Wednesday, 17 July 2019 09:22

 

school-1.jpg

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်၊ မန္တလေး) ပထမနှစ်သင်တန်းများသို့ တက်ရောက်ရန် အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်မည် ဖြစ်သည်။

(၁) တက္ကသိုလ်ဝင်စာမေးပွဲအား မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်ရမည်။
(၂) ကျန်းမာရေးကောင်းမွန်ပြီး သက်ဆိုင်ရာအထူးပြုဘာသာရပ်နှင့် ကိုက်ညီသော ကိုယ်အင်္ဂါကျန်းမာသန်စွမ်းသူဖြစ်ရမည်။
(၃) အနုပညာဝါသနာပါသူ ဖြစ်ရမည်။

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူများသည် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)သို့လည်းကောင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ် စာစစ်ဌာနများမှ အောင်မြင်သူများသည် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)သို့လည်းကောင်း လျှောက်ထားနိုင်မည် ဖြစ်သည်။

လျှောက်လွှာပုံစံများကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၁/ဈ၊၊ အောင်ဇေယျလမ်း၊ (၂၆)ရပ်ကွက် ဒဂုံမြို့သစ်(တောင်ပိုင်း) ရန်ကုန်တိုင်း၌လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ရွှေစာရံဘုရားလမ်း အုန်းချောကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်း၌လည်းကောင်း ဝယ်ယူ၍ လျှောက်ထားနိုင်သည်။

>>> တက္ကသိုလ်နှင့် ကောလိပ်များ

လျှောက်လွှာပုံစံနှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း ထောက်ခံချက်၊ အမှတ်စာရင်းမူရင်း၊ ပတ်စပို့အရွယ်ဓာတ်ပုံ(၇)ပုံတို့နှင့် ပူးတွဲလျက်၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့ နောက်ဆုံးထား၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် (မန္တလေး)သို့ တိုက်ရိုက်ပေးပို့ လျှောက်ထားကြရမည်ဖြစ်ပြီး ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့တွင် လူတွေ့စစ်ဆေးမည် ဖြစ်သည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များတွင် သင်ကြားမည့် အထူးပြုဘာသာရပ်အလိုက် အောက်ပါအတိုင်း ဘွဲ့အပ်နှင်းမည်ဖြစ်ပြီး မိမိတို့ သင်ယူလိုသည့် အထူးပြုဘာသာရပ်ကို မိမိတို့ ဝါသနာပါသည့်အတိုင်း ဦးစားပေး လျှောက်ထားနိုင်သည်။

(၁) အထူးပြုဘာသာရပ် အနေဖြင့် ဂီတပညာကို သင်ကြားမည်ဆိုပါက သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပြီး ဝိဇ္ဇာဘွဲ့ (ဂီတ)ကို ပေးအပ်မည် ဖြစ်သည်။

(၂) အထူးပြုဘာသာရပ် အနေဖြင့် သဘင်ပညာကို သင်ကြားမည်ဆိုပါက သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပြီး ဝိဇ္ဇာဘွဲ့ (သဘင်)ကို ပေးအပ်မည် ဖြစ်သည်။

(၃) အထူးပြုဘာသာရပ် အနေဖြင့် ပန်းချီပညာကို သင်ကြားမည်ဆိုပါက သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပြီး ဝိဇ္ဇာဘွဲ့ (ပန်းချီ်)ကို ပေးအပ်မည် ဖြစ်သည်။

(၄) အထူးပြုဘာသာရပ် အနေဖြင့် ပန်းပုပညာကို သင်ကြားမည်ဆိုပါက သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပြီး ဝိဇ္ဇာဘွဲ့ (ပန်းပု)ကို ပေးအပ်မည် ဖြစ်သည်။

(၅) အထူးပြုဘာသာရပ် အနေဖြင့် ရုပ်ရှင်နှင့် ပြဇာတ်ပညာကို သင်ကြားမည်ဆိုပါက သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပြီး ဝိဇ္ဇာဘွဲ့(ရုပ်ရှင်နှင့်ပြဇာတ်)ကို ပေးအပ်မည် ဖြစ်သည်။

>>> ပထမဆုံး နိုင်ငံတကာအဆင့်မီ မြန်မာ့ငါးပြတိုက်ကို ၂၀၂၀ တွင် ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်

အသေးစိတ် အချက်အလက်များကို သိလိုပါက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ၀၁-၅၉ဝ၂၅၂၊ ၀၁-၅၉၀၂၅၄ သို့လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၊ ၁၈၅ - ၄၀၁၈၄ သို့ လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.