Tuesday, 13 August 2019 08:26

 

6-3-20191b_1.JPG

၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ စတင်သင်ကြားမယ့် ဒွါဒဿမတန်း (Grade -12) ပြီးမြောက်မယ့် သူတွေအနေနဲ့ ပုံမှန်တက္ကသိုလ် ဝင်ခွင့်စာမေးပွဲကို မဖြစ်မနေဖြေဆိုရမှာ ဖြစ်ပြီး စာမေးပွဲ အောင်မြင်သူတွေဟာ တက္ကသိုလ်ကို တိုက်ရိုက်တက်ရောက်နိုင်သလို မအောင်မြင်သူများကိုတော့ အထက်တန်းပြီးမြောက်ကြောင်းလက်မှတ် (High School Completion Certificate) ထုတ်ပေးမှာ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။

အထက်တန်းပြီးမြောက်ကြောင်း လက်မှတ် (High School Completion Certificate) ရရှိထားပြီးပါက National Qualification Framework ရဲ့ Level-3 အဆင့်ကို ပြီးမြောက်သွားတယ်လို့ သတ်မှတ်မှာ ဖြစ်ပါတယ်။

Level-3, ကနေပြီးတော့မှ Level-4, Level-5 အဆင့်ရှိတဲ့ Certificate, Diploma, Advanced Diploma (not More than 1 year or 2 year) သို့ တက်ရောက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

>>> ဂျပန်နိုင်ငံရှိ သတင်းစာတိုက်ကြီးမှ ပညာတော်သင် ကျောင်းသား/ကျောင်းသူများ ခေါ်ယူနေ

ဒါပေမဲ့ Level-6 ဖြစ်တဲ့ Bachelor Degree ကို လိုချင်တယ်ဆိုရင်တော့ တိုက်ရိုက်ဝင်ဖို့အတွက် Matriculation Examination ကို မဖြစ်မနေ ဝင်ရောက်ဖြေဆိုရမည် ဖြစ်ပြီး၊ နိုင်ငံတကာမှာလည်း အလားတူဆောင်ရွက်ကြောင်း သိရပါတယ်။

Internet


Read times Last modified on Tuesday, 13 August 2019 08:41
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.