Thursday, 06 June 2019 06:39

Exam Result

 

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၈ ရက်နေ့၊ စနေနေ့ မနက် ၆နာရီ အချိန်တွင် ထုတ်ပြန်သွားမည် ဖြစ်ပြီး မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများတွင် တစ်ချိန်ထဲ ကပ်ထားပေးမည် ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အောင်စာရင်းများကို တိုင်းနှင့်ပြည်နယ်အလိုက် သက်ဆိုင်ရာပညာရေးမှူးရုံးများတွင် လည်းကောင်း၊ ခရိုင်ပညာရေးမှူးရုံးများတွင် လည်းကောင်း စုံစမ်း မေးမြန်းနိုင်ကြောင်း ထုတ်ပြန် ကြေညာထားပါသည်။

ပညာရေးမှူးရုံးများ၏ တည်နေရာနှင့် ဖုန်းနံပါတ်များ
>>> http://bit.do/eUjXa 

ထို့ပြင် အင်းစိန်မြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊
ရန်ကင်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊
စမ်းချောင်းမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊
လမ်းမတော်မြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊
ဒဂုံမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းနှင့်
သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ကပ်ထားပေးမည် ဖြစ်သည်။

အခြေခံကျောင်းပေါင်း " ၉၁၆ " ကျောင်း၏ တည်နေရာနှင့် ဖုန်းနံပါတ်များ
>>> http://bit.do/eUkWr  

အောင်စာရင်း ထုတ်ပြန်သည့်ရက် ဇွန်လ ၈ ရက်၊ မနက် ၆နာရီတွင် ပညာရေးဌာန၏ ဝက်ဆိုဒ်ဖြစ်သော www.moe.gov.mm နှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ ဝက်ဆိုဒ်ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

ဝင်ရောက် ရှာဖွေရာတွင် အဆင်မပြေမှုများ ရှိပါက 1876 ကို ဆက်သွယ် မေးမြန်းနိုင်ပါသည်။

 


Read times Last modified on Thursday, 06 June 2019 08:47
Rate :
(4 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.