Monday, 22 July 2019 08:04

 

Dagon_University_students_Yangon.JPG

Day လျှောက်ထားသူများအတွက်

ဝင်ခွင့်ရ မေဂျာစာရင်းများအား သက်ဆိုင်ရာတက္ကသိုလ်အလိုက် ၂၀၁၉ အောက်တိုဘာလ ပထမအပါတ်တွင် စတင်ကြေငြာမည်ဖြစ်ပြီး ကြေငြာပြီးတစ်ပါတ်အကြာတွင် သက်ဆိုင်ရာတက္ကသိုလ်များတွင် ကျောင်းအပ်နှံခြင်း ဆောင်ရွက်ရမည်ဖြစ်သည်။ နေ့သင်တန်း လျှောက်ထားသူများအားလုံးသည် ဒီဇင်ဘာလပထမအပါတ် တနင်္လာနေ့မှ စတင်ကာ တက်ရောက်ရမည် ဖြစ်သည်။

သတိပြုရန်မှာ မိမိလျှောက်ထားသည့် မေဂျာ မတွေ့ရှိပါက အခြားသော မေဂျာများတွင် ရှာဖွေပေးကြရန် ဖြစ်သည်။ ထိုနည်းတူစွာပင် မေဂျာသည် မိမိဖြေဆိုခဲ့သည့် သက်ဆိုင်ရာ စာစစ်ဌာန၏ မြို့နယ်နှင့် သက်ဆိုင်သော ကျောင်းများ၌သာ စုံစမ်းရမည်ဖြစ်သည်။

အဝေးသင် လျှောက်ထားသူများအတွက်

၂၀၁၉ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အဝေးသင်တက္ကသိုလ်သို့ လျှောက်ထားသူများ၏ ဝင်ခွင့်ရသူစာရင်းများအား ဒီဇင်ဘာလ ဒုတိယအပါတ်တွင် သက်ဆိုင်ရာ တက္ကသိုလ် /ဒီဂရီ ကောလိပ်အလိုက် ကြေငြာသွားမည် ဖြစ်ပါသည်။

ထိုသို့ကြေငြာအပြီး တစ်ပါတ်အတွင်း ကျောင်းအပ်နှံခြင်းအား စတင်ဆောင်ရွက်ရမည် ဖြစ်သည်။ ကျောင်းအပ်ခြင်းနောက်ဆုံးရက်သည် မတ်လ (၃၁) အထိ ဖြစ်သည်။

အဝေးသင်သမားများသည် သက်ဆိုင်ရာမေဂျာအလိုက် ကျောင်းများတက်ရောက်ရပေမည်။

အဝေးသင်တွင် ဘာသာရပ်အလိုက် အသုတ် ( ၃ ) သုတ်ခွဲကာ တက်ရောက်ရပေမည်။

ပထမအသုတ်မှာ

သိပ္ပံတွဲအားလုံးသည် ပထမအသုတ် ဖြစ်သည်။

သိပ္ပံဘာသာတွဲတွင်
သင်္ချာ
ဓါတုဗေဒ
ရူပဗေဒ
သတ္တဗေဒ နှင့်
ရုက္ခဗေဒ ဆိုသည့် ဘာသာရပ် (၅) ခုပါဝင်သည်။

ထိုသိပ္ပံတွဲသမားများ အားလုံးသည် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ပထမအပါတ်မှစ၍ (စနေ ၊တနင်္ဂနွေ) တစ်ပါတ်ခြား ( Practical ) လက်တွေ့သင်တန်းများ တက်ရာက်ရမည် ဖြစ်ပြီး အခြားဘာသာရပ်များကဲ့သို့ အနီးကပ် ( ၁၀ ) ရက်တက်စရာမလိုပါ။

>>> တက္ကသိုလ်နှင့် ကောလိပ်များ

ဒုတိယအသုတ်မှာ

အင်္ဂလိပ်
ဥပဒေဘာသာရပ်
ပထဝီဘာသာရပ်
စိတ်ပညာ
ဒသနိကဗေဒ နှင့်
အရှေ့တိုင်းပညာ ( ပါဠိ) စသည့် ဘာသာရပ်များ ပါဝင်သည်။

အောက်တိုဘာလ ဒုတိယအပါတ်မှာ အနီးကပ် ( ၁၀ ) ရက် တက်ရမည် ဖြစ်ပြီး တစ်ပါတ်အတွင်း အတန်းတင်စာမေးပွဲ ဖြေဆိုရမည်။


တတိယအသုတ်မှာ

မြန်မာစာအထူးပြု
သမိုင်းအထူးပြု
စီးပွားရေးအထူးပြု
စီးပွားစီမံအထူးပြု
အိမ်တွင်းစီးပွားအထူးပြု
ရသစာပေအထူးပြု
မြန်မာမှုအထူးပြု နှင့်
ပြည်သူ့ရေးရာအထူးပြု စသည့် ဘာသာရပ်များ ပါဝင်သည်။

>>> စက်တင်ဘာလကုန်ထိ ဆောင်ရွက်ပေးမည့် စီးတီးတက္ကစီယာဉ်များ၏ မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းလုပ်ငန်းများ

ထိုအသုတ်များသည် နိုဝင်ဘာလ ပထမအပါတ်တွင် အနီးကပ် ( ၁၀ ) ရက် တက်ရောက်ရမည် ဖြစ်ပြီး တစ်ပါတ်အတွင်း အတန်းတင်စာမေးပွဲများဖြေဆိုရမည်။ Assignment တင်ရမည်။
အဝေးသင်သမားတိုင်း Assignment တင်ရမည် ဖြစ်သည်။

Assignment များသည် ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်ဆိုပြီး (၂) ကြိမ်ခွဲတင်ရမည် ဖြစ်သည်။

Exam Guide


Read times Last modified on Monday, 22 July 2019 08:23
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.