Friday, 11 January 2019 09:05

49745692_2214229838597242_1280766991493234688_n.jpg

 

မြန်မာ့လူငယ်၊ ပညာရေးနှင့် အောင်မြင်မှု” ပညာရေးဆွေးနွေးပွဲ

=================================

ရည်မှန်းချက်ကြီးမားပြီး ခမ်းနားတဲ့ အိပ်မက်တွေပိုင်ဆိုင်ထားကြတဲ့ မြန်မာလူငယ်တွေအတွက် မိမိတို့ရဲ့ အိပ်မက်တွေ၊ အောင်မြင်မှုတွေ အစပြုဖို့ Myanmar Imperial University မှာ ကျင်းပမယ့် ပညာရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဒီပညာရေးဆွေးနွေးပွဲလေးမှာ တက္ကသိုလ်ပညာရေးကိုစတင်ရွေးချယ်တော့မယ့် မြန်မာလူငယ်များ၊ အနာဂါတ်မှာ အောင်မြင်တဲ့ခေါင်းဆောင်ကောင်းဖြစ်လိုသူ လူငယ်များ၊ လူငယ်စွန့်ဦးတီထွင်ပညာရှင် ဖြစ်လိုသူများ နှင့် ဘွဲ့ရရှိပြီး လက်တွေ့လုပ်ငန်းခွင်ဝင်နေသူ မြန်မာလူငယ်များအတွက် အခမ်းနားဆုံးသောအနာဂတ်အောင်မြင်မှုများကို စတင်နိုင်မည့် စစ်မှန်ခိုင်မာသော UK ပညာရေးနှင့် အင်္ဂလန်နိုင်ငံ University of Northampton မှ တိုက်ရိုက်ချီးမြှင့်မည့်ဘွဲ့များ အကြောင်းကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ ဒီပညာရေးဆွေးနွေးပွဲလေးကို ဇန်နဝါရီလ ၁၃ ရက်နေ့ (တနင်္ဂနွေနေ့) နေ့လည် ၂ နာရီမှ ၄ နာရီအထိ Myanmar Imperial University (Imperial Hall) မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီပွဲလေးမှာ Myanmar Imperial University ၏ Founder နှင့် Managing Director ဖြစ်သူ ဒေါ်ပို့ပို့ကြည်က တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူလူငယ်များနှင့် ဘွဲ့ရလူငယ်များအတွက် မိမိတို့ရဲ့တန်ဖိုးရှိလှတဲ့ အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ အဓိကအရေးပါတဲ့ စစ်မှန်တဲ့ ပညာရေးလမ်းကြောင်းကို မှန်ကန်စွာရွေးချယ်နိုင်စေရန်နှင့် မိမိတို့၏အနာဂတ်အောင်မြင်မှုများအတွက် လူငယ်များအနေဖြင့် ကြိုတင်ပြင်ဆင်ရမယ့် အချက်များကို အကြံပြု ဆွေးနွေးပေးသွားမှာပဲ ဖြစ်ပါတယ်။

ထို့ပြင် MIU ၏ Academic Director ဖြစ်သူ ဒေါက်တာ ဒေါ်မူမူသိမ့်ကလည်း Myanmar Imperial University တွင် တက်ရောက်နိုင်သော University of Northampton (UK) မှ တိုက်ရိုက်ချီးမြှင့်မည့် နိုင်ငံတကာအသိအမှတ်ပြု စီးပွားရေးနှင့် စီမံခန့်ခွဲမှု၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ Bachelor Programme များအကြောင်းကို ရှင်းလင်းပြောကြားပေးသွားမှာ ဖြစ်ပါတယ်။

ထို့နောက်မှာတော့ ဘွဲ့ရရှိပြီး ပိုမိုတိုးတက်ကောင်းမွန်သော အနာဂတ်အခွင့်အလမ်းများကို ရယူလိုသူ၊ စီမံခန့်ခွဲမှုဘာသာရပ်ကို လေ့လာလိုသူ လူငယ်များအတွက် Master of Business Administration (MBA) စီးပွားရေး စီမံအုပ်ချုပ်မှုမဟာဘွဲ့အကြောင်းနှင့် သင်ကြားရမည့်ဘာသာရပ်များအကြောင်း အသေးစိတ်ကို MBA Programme Leader ဖြစ်သူ ဒေါ်တင်မာစိုးက ဆွေးနွေးပြောကြားပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ယခုပညာရေးဆွေးနွေးပွဲသို့ တက်ရောက်လာတဲ့ လူငယ်များနှင့် ဧည့်ပရိသတ်များမှလည်း သိလိုသမျှအသေးစိတ် မေးမြန်းဆွေးနွေးနိုင်ပြီး သက်ဆိုင်ရာ Programme Leader များနှင့် ပညာရေးအကြံပေးများမှ ပြန်လည်ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

ယခုဆွေးနွေးပွဲကို စိတ်ဝင်စားသူများအနေဖြင့် -

Myanmar Imperial University - အမှတ် (၁) ၊ ဈေးမြောက်လမ်း ၊ ဦးဝိစာရဝိုင်းအနီး ၊ ဘုရားကြီးရပ်ကွက် ၊ ဒဂုံမြို့နယ် ။

ဖုန်း ☎️၀၁ - ၃၈၀၂၃၃-၂၃၄ ၊ ၀၉ - ၇၃၂၁၀၀၀၁ ၊ ၀၉ - ၄၂၁၁၀၀၂၂၂ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး ကြိုတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်ပါတယ်။

#MyanmarImperialUniversity_EducationSeminar

Date : 13.1.2019 (Sunday)

Time : 02:00 PM to 04:00 PM

Place : Imperial Hall (Myanmar Imperial University)

RSVP : 01 380233-234, 09 73210001, 09 421100222


Read 35 times Last modified on Friday, 11 January 2019 03:08
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.