Friday, 11 August 2017 05:26

guitameik
ကိုယ်နှစ်သက်တဲ့ ဂီတတူရိယာတစ်ခုခုကို တီးခတ်တတ်ပြီဆိုရင် ထာဝရ သူငယ်ချင်းကောင်းတစ်ယောက် ရလိုက်သလိုပဲ ဆိုတဲ့ စကားအတိုင်း ဂီတကို မြတ်နိုးတန်ဖိုးထားပြီး ဂီတတူရိယာတွေကို တီးခတ်တတ်ချင်သူတွေ အများအပြား ရှိနေပါတယ်။ အဲဒီအတွက် ရန်ကုန်မြို့မှာ ရှိတဲ့ ဂီတသင်တန်းကျောင်းအချို့ကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။

ဂီတမိတ် Music Center
ဂီတမိတ် မြူးဇစ်စင်တာကတော့ ၂၀ဝ၃ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး  စန္ဒရား၊ ဂစ်တာ၊ တယော၊ ဒရမ်၊ ပလွေ၊ မြန်မာ့စောင်း၊ ပတ္တလား တီးခတ်နည်း၊ Music Education, Vocal တို့ကို သင်ယူနိုင်ပါတယ်။ သင်ကြားပို့ချပေးတဲ့ ဆရာ၊ ဆရာမတွေကလည်း အများအားဖြင့် နိုင်ငံခြားကနေ ပညာသင်ယူခဲ့တဲ့ ပညာရှင်တွေ ဖြစ်ပြီး ထူးခြားချက်အနေနဲ့ ဂီတမိတ်မှာ Music နဲ့ ဆိုင်တဲ့ workshop တွေကို မကြာခဏ ပြုလုပ်ပေးလေ့ရှိပါတယ်။  သင်တန်းကြေးအနေနဲ့ ကျောင်းဝင်ကြေး ၁၅၀ဝ၀ ကျပ် ပေးသွင်းရပြီး လစဉ်ကြေးအနေနဲ့ ၅၀ဝ၀ဝကျပ် ကျသင့်ပါတယ်။

အမှတ် ၂၁၉ ၊ ကာယသုခလမ်း ၊ မိုးကောင်းဘုရားအနီး ၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- ဝ၉ ၇၉၉၈၈၅၄၇၁

will2
Willieden ဂစ်တာသင်တန်း
Willieden ကတော့ ဂစ်တာကို အဓိကသင်ပေးတဲ့ သင်တန်း ဖြစ်ပြီး Rhythm Guitar ၊ Lead Guitar နဲ့ Heavy Meatal Guitar ဆိုပြီး ခွဲထားလို့ ကိုယ်ကြိုက်နှစ်သက်ရာကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။ Basic Course နဲ့ Advance Course ကိုမှ Level တွေ ထပ်ခွဲထားလို့ အခြေခံကနေစပြီး သေချာ ပိုင်နိုင်တတ်မြောက်တဲ့အထိ သင်ယူနိုင်ပါတယ်။ သင်တန်းကြေးအနေနဲ့ Level တစ်ခုကို ၃၀ဝ၀ဝ ကျပ်ကနေ ၃၅၀ဝ၀ ကျပ်အထိ ကျသင့်ပြီး တစ်ပတ် ကို သောကြာ၊ စနေနဲ့ တနင်္ဂနွေ သုံးရက်သာ ဖွင့်လှစ်တာ ဖြစ်ပါတယ်။

အမှတ် ၄၀၁ ၂လွှာ ၊  နံ့သာမြိုင် ၁ လမ်း ၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ဝ၉ ၂၅၆၀၉၉၆၆၉

Read More Avout Education Articles Here


Read times Last modified on Friday, 11 August 2017 05:34
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.