Thursday, 28 November 2019 10:52

agti-1.jpg

AGTI ပထမနှစ်ဝင်ခွင့်ရစာရင်းများ ထုတ်ပြန်ကြေညာထားပြီး ဒီဇင်ဘာ (၁၂) ရက် နောက်ဆုံးထားကျောင်းအပ်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှသိရသည်။

ဒီဇင်ဘာ (၂) ရက်တွင် ကျောင်းများစတင်ဖွင့်လှစ်မည်ဖြစ်ပြီး AGTI ကျောင်းများ၏ သင်တန်းကာလမှာ (၃) နှစ်ဖြစ်သည်။

Global MBA အတွက် ပညာသင်ဆုကို ဒီဇင်ဘာ (၂) ရက် နောက်ဆုံးထား လျှောက်ထားနိုင်ပြီ

သင်တန်းပြီးဆုံးပါက ဒီပလိုမာအောင်လတ်မှတ် ရရှိမည့်အပြင် AGTI သင်တန်းများတွင် သတ်မှတ်အရည်အချင်းပြည့်မှီပါက နည်းပညာတက္ကသိုလ်များတွင် တတိယနှစ်သင်တန်းသို့ ပေါင်းကူးတက်ရောက်နိုင်မည်ဖြစ်သည်။

AGTI ကျောင်းများတွင် အဓိကအားဖြင့် မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရွန်နစ် အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ သုတနည်းပညာ၊ စက်မှုလုပ်ငန်း အင်ဂျင်နီယာ၊ စက်မှုလယ်ယာနည်းပညာနှင့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းမှုနည်းပညာတို့ သင်ကြားလျက်ရှိသည်။

ဘာသာရပ်တစ်ခုလျှင် ကျောင်းသား၊ ကျောင်းသူ (၄၀) ဦးသာ သင်ကြားပို့ချကြောင်းသိရသည်။ ယခုနှစ်တွင် နေပြည်တော်နှင့် လွိုင်ကော်မြို့တွင် ကျောင်း (၂) ကျောင်း တိုးချဲ့ဖွင့်လှစ်လျက်ရှိသည်။

AGTI ညနေပိုင်းသင်တန်းများကို ယမန်နှစ်က အင်းစိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်တွင် မန္တလေးတွင် စတင်ဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။ တစ်နိုင်ငံလုံး အစိုးရနည်းပညာအထက်တန်းကျောင်း (၃၅) ကျောင်း၊ အစိုးရနည်းပညာကောလိပ် (၃) ကျောင်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (၂၇) ကျောင်းရှိသည်။

၂၀၁၉-၂၀ ခုနှစ် တက္ကသိုလ်အသီးသီး၏ ဘွဲ့နှင်းသဘင်ကျင်းပမည့် ရက်များ

Source: Daily Eleven


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.