDMA ဘွဲ့ရကွန်ပျူတာ လုပ်ဆောင်ရေးမှူးများသည် ဒီဇင်ဘာ ၃၁ ရက်တွင် စုစုပေါင်းသင်ကြားရေး လုပ်သက်
အနည်းဆုံး (၅)နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။

(ဂ) အလယ်တန်းပြ (သို့မဟုတ်) မူလတန်းကျောင်းအုပ်များနှင့် လစာနှုန်းထားတူညီသည့် သင်ကြားရေးနှင့် သက်ဆိုင်သော ဒုလ/ထကြီးကြပ်ရေးမှူး၊ PGDMA ဘွဲ့ရ လ/ထ ကွန်ပျူတာ လုပ်ဆောင်ရေးမှူးများသည် ဒီဇင်ဘာ ၃၁ ရက်တွင် စုစုပေါင်းသင်ကြားရေး လုပ်သက်
အနည်းဆုံး(၅)နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။

(ဃ) ဘွဲ့တစ်ခုခုရရှိပြီး ပညာရေးဘွဲ့ (B.Ed) မရရှိသေးသူ ဖြစ်ရမည်။

(င) အခြားသင်တန်းတစ်ခုခုသို့ တက်ရောက်နေသူမဖြစ်စေရ။

၂၀၂၂-၂၃ ပညာသင်နှစ်မှစ၍ ကျောင်းသားတိုင်း မိမိနှစ်သက်ရာ တက္ကသိုလ်ကို ရွေးချယ်တက်ရောက်နိုင်တော့မည်

လျှောက်လွှာတင်သွင်းခြင်း

(က) အထက်ပါသတ်မှတ်ချက်နှင့် ကိုက်ညီသူများသည် ဝင်ခွင့်စာမေးပွဲ လျှောက်လွှာပုံစံများကို တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးရုံးများတွင် ရယူပြီး သက်ဆိုင်ရာကျောင်းအုပ်ကြီး၏ ထောက်ခံချက်နှင့်အတူ မြို့နယ်ပညာရေးမှူးရုံးများသို့ ဒီဇင်ဘာ ၂၄ ရက် (အင်္ဂါနေ့)
နောက်ဆုံးထား၍ လျှောက်လွှာများ တင်သွင်းရမည်။

(ခ) လျှောက်လွှာစတင်နိုင်သောရက် ဒီဇင်ဘာ ၉ ရက်

(ဂ) ပညာရေးကောလိပ်များမှ လျှောက်ထားသူများသည် သက်ဆိုင်ရာပညာရေးကောလိပ် ကျောင်းအုပ်ကြီး၏ ထောက်ခံချက်နှင့်အတူ ဦးစီးဌာန၏ ခွင့်ပြုချက်ရယူ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများသို့ ဒီဇင်ဘာ ၂၄ ရက် (အင်္ဂါနေ့) နောက်ဆုံးထား၍ လျှောက်လွှာများ တင်သွင်းရမည်။

ရန်ကုန်မြို့တွင် ကိုရီးယားနည်းပညာဖြင့် သင်ကြားပေးမည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းကျောင်း ဖွင့်လှစ်မည်

ဝင်ခွင့်စာမေးပွဲ စစ်ဆေးမည့်အစီအစဉ်

(က) နေ့ရက် - ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် (တနင်္ဂနွေနေ့)
(ခ) အချိန် - နံနက် ၉ နာရီမှ ၁၂ နာရီအထိ

အသေးစိတ်သိရှိလိုပါက ဌာနမှူး (သင်တန်းရေးရာဌာန) ဖုန်း-၀၁-၅၂၆၉၃၇၊ ဌာနခွဲမှူး (ပညာရေးဘွဲ့ စာပေးစာယူသင်တန်းဌာန) ဖုန်း-၀၁-၅၃၄၃၄၀ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

78606101_2593536944086686_6050260343282728960_n.jpg

 

78900378_2593537030753344_4112049419161960448_n.jpg

79927236_2593537077420006_2764070535993229312_n.jpg

ရန်ကုန်ပညာရေးတက္ကသိုလ်

May Thu Thu ( Yangon Directory )


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.