Tuesday, 27 August 2019 04:10

 

5c35c5f04c94a-4.jpg

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ လေကြောင်းလိုင်းများတွင် ဝင်ရောက်လုပ်ကိုင်လိုသူများ အနေဖြင့် လေယာဉ်မောင်း၊ လေယာဉ်မယ်သင်တန်း လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။

Myanmar Flight Attendant School ၏ 2019 Dream Achievers Event ကို သြဂုတ်လက နိုဗိုတယ်မှာ ပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း ကျင်းပခဲ့သည့် လေကြောင်းလိုင်း လေးခု၏ လေယာဉ်မောင်၊ လေယာဉ်မယ် ခေါ်ယူမှု Recruitment များမှ အရည်အချင်းစစ် စာမေးပွဲများ အဆင့်ဆင့်အောင်မြင်ပြီး လေယာဉ်မောင်၊ လေယာဉ်မယ်အဖြစ် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံရသူ (၅၀) ဦးကို ဂုဏ်ပြုပေးခဲ့ပါသည်။

၎င်းသင်တန်းကျောင်းသည်နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် IATA (International Air Transport Association) အသိအမှတ်ပြုလေယာဉ် မောင်မယ်သင်တန်းကျောင်း ATC (Authorized Training Center) ဖြစ်ပါသည်။

>>> (၈) တန်းအောင်ရုံနဲ့ တက်နိုင်တဲ့ စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း

အဆိုပါကျောင်းတွင် ကမ္ဘာ့အကောင်းဆုံးကြယ်ငါးပွင့် လေကြောင်းလိုင်းမှာ အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော နိုင်ငံပေါင်းများစွာမှ ဆရာဖြစ်သင်ကြားခွင့် လက်မှတ်ရ လေယာဉ်မယ်ဆရာမ၊ ပြည်တွင်းလေကြောင်းမှ လေယာဉ်မောင်ဆရာ၊ လေကြောင်းပညာသိပ္ပံမှ ဆရာဖြစ်သင်ကြားခွင့် လက်မှတ်ရ ဝါရင့်လေယာဉ်မယ် အရာရှိ ဆရာမတို့အပြင် သက်ဆိုင်ရာ ပညာရှင်များစွာက ပါဝင် ပို့ချပေးမည် ဖြစ်ပြီး အင်တာဗျူးအတွက် ကြိုတင်ပြင်ဆင်မှုတွေကိုလည်း ပြုလုပ်ပေးမည်ဟု သိရပါသည်။

ထို့အပြင် ကျောင်းသူကျောင်းသားများ လေယာဉ်မောင်မယ်ဖြစ်သည့် အချိန်အထိ သင်တန်းပြီးဆုံးပြီဟု မယူဆထားသောကြောင့် သင်တန်းကာလ ပြီးဆုံးလျှင်လည်း သင်တန်းသူ သင်တန်းသားများသည် FLYCLUB ဟုခေါ်သည့် အသင်းများမှတစ်ဆင့် လေ့လာသင်ယူစရာများကို ကျောင်းနှင့် အဆက်အသွယ်မပြတ်စေဘဲ ဆက်လက်ဝေမျှပံ့ပိုးပေးမည် ဖြစ်ကြောင်း Myanmar Flight Attendant School တည်ထောင်သူ မအင်ကြင်းမှ ပြောပါသည်။

>>> တက္ကသိုလ်နှင့် ကောလိပ်များ

လေယာဉ်မောင်၊ လေယာဉ်မယ် ဖြစ်ရန် အရေးကြီးသည်မှာ စိတ်ရှည်၍ ကူညီတတ်ခြင်း၊ ပေါင်းသင်းဆက်ဆံရေးကောင်းပြီး ယဉ်ကျေးချိုသာခြင်း၊ ကိုယ်ရည်ကိုယ်သွေး ကောင်းခြင်း၊ ဗဟုသုတကြွယ်ဝခြင်း၊ ဖြတ်ထိုးဥာဏ်ရှိခြင်း၊ အလုပ်အပေါ်ထားသည့် သဘောထားကောင်းခြင်း အစရှိသည်တို့ လိုအပ်သည်ဟု ၄င်းက ပြောပါသည်။

သင်တန်းနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Myanmar Fligh Attendant School အမှတ် (၄၇၅) C၊ ပြည်လမ်း၊ Novotel Hotel အနီး၊ ကမာရွတ်မြို့နယ်။ ဖုန်းနံပါတ် ၀၉-၉၆၁၁၂၅၄၃၂ ကိုဆက်သွယ်စုံစမ်းနိုင်ပါသည်။

Kumudra


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.