Friday, 08 November 2019 04:20

ielts_workshop.jpg

ဗြိတိသျှကောင်စီမှ "Study UK: Prepare to Study and Live in the UK" အွန်လိုင်းသင်တန်းကို နိုဝင်ဘာ (၄) ရက်မှ စတင်ကာ သင်ကြားပို့ချပေးသွားမယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသူမည်သူမဆို အခမဲ့တက်ရောက်နိုင်ပြီး သင်တန်းပြီးဆုံးရင် Certificate of Achievement ကိုပါရရှိနိုင်မှာဖြစ်ပါတယ်။

အဆိုပါသင်တန်းမှာ နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများကို UK နိုင်ငံရှိတက္ကသိုလ်များ၏ သင်တန်းပုံစံများ၊ အကဲဖြတ်အမှတ်ပေးပုံများ၊ UK ရောက်တဲ့အခါ ပြင်ဆင်ထားသင့်တာတွေကို သိရှိနားလည်စေရန် ရည်ရွယ်သင်ကြားပေးခြင်း ဖြစ်ပါတယ်။

သင်တန်းကနေ UK အဆင့်မြင့်ပညာရေးရဲ့ ထူးခြားတဲ့လက္ခဏာတွေ၊ ကွဲပြားတဲ့သင်ကြားရေးပုံစံတွေ၊ ကျောင်းသားတွေရရှိမယ့် ဝန်ဆောင်မှုများနှင့် ငွေကြေးဆိုင်ရာအကြံပေးမှုများ၊ အင်္ဂလိပ်ဘာသာစကားဆိုင်ရာလိုအပ်ချက်များနှင့် နေရာထိုင်ခင်းရှာဖွေခြင်း၊ မိတ်ဆွေဖွဲ့ခြင်းတို့အပြင် UK နိုင်ငံသို့ဆိုက်ရောက်လာစဉ် ပြုလုပ်မည့်အရာများ၊ အစရှိတဲ့ လက်တွေ့အသုံးကျတဲ့လမ်းညွှန်မှုတွေကို လေ့လာမှတ်သားနိုင်မှာဖြစ်ပါတယ်။

၂၀၂၀-၂၁ အထက်တန်းအဆင့် သင်ရိုးသစ်တွင် ဘာသာတွဲ (၄)မျိုး၌ ဘာသာရပ် (၁၀) မျိုးစီ ပါဝင်လာ

သင်တန်းကို (၂၀၂၀) ခုနှစ်မှာ UK နိုင်ငံရှိတက္ကသိုလ်တွေမှာ သွားရောက်ပညာသင်ယူနိုင်မယ့် နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများ၊ UK အဆင့်မြင့်ပညာရေးအကြောင်း စိတ်ပါဝင်စားတဲ့ နိုင်ငံတကာမှ ကျောင်းသားကျောင်းသူများ၊ လက်ရှိ UK မှာပညာသင်ကြားနေပြီး စာပေဆိုင်ရာစွမ်းရည်နဲ့ ဗဟုသုတတိုးတက်လိုသူများအပြင် အခြားနိုင်ငံတကာပညာရေးအား စိတ်ဝင်စားသူများအတွက် အကျိုးရှိမယ့်သင်တန်းဖြစ်တယ်လို့သိရပါတယ်။

သင်တန်းကို (၉၀%) အထက်ပြီးမြောက်ပါက အခမဲ့ဒီဂျစ်တယ်အောင်လတ်မှတ်ကိုပါရရှိနိုင်ပြီး သင်တန်းကာလမှာ (၄) ပတ်ကြာတတ်ရောက်ရမှာဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ (https://www.futurelearn.com/courses/prepare-to-study-uk) မှာစာရင်းသွင်းတက်ရောက်နိုင်ပါတယ်။

UK နိုင်ငံတွင် သွားရောက်ပညာလေ့လာလိုသူတွေနဲ့ အွန်လိုင်းမှတစ်ဆင့် UK တက္ကသိုလ်မှ သင်တန်းများတက်ရောက်လိုသူတွေအတွက် Study UK အစီအစဉ်အရ ဗြိတိသျှကောင်စီနဲ့ GREAT Britain Campaign တို့မှ အဝေးသင်ပညာရေး Website ဖြစ်တဲ့ Future Learn နဲ့ပူးပေါင်းပြီး အွန်လိုင်းအခမဲ့သင်တန်းတွေ ပို့ချလျက်ရှိပါတယ်။

Source: Internet Journal

ဒီဇင်ဘာတွင် ဖွင့်လှစ်မည့် နေ့သင်တန်းအားလုံး၏ ကျောင်းအပ်ခနှုန်းထားများ


Read times
Rate :
(0 votes)

2 comments

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.