Thursday, 25 July 2019 11:17

 

1-67.jpg

မြန်မာ-စင်ကာပူသင်တန်းကျောင်းမှ ၂၀၁၉ ခုနှစ်အတွက် အင်ဂျင်နီယာပညာရပ်နှင့် ဟိုတယ်နှင့်ခရီးသွားသင်တန်း အမျိုးအစား ၁၀ ခုကို ဖွင့်လှစ်မည်ဖြစ်ရာ လာမည့်ဩဂုတ် ၅ ရက်တွင် စတင်လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

နည်းပညာနှင့် သက်မွေးပညာဦးစီးဌာနမှ SMVTI သက်မွေး ပညာသင်တန်းကျောင်းတွင် ၂၀၁၉ ခုနှစ်အတွက် ဖွင့်လှစ်မည့် Engineering and Technology ဘာသာရပ် (၆) မျိုးနှင့် Hospitality and Tourism ဘာသာရပ် (၄) မျိုးအတွက် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီးသော အသက် (၁၆)နှစ်အောက် ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်မည် ဖြစ်ပြီး သင်တန်းဝင်ခွင့် လျှောက်လွှာများကို ဩဂုတ် ၅ ရက်မှ ၁၆ ရက်အထိ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းသင်တန်းဘာသာရပ် ၁၀ မျိုးအတွက် ဘာသာရပ်တစ်ခုလျှင် သင်တန်းသား၊ သင်တန်းသူ ၄၀ ခန့် လက်ခံသင်ကြားပေးနေပြီး၊ အဆိုပါသင်တန်းကို သင်တန်းကြေး သတ်မှတ်ထားခြင်းမရှိဘဲ ယူနီဖောင်းကြေး၊ သင်ရိုးညွှန်းတမ်း စာအုပ်ကြေးတို့သာ သတ်မှတ်ထားကြောင်း သိရသည်။

>>> တက္ကသိုလ်နှင့် ကောလိပ်များ

သင်တန်းကိုတက်ရောက်ခွင့်ရပါက သင်တန်းကာလ (၆) လ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက အသိအမှတ်ပြု အောင်လက်မှတ် ရရှိမည်ဖြစ်ကာ သင်ကြားမှုများကို ခေတ်မီလက်တွေ့ပစ္စည်းများ အသုံးပြု၍ စာတွေ့လက်တွေ့ ပို့ချမည်ဖြစ်ကြောင်း သိရသည်။

ဟိုတယ်နှင့်ခရီးသွားဘာသာရပ်တွင် သင်ကြားမည့်ဘာသာရပ်များမှာ
(၁) Front Office Operations
(၂) HouseKeeping
(၃) Restaurant Operations
(၄) Retail Operations တို့ဖြစ်ပြီး

>>> Day နှင့် အဝေးသင်ကျောင်း စတင်တက်ရောက်ရမည့် ရက်များ

အင်ဂျင်နီယာဘာသာရပ်တွင် သင်ကြားမည့်ဘာသာရပ်များမှာ
(၁) Residentil AirConditioning
(၂) Building Fixtures and Equipment
(၃) General Welding
(၄) Mechatronics (Basic)
(၅) Electrical Technology
(၆) Electronic (Computer Networking) တို့ ဖြစ်သည်။

အဆိုပါကျောင်းသို့ လျှောက်ထားမည့်သူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်း၊ စင်ကာပူ-မြန်မာ သက်မွေးသင်တန်းကျောင်းတွင် လာရောက် လျှောက်ထားရမည် ဖြစ်သည်။

Democracytoday


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.