Saturday, 12 January 2019 04:54

    hjhjdd.jpeg

    ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ၌ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ဖွင့်လှစ်မည့် သူနာပြု-သားဖွားဒီပလိုမာ သုံးနှစ်သင်တန်းနှင့် ဘက်စုံ သားဖွားဒီပလိုမာ နှစ်နှစ်သင်တန်း တက်ရောက်ခွင့် ရရှိသူများစာရင်းကို ထုတ်ပြန်ကြေညာခဲ့သည်။

     

    သူနာပြု-သားဖွားဒီပလိုမာ သုံးနှစ်သင်တန်းနှင့် ဘက်စုံ သားဖွားဒီပလိုမာ နှစ်နှစ်သင်တန်း တက်ရောက်ခွင့် ရသူများသည် သက်ဆိုင်ရာ သင်တန်းကျောင်းသို့ နိုဝင်ဘာ ၁၄ ရက်တွင် သတင်းပို့ရမည်ဖြစ်ပြီး သင်တန်းဖွင့်သည့် နေ့ရက်ထက် နှစ်ပတ်ကျော်လွန်ပြီး သတင်းပို့ခြင်း မရှိပါက သင်တန်းတက်ရောက်ခွင့် ပယ်ဖျက်မည်ဖြစ်သည်။

    သူနာပြု-သားဖွားဒီပလိုမာ သုံးနှစ်သင်တန်းသို့ တက်ခွင့်ရသူများသည် သင်တန်းကာလအတွင်း ပျက်ကွက်လျှင် နိုင်ငံတော်မှ သတ်မှတ်ထားသော သူနာပြု-သားဖွားဒီပလိုမာ သုံးနှစ်သင်တန်းအတွက် လျော်ကြေးငွေ ကျပ် ရှစ်သိန်း (သို့မဟုတ်) အခါအားလျော်စွာ ပြင်ဆင်သတ်မှတ်သည့် လျော်ကြေးငွေ ပေးလျော်ရန် ကတိခံဝန်ချက် ချုပ်ဆိုရမည်ဖြစ်ပြီး သင်တန်းတက်ရောက် အောင်မြင်ပြီးပါက နိုင်ငံတော်မှ လိုအပ်လျက်ရှိသော တိုင်းဒေသကြီး/ပြည်နယ်များရှိ မည်သည့်ဒေသမဆို နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး သုံးနှစ် မပျက်မကွက် တာဝန်ထမ်းဆောင်ရန်နှင့် ပျက်ကွက်ပါက လျော်ကြေးငွေ ကျပ်သိန်း ၁၀၀ ကို ပေးလျော်ရန် ကတိခံဝန်ချက်ကို ချုပ်ဆိုရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ထုတ်ပြန်ထားသည်။

    ထို့ပြင် ဘက်စုံ သားဖွားဒီပလိုမာ နှစ်နှစ်သင်တန်းသို့ တက်ခွင့်ရသူများသည် သင်တန်းကာလအတွင်း ပျက်ကွက်လျှင် နိုင်ငံတော်က သတ်မှတ်ထားသော လျော်ကြေးငွေကျပ် သုံးသိန်း (သို့မဟုတ်) အခါအားလျော်စွာ ပြင်ဆင် သတ်မှတ်သည့် လျော်ကြေးငွေ ပေးလျော်ရန် ကတိခံဝန်ချက် ချုပ်ဆိုရမည်ဖြစ်ပြီး သင်တန်းတက်ရောက် အောင်မြင်ပြီးပါက နိုင်ငံတော်မှ လိုအပ်ချက်ရှိသော တိုင်းဒေသကြီး/ပြည်နယ်များရှိ မည်သည့်ဒေသမဆို နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး သုံးနှစ် မပျက်မကွက် တာဝန် ထမ်းဆောင်ရန်နှင့် ပျက်ကွက်ပါက လျော်ကြေးငွေကျပ် သိန်း ၅၀ ကိုပေးလျော်ရန် ကတိခံဝန်ချက်ကို ချုပ်ဆိုရမည် ဖြစ်ကြောင်း ကြေညာထားသည်။

     

    ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက သူနာပြု-သားဖွားဒီပလိုမာ သုံးနှစ်သင်တန်း လျော်ကြေးကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်မှုများရှိခဲ့ပြီး ထိုအချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်သူနာပြု သင်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ တွေ့ဆုံဆွေးနွေးမှုအရ ၀န်ကြီးဌာန၏ အမြင့်ဆုံးသော စီမံခန့်ခွဲမှုကော်မတီ (EC) အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ပြီး ရလဒ်မရခင်အချိန်အထိ စာချုပ်ချုပ်ဆိုခြင်းကို ရပ်ဆိုင်းထားခဲ့သည်။

    Credit: Eleven Media


    Read 19 times Last modified on Saturday, 12 January 2019 05:14
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.