Tuesday, 11 June 2019 04:22

 

Exam.jpg

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းများကို နေပြည်တော် ရုံးအမှတ်  (၅၂)နှင့် ရန်ကုန်မြို့ ပါရမီလမ်းပေါ်ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့တွင် ဇွန်လ(၁၀) ရက်နေ့ မှစတင်ကာ နှစ်နေရာခွဲ၍ စတင်ထုတ်ပေးနေပြီ ဖြစ်ပါတယ်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်း အောင်စာရင်းထုတ်ပေးနိုင်ရေးအတွက် မိုဘိုင်းလ်တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းထုတ်ပေးရေးအဖွဲ့များ စေလွှတ်နိုင်ရေး စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရပါတယ်။

အမှတ်စာရင်း လာရောက်ထုတ်ယူသူများအနေဖြင့် တံဆိပ်ခေါင်းနှင့် လျှောက်လွှာထုတ်ယူပြီး " အမှတ်စာရင်းတောင်းခံသူအမည်၊ စာစစ်ဌာန၊ ခုံအမှတ်၊ အဘအမည်နှင့် ဖြေဆိုသည့်ခုနှစ် " ထည့်သွင်းရေးသား လျှောက်ထားရမည်ဖြစ်သည်။

Read More >>> ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အားလုံးတွင် မိုးဆက်လက် ရွာသွန်းမည်

 

(၁၀) တန်း အမှတ်စာရင်း/အောင်လက်မှတ် ထုတ်ယူရန် လိုအပ်ချက်များကို အောက်တွင် ဖော်ပြပေးထားပါတယ်။

(၁) အမည်
(၂) မှတ်ပုံတင်နံပါတ် (ရှေ့/နောက်)
(၃) Passport လိုင်စင်ပုံ (နောက်ခံ အပြာ)
(၄) ဖခင်အမည်၊ မိခင်အမည်
(၅) ခုံနံပါတ်၊ အောင်မြင်သည့်ခုနှစ်
(၆) စာစစ်ဌာန
(၇) နေရပ်လိပ်စာအပြည့်အစုံ
(၈) ဖုန်းနံပါတ်

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနဟာ ယခင်က လှိုင်မြို့နယ်အတွင်းရှိ RC2 ဝင်း ဇွဲကပင်ဆောင်တွင် တည်ရှိခဲ့ပြီး ယခုအခါတွင် ပြည်လမ်း-ပါရမီလမ်း၊ AD မီးပွိုင့်အနီးသို့ ပြောင်းရွှေ့ထားပါတယ်။

 

 

 

 

 


Read 158 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.