Wednesday, 11 December 2019 07:58

DSC_0783-1024x683.jpg

တောင်ကိုရီးယားနိုင်ငံ၊ ဂူမီမြို့တွင် အခြေစိုက်ဖွဲ့စည်းထားသည့် FLCM Foundation က အမေရိကန်ဒေါ်လာ ၉ သိန်း အသုံးပြု၍ ရန်ကုန်မြို့တွင် ကိုရီးယားအသက်မွေးဝမ်းကျောင်းစင်တာကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။

Korea Vocational Trainings Center စီမံကိန်းကို အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ Korea Foundation For Life and Culture Movement (FLCM Foundation) တို့ပူးပေါင်း၍ ရန်ကုန်မြို့တွင် ဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်းကို နိုဝင်ဘာလ ၂၂ ရက်နေ့က နေပြည်တော်ရုံးအမှတ် ၁၆ တွင် ပြုလုပ်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်တွင် တက္ကသိုလ် ( ၂၂ ) ခု၏ ဘွဲ့နှင်းသဘင် ကျင်းပမည့် ရက်များ

အဆိုပါစီမံကိန်းအရ ပညာရေးဆုံးခန်းတိုင် သင်ကြားနိုင်ခဲ့ခြင်းမရှိသည့် လူငယ်လူရွယ်များကို ကိုရီးယားနည်းပညာဖြင့် သင်ကြားပေးမည့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာအတတ်ပညာများ လေ့လာသင်ယူခွင့်ရရှိစေမည်ဖြစ်သည်။

ထို့ပြင် ကျွမ်းကျင်လုပ်သားများအဖြစ် အလုပ်အကိုင်ရရှိစေရန်နှင့် ကိုယ်ပိုင်အလုပ်ရုံ လုပ်ငန်းများ တည်ထောင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

၂၀၂၀-၂၁ အထက်တန်းအဆင့် သင်ရိုးသစ်တွင် ဘာသာတွဲ (၄)မျိုး၌ ဘာသာရပ် (၁၀) မျိုးစီ ပါဝင်လာ

Source agri digit new


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.