Thursday, 11 July 2019 11:21

 

IMG_8247.jpg

ပြင်ဦးလွင်မြို့ရှိ ရတနာပုံဆိုက်ဘာစီးတီး နည်းပညာတက္ကသိုလ်သို့ ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများမှ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်များ ပါဝင်သည့် ဘာသာတွဲတစ်ခုခုဖြင့် ဖြေဆိုအောင်မြင်ပြီး စုစုပေါင်းရမှတ် (၄၂၀) နှင့်အထက် ရရှိသူများ လျှောက်ထားနိုင်ပါသည်။

စုစုပေါင်း ကျောင်းသား/သူ လက်ခံမည့် ဦးရေမှာ (၃၅၀) ဦးဖြစ်ပြီး ဝင်ခွင့်လျှောက်ထားလိုသူများသည် နိုင်ငံသားမှတ်ပုံတင်အမှတ်နှင့် လိုအပ်ချက် အပြည့်အစုံဖော်ပြ၍ မိတ္တူများကို တစ်ပါတည်းပူးတွဲတင်ပြရမည် ဖြစ်သည်။

မှတ်ပုံတင် လျှောက်ထားဆဲဖြစ်ပါက အမှန်တကယ် လျှောက်ထားဆဲဖြစ်ကြောင်း သက်ဆိုင်ရာလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၏ ထောက်ခံစာမူရင်းကို မပျက်မကွက်ပူးတွဲ တင်ပြရပါမည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) သို့ စာတိုက်မှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ တိုက်ရိုက်လျှောက်ထားနိုင်ပါသည်။

>>> တက္ကသိုလ်နှင့် ကောလိပ်များ

လျှောက်လွှာများကို သက်ဆိုင်ရာစာစစ်ဌာနများတွင် ထုတ်ယူပြီး ၄င်းတက္ကသိုလ်သို့ ဇူလိုင်လ ၂၃ ရက်နေ့အထိ ရုံးချိန်အတွင်း လျှောက်ထားနိုင်ပါသည်။ နောက်ကျလျှောက်လွှာများကို လက်ခံဆောင်ရွက်ပေးမည်မဟုတ်ပါ။

သင်တန်းကာလမှာ (၆) နှစ်ဖြစ်ပြီး အထူးပြုဘာသာရပ်အလိုက် အောင်မြင်ပြီးမြောက်သူများကို အောက်ပါ နည်းပညာဆိုင်ရာဘွဲ့များကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။

(၁) သတင်းအချက်အလက်သိပ္ပံနှင့် နည်းပညာအင်ဂျင်နီယာဘွဲ့
B.E (Information Science & Technology)

(၂) ကွန်ပျူတာအင်ဂျင်နီယာဘွဲ့
B.E (Computer Engineering)

(၃) အီလက်တရောနစ်အင်ဂျင်နီယာဘွဲ့
B.E (Electronics)

(၄) ဒြပ်ပစ္စည်းနှင့် သတ္ထူဗေဒအင်ဂျင်နီယာဘွဲ့
B.E (Materials & Metallurgy)

(၅) အော်တိုမက်တစ်တိကျပစ္စည်းထုတ်လုပ်မှု အင်ဂျင်နီယာဘွဲ့
B.E (Mechanical Precision & Automation)

>>> လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုများအတွက် လျင်မြန်စွာ အကူအညီပေးနိုင်မည့် “SafeMe”


အသေးစိတ်သိရှိလိုပါက နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)၊ မော်ကွန်းထိန်း ၀၉-၄၂၀၀၂၃၁၈၂၊ ကျောင်းသားရေးရာ ၀၂-၅၁၇၈၁၇၀ နှင့် ပါမောက္ခချုပ်ရုံးအဖွဲ့ ၀၂-၅၁၇၈၂၀၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

University News


Read times Last modified on Friday, 12 July 2019 03:15
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.