Tuesday, 08 January 2019 07:02

    ဖာရီလမ်းခွဲ (မိုးရှင်း) Top -1

    တန်ဖိုးက ၂၅၀၀ ကျပ်ဖြစ်ပါတယ်။ ဒီစာအုပ်ကအရင်စာအုပ်တွေထက် ပိုထူပါတယ်။ စာမျက်နှာ ၁၈၀နီးပါး

    ပါဝင်ပါတယ်။စာအုပ်က ဘာအကြောင်းအရာလဲ...ဒီစာအုပ်ထဲမှာက လူတစ်ယောက်ရဲ့ စိတ်စွမ်းအင်ကို

    အသုံးချပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကို ဘယ်လိုရယူမလဲဆိုတာကို ရော်ဘင်ရှာမာက ဝေမျှထားပါတယ်။

    ဟန်ချက်ညီတဲ့ ဘဝတစ်ခုရအောင် ဘယ်လိုလုပ်မလဲ၊ ပျော်ရွှင်ခြင်း ဆိုတာ ဘာလဲ၊ ဘဝရည်မှန်း

    ချက်ဆိုတာကိုရော ဘယ်လိုရှာဖွေမလဲ၊ စိတ်ရဲ့စွမ်းအားဘယ်လောက်ကြီးမားလဲ၊ စတာတွေကို ရော်ဘင်ရှာမာ

    က ဖော်ပြပေးထားပါတယ်။ ဒီစာအုပ်ကို ၁၉၉၇ မှာစတင် ထုတ်ဝေခဲ့တာ ဖြစ်ပြီး ၂၀၁၃ရောက်တဲ့အချိန်မှာ

    အုပ်ရေ၃သန်း ရောင်းပြီးခဲ့ပြီ ဖြစ်ပါတယ်။ စာရေးဆရာရော်ဘင်ရှာမာ ဆိုတာကတော့ ကမ္ဘာပေါ်မှာ ခေါင်းဆောင်

    မှုပညာ (Leadership) ကို သင်ကြားနေတဲ့ လူတွေထဲမှာTop 5 စာရင်း ဝင်သူဖြစ်ပါတယ်။

    Screenshot from 2019 01 08 13 20 42

    သူဟာ Motivational Speaker တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ Nike, GE, Microsoft, FedEx, HP,NASA စတဲ့ အဖွဲ့အစည်းပေါင်းများစွာရဲ့ အရေးအကြီးဆုံးပွဲတွေမှာ မိန့်ခွန်းသွားပြောပေးရသူလည်း ဖြစ်ပါတယ်။

    The Monk Who Sold His Ferrari ဟာဆိုရင်ဘာသာပေါင်း ၄၆ ဘာသာအထိ ဘာသာပြန်ဆိုခြင်းခံခဲ့ရပြီး

    အုပ်ရေ သန်းပေါင်းများစွာ ရောင်းချခဲ့ရပါတယ်။ အစ္စရေးနိုင်ငံရဲ့ သမိုင်းတစ်လျှောက်အရောင်းရဆုံးစာအုပ်စာရင်းမှာ

    အဆင့်(၅) ချိတ်တဲ့အထိရောင်းခဲ့ရပြီး အိန္ဒိယနိုင်ငံမှာတော့ ၂နှစ်ဆက်တိုက် Top 10 bestseller

    စာရင်းထဲပါဝင်ခဲ့ပါတယ်။ သူ့အကြောင်းဆက်သိသေးချင်ရင်တော့ အောက်က လင့်မှာ ဖတ်ကြည့်ပါ။

    https://www.robinsharma.com/about-robin

    source မိုးရှင်း 


    Read 37 times Last modified on Tuesday, 08 January 2019 09:40
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.