Friday, 09 August 2019 08:57

 

Pre_College_Actu1191.jpg

ဂျပန်နိုင်ငံရှိ သတင်းစာတိုက်ကြီးမှ ၂ဝ၂ဝခုနှစ်၊ ဧပြီလမှ ၂ဝ၂၂ခုနှစ်၊ မတ်လပညာသင်နှစ်အတွက် ပညာသင်စားရိတ် ထောက်ပံ့ပေးမည့် သတင်းစာ ပညာတော်သင် ကျောင်းသား/ကျောင်းသူ လျှောက်လွှာခေါ်ယူနေပြီ ဖြစ်သည်။

ခေါ်ယူမည့်ကျောင်းသားများ
(၁) ၂ဝ၂ဝခုနှစ်၊ ဧပြီလမှ ၂ဝ၂၂ခုနှစ်၊ မတ်လအထိ (၂) နှစ်ကြာ၊ ဂျပန်စာသင်ကျောင်းတွင် ပညာသင်ယူနိုင်မည့်သူ။
(၂) တက္ကသိုလ်ဘွဲ့ရရှိပြီးသူ အသက် ၁၈ မှ ၃၀ ကြား ကျန်းမာရေးကောင်းသူ ဖြစ်ရမည်။
(၃) ဆိုင်ကယ်လိုင်စင်ရှိသူ (သို့) ကားလိုင်စင်ရှိသူ (သို့) ၂ဝ၁၉ခုနှစ် (၁ဝ) လပိုင်းအတွင်း လိုင်စင်ရမည့်သူ။
(၄) ဂျပန်နိုင်ငံအသိအမှတ်ပြု (N5) နှင့်အထက် အောင်လက်မှတ် ရရှိပြီးသူ ဖြစ်ရမည်။ ဂျပန်စာသင်ယူရန် စိတ်ဝင်စားသူ ဖြစ်ရမည်။
(၅) ဂျပန်နိုင်ငံ၏ စည်းကမ်း၊ ကျောင်းစည်းကမ်းတို့ကို လိုက်နာမည့်သူ။
(၆) နောင်တစ်ချိန်တွင် မိမိကိုယ်ကိုနှင့် မိမိနိုင်ငံအတွက် အကျိုးပြုသူတစ်ယောက် ဖြစ်ရမည်ဟု ယုံကြည်ထားသူ။

>>> တက္ကသိုလ်နှင့် ကောလိပ်များ

ကျား/မ မရွေး ကိုယ်ရေးရာဇ၀င် (အင်္ဂလိပ်လို)ကို အီးမေးလ်ဖြင့် ပို့ပေးရမည် ဖြစ်ပြီး အသေးစိတ်ပြင်ဆင်ထားရမည့် အရာများကို အီးမေးလ်ဖြင့် အကြောင်းကြားပေးမည် ဖြစ်သောကြောင့် CV form ပေးပို့ထားနိုင်သည်။

ပေးပို့ရမည့် အီးမေးလ်မှာ [email protected] ဖြစ်သည်။

၂၅.၈.၂၀၁၉ နှင့် ၁.၉.၂၀၁၉ တွင် နံနက်(၁၀) နာရီမှ မွန်းလွဲ ၁နာရီအထိ Yangon International Hotel, 8floors, Ballroom ခန်းမတွင် ဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ပြီး ဝင်ကြေး အခမဲ့ ဖြစ်သည်။

နှစ်ရက်လုံး တူညီသောအကြောင်းအရာကို ပြောကြားမည် ဖြစ်သောကြောင့် စိတ်ဝင်စားပါက အဆင်ပြေသောတစ်ရက်ကိုသာ သေချာပေါက် တက်ရောက်နိုင်ပါသည်။

ထိုင်ခုံအရေအတွက် သတ်မှတ်ထားသောကြောင့် CV ပို့ပေးသော သူများသာ ရှင်းလင်းပွဲခန်းမအတွင်း ဝင်ရောက်ခွင့်ရပါမည်။

>>> တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီးသူများ တက်ရောက်နိုင်မည့် မြန်မာ-စင်ကာပူသင်တန်းကျောင်း

အသေးစိတ် သိရှိလိုပါက ဖုန်း - ၀၉-၄၅၄၀၁၁၈၁၉၊ ၀၉-၇၈၆၄၃၃၄၅၀၊၀၉-၇၈၆၄၃၃၄၅၁ သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။

CV Download ရယူလိုပါက https://bit.ly/31gBKOh တွင် Download ရယူနိုင်ပါသည်။

အင်တာဗျူး စစ်ဆေးမည့် ရက်မှာ ၁၃.၉.၂၀၁၉ နှင့် ၁၅.၉.၂၀၁၉ ဖြစ်ပါသည်။

Akamonkai Japanese Language School Yangon


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.