Thursday, 05 April 2018 08:07

23659320 1206489726162413 6426999639825573619 n
ၾသစေၾတးလ် ပညာရေးပြပွဲကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့ တို့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ပညာရေးပြပွဲကြီးများကို ဧပြီလ (၇)ရက်နေ့ နံနက် (၈:၃၀) နာရီကနေ ညနေ (၃:၀၀) အထိ ရန်ကုန်မြို့ ၊ Novotel Hotel Yangon Max, 4th Floor, Pyay Room နဲ့ ဧပြီလ (၈)ရက်နေ့  နေ့ လည် (၁) နာရီကနေ ညနေ (၅:၀၀) အထိ မန္တလေးမြို့  Hilton Hotel Mandalay, Grand Ballroom တို့ မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ် ၂၂ ကျောင်းတွေက တာဝန်ရှိသူတွေက ကျောင်းသား၊ကျောင်းသူတွေကို ၄င်းတို့ ကျောင်းများရဲ့ ကျောင်းဝင်ခွင့် လိုအပ်ချက်တွေ ပညာသင်ဆုအခွင့်အလမ်းတွေ၊ လေ့လာသင်ယူနိုင်တဲ့ ဘာသာရပ်တွေ အကြောင်းကို ကျောင်းသား၊ ကျောင်းသူများနဲ့ တစ်ဦးချင်း တိုက်ရိုက် တိုင်ပင်ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
တက္ကသိုလ်ဝင်တန်း, IGCSE, GCE "A" level, SAT, IB Diploma အောင်မြင်ထားသူများ၊ HND ဒီပလိုမာ ရရှိပြီးသူများ၊ တက္ကသိုလ်မှ ဘွဲ့ ရရှိထားပြီး သြစတြေးလျနိုင်ငံတွင် ပညာဆက်လက်သင်ကြားလိုသူများ ပြပွဲနေ့ များမှာ ကျောင်း လာရောက်လျှောက်ထားနိုင်ပါတယ်။
ပညာရေးပြပွဲလာရောက်သော ကျောင်းသားများအနေနဲ့ ပညာသင်ဆုနဲ့ ဆိုင်တဲ့ သတင်းအချက်အလက်တွေ သိရှိနိုင်ခြင်း၊ ကျောင်းလျှောက်သူတွေကို ကျောင်းတွေက Application Fee တွေ ကင်းလွတ်ခွင့်ပေးတာတွေ ကျန်းမာရေး အာမခံ (၆) လစာ အတွက် ကင်းလွတ်ခွင့်တွေ ရရှိမှာ ဖြစ်ပါတယ်။
ပညာရေးပြပွဲနေ့တွေမှာ သြစတြေးလျ သံရုံးက တာဝန်ရှိသူတွေက ဟောပြောပွဲတွေကို ပြောကြားပေးသွားမှာ ဖြစ်ပါတယ်။
Australian Education Expo ကို တက်ရောက်လိုသူတွေ အနေနဲ့ http://bit.ly/2G4fzny မှာ ကြိုတင် စာရင်းပေးသွင်းနိုင်ပြီး ၊ အသေးစိတ်သိရှိလိုသူတွေ အနေနဲ့ Australian Visa & Student Services ဖုန်း ၀၉ ၄၅၀၀၀ ၆၉၄၄၊ ၀၉ ၄၅၀၀၀ ၆၉၅၅ ၊ ၀၉ ၇၉၉ ၄၅၀ ၉၄၄၊ ၀၉ ၇၉၉ ၄၅၀ ၉၅၅ ကို ဆက်သွယ်စုံစမ်း နိုင်ပါတယ်။

Read more about article Here

 

 


Read 224 times Last modified on Thursday, 05 April 2018 08:26
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.