Wednesday, 15 May 2019 09:11

 

matriculation.jpg

၁၀ တန်း အောင်စာရင်းများ ကြည့်နိုင်မည့် နေရာများကို မြို့နယ်အလိုက် ဖော်ပြပေးထားပါသည်။

၁။ တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်း ကပ်ထားမည်ဖြစ်ပါသည်။

၂။ ထို့အပြင်

- အင်းစိန်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊

- ရန်ကင်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊

- ကမာရွတ်မြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊

- လမ်းမတော်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊

- ဒဂုံမြို့နယ်၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းနှင့်

- သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း တို့တွင်လည်း တိုင်းဒေသကြီး/ပြည်နယ်များ၏ အောင်စာရင်း များကို ကပ်ထားမည် ဖြစ်ပါသည်။

နှစ်နိုင်ငံကုန်သွယ်ရေးမြှင့်တက်စေရန် ရည်ရွယ်၍ ထိုင်း - မြန်မာ ကုန်သွယ်ရေးစင်တာ ဖွင့်လှစ်မည်

၃။ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အောင်စာရင်းများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးရုံးများတွင် လည်းကောင်း၊ ခရိုင်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံး များတွင်လည်းကောင်း၊ မြို့နယ်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံး များတွင်လည်းကောင်း၊ မိမိတို့ ဖြေဆိုခဲ့သည့် ကျောင်းများတွင် လည်းကောင်း သွားရောက်ကြည့်ရှုနိုင်ပါသည်။

၎။ အောင်စာရင်းထုတ်ပြန်သည့်နေ့တွင် ပညာရေးဝန်ကြီးဌာန Website ဖြစ်သော www.moe.gov.mm မှတစ်ဆင့်လည်းကောင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင်လည်းကောင်း ဝင်ရောက် ကြည့်ရှုနိုင်ရန် စီစဉ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

၅။ အဆိုပါ Website တွင် ကြည့်ရှုရန် အခက်အခဲ ရှိပါက ကျမတို့၏ MMRD Call Center ဖြစ်သော ဖုန်းနံပါတ် 1876 သို့ ဖုန်းဆက် မေးမြန်းနိုင်ပါသည်။ MPT, Telenor, Mytel Sim Card ဖုန်းများဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်းအသိပေးအပ်ပါသည်။ ဆက်သွယ်နိုင်သော အချိန်မှာ နေ့စဉ် နံနက် ၈ နာရီမှ ည ၈ နာရီအထိ ဖြစ်ပါသည်။

Source : the Myanmar Education Guide


Read 227 times Last modified on Wednesday, 15 May 2019 10:53
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.