Friday, 02 August 2019 10:48

 

10dd7f46ca2f22ce7ce9308c89d2507c_XL.jpg

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပန်းချီပညာဌာနသို့ တက်ရောက်လိုသူများသည် လူတွေ့စစ်ဆေးရာတွင် ပန်းချီပညာကို လက်တွေ့ပြသရမည် ဖြစ်သည်။

၎င်းပညာရပ်အပေါ်တွင် လက်တွေ့ပြသရမည်ဖြစ်ကြောင်းကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပန်းချီပညာဌာန ပါမောက္ခဌာနမှူး ဦးမြတ်ထွန်းအောင်၏ ပြောပြချက်အရ သိရသည်။

" နှစ်စဉ်အတွေ့အကြုံအရ စိတ်ဝင်စားတယ်ဆိုပြီး လာလျှောက်ကြပေမယ့် ဘာမှပြင်ဆင်လာခြင်းမရှိဘူး။ ဒီနှစ်စိတ်ဝင်စားမှု ဘယ်လောက်ရှိသလဲဆိုတာ သက်သေပြဖို့စစ်ဆေးပါမယ်။ လူတွေ့စစ်ဆေးတဲ့အခါ ရေးဆွဲပြီးသား ပန်းချီကားတွေကို ယူဆောင်လာရပါမယ်။ အဲဒီလိုမပါလာတဲ့ကျောင်းသား/သူ တွေကို လက်တွေ့ရေးဆွဲ ပြသစေမှာပါ။ အခုမှ လျှောက်လွှာ လက်ခံဆောင်ရွက်နေတဲ့ အချိန်ဆိုတော့ လူတွေ့စစ်ဆေးမယ်ရက်က လိုပါသေးတယ်။ အခုကတည်းက ကြိုတင်ပြင်ဆင်ဖို့ အချိန်ရှိပါသေးတယ် " ဟု ဦးမြတ်ထွန်းအောင်က ပြောသည်။

>>> တက္ကသိုလ်နှင့် ကောလိပ်များ

" ပန်းချီပညာဌာန အနေဖြင့် မနှစ်ကတုန်းကတော့ ကျောင်းသား/သူ (၅၀) ကျော်ပဲလက်ခံပါတယ်။ စိတ်ဝင်တစား လာလျှောက်ကြတဲ့ ကျောင်းသား/သူ တွေများတော့ ဒီနှစ်မှာ ကျောင်းသား/သူ (၇၀) ကျော်လောက် တိုးမြှင့်လက်ခံဖို့ စီစဉ်ထားပါတယ်" ဟု ၄င်းက ပြောသည်။

ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသည့် ကျောင်းသား/သူ များ၏ လျှောက်ထားမှုများကို လက်ခံနေပြီး လူတွေ့စစ်ဆေးမှု လုပ်ဆောင်ရာတွင် ပန်းချီပညာရပ်အပေါ် စိတ်ဝင်စားကြောင်း လက်တွေ့ပြသစေကာ စစ်ဆေးမည်ဖြစ်သည်။

>>> Day နှင့် အဝေးသင်ကျောင်း စတင်တက်ရောက်ရမည့် ရက်များ

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပန်းချီပညာဌာနသို့ လျှောက်ထားရန် တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းမလိုဘဲ လက်ခံနေပြီး အောက်တိုဘာလ ပထမပတ်အတွင်း လူတွေ့စစ်ဆေးရန် စီစဉ်ထားကြောင်းသိရသည်။

မြဝတီ


Read times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.