Tuesday, 11 June 2019 06:44

 

exam5.jpg

၂၀၁၉ ခုနှစ် ရန်ကုန်တိုင်းရဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းဟာ ၃၂.၆၃ ရှိခဲ့ပြီး ဖြေဆိုသူ ဦးရေ ၁၂၁,၇၆၂ အနက် ၃၉,၇၃၂ အောင်မြင်ခဲ့ပါတယ်။

အောင်မြင်သူတွေထဲမှာ ၆ ဘာသာဂုဏ်ထူးရှင် ၁၇၅ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၃၈၂ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၄၈၀ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၇၃၀ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၄၇၂ ဦး နဲ့ ၁ ဘာသာဂုဏ်ထူးရှင် ၄၈၃၂ ဦး ပေါ်ထွက်ခဲ့ပါတယ်။

ပညာရေးမှူးရုံးများ >>> http://bit.ly/2HFl4ZU

ရန်ကုန်တိုင်း၏ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အောင်ချက်ရာခိုင်နှုန်းများ နှိုင်းယှဉ်ရာတွင် ယခုနှစ်ဟာ အောင်ချက်အနည်းဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။

၂၀၁၅ ခုနှစ်မှာ အောင်ချက် ၃၆ ရာခိုင်နှုန်း၊ ၂၀၁၆ ခုနှစ်မှာ အောင်ချက် ၃၃.၂၁ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်မှာ ၃၇.၂၄ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်မှာ ၃၇.၅၅ ရာခိုင်နှုန်း အသီးသီးရှိခဲ့ပါတယ်။

Read More >>> (၁၀) တန်းအမှတ်စာရင်းများကို နေပြည်တော်နှင့် ရန်ကုန်တွင် စတင်ထုတ်ယူနိုင်ပြီ

တစ်နိုင်ငံလုံးအနေဖြင့် ၂၀၁၉ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆိုသူဦးရေ ၈၅၁,၅၂၄ ထဲမှ အောင်မြင်သူ ၂၆၇,၆၉၆ ရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၃၁.၄၄ ရှိပါတယ်။


Read 261 times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.