Tuesday, 14 May 2019 09:59

 

uni.jpg

Times Higher Educationအဖွဲ့အစည်းက သတ်မှတ်တဲ့ ကမ္ဘာ့တက္ကသိုလ်အဆင့် သတ်မှတ်ချက်ထဲမှာ မြန်မာနိုင်ငံက တက္ကသိုလ်တွေ လာမယ့် ၂၀၂၀ ခုနှစ်က စပြီး ပါဝင်နိုင်တော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။

Times Higher Education အဖွဲ့က ပထမအကြိမ်အဖြစ် တက္ကသိုလ်များအဆင့်သတ်မှတ်ရေးဆိုင်ရာ ဆွေးနွေးပွဲကို မေလ(၁၃)ရက်က ပါမောက္ခချုပ်များကော်မတီရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို အမျိုးသားပညာရေး မူဝါဒကော်မရှင်က တာဝန်ရှိသူတွေနဲ့ ပါမောက္ခချုပ်တွေ တက်ရောက်ခဲ့ပြီး တက်ရောက်လာတဲ့ တက္ကသိုလ်တွေက ပါမောက္ခချုပ်တွေကို တက္ကသိုလ်အဆင့်သတ်မှတ်ဖို့လိုအပ်တဲ့ စစ်တမ်းတွေ ကောက်ယူခဲ့တယ်လို့သိရပါတယ်။

ရန်ကုန်လျှပ်စစ်ဓါတ်အား အလှည့်ကျဝန်လျော့ခြင်း အပြင် အရေးပေါ်ထပ်လျှော့မည်ဖြစ်

ကမ္ဘာ့အဆင့် တက္ကသိုလ်သတ်မှတ်ချက်ထဲမှာ မြန်မာနိုင်ငံက တက္ကသိုလ်အားလုံးပါဝင်ဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဌ ပါမောက္ခဒေါက်တာ
မျိုးကြွယ်က ပြောပါတယ်။

Times Higher Education က ကမ္ဘာ့တက္ကသိုလ်အဆင့်တွေကို သတ်မှတ်ရာမှာ လုပ်ငန်းခွင်လိုအပ်ချက် ဖြည့်ဆည်းနိုင်တဲ့ ဘွဲ့ရ အရည်အသွေးမီ ကျောင်းသားမွေးထုတ်နိုင်မှု ပမာဏ၊ ကျောင်းသား၊ ဆရာအချိုး၊ နိုင်ငံတကာကျောင်းသားဦးရေ၊ အမျိုးသား၊ အမျိုးသမီးဦးရေအချိုး စတဲ့ အချက်တွေပေါ်မူတည်ပြီး သတ်မှတ်တာဖြစ်တယ်လို့ သိရပါတယ်။

Times Higher Education ရဲ့ ၂၀၁၉ခုနှစ် ကမ္ဘာ့အဆင့်တက္ကသိုလ် သတ်မှတ်ချက်အရ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်က အဆင့် (၁)၊ ကိန်းဘရစ်ခ်ျတက္ကသိုလ်က အဆင့် (၂)နဲ့  စတန်းဖို့ဒ်တက္ကသိုလ်က အဆင့်(၃)နေရာမှာ ရှိနေပါတယ်။

Source : 7days daily


Read 72 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.