Monday, 24 July 2017 08:20

Golden City
ရန်ကုန်မြို့ရှိ အဆင့်မြင့်အိမ်ရာစီမံကိန်းတစ်ခုဖြစ်တဲ့ Golden City ဟာ ကလေးငယ်တွေရဲ့ ကိုယ်ပိုင်အမြင်နဲ့ တီထွင်ဖန်တီးမှုစွမ်းရည်ကို အားပေးတဲ့အနေနဲ့ ကလေးငယ်တွေအတွက် ပျော်ရွှင်စိတ်လှုပ်ရှားဖွယ် ‘Golden City in your eyes’ အမည်ရ ပန်းချီပြိုင်ပွဲတစ်ခုကို ဇူလိုင် ၁၀ ရက်ကနေ ၃၀ ရက်အထိ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။ ကလေးငယ်တွေဟာ Golden City ပရောဂျက်အပေါ် သူတို့ရဲ့ အတွေးအမြင်တွေကို ဖန်တီးပုံဖော်ပြီး ဆုငွေ USD 300 ကနေ USD 1,000 ကို ရရှိနိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်။
Golden City ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Alex Lee က “ဖန်တီးမှုစွမ်းရည်ဟာ ကျန်းမာခြင်းနဲ့ ပျော်ရွှင်မှုအတွက် လိုအပ်တဲ့ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ‘Golden City in your eyes’ ပန်းချီပြိုင်ပွဲနဲ့အတူ ကျွန်တော်တို့ Golden City က ကလေးငယ်တွေရဲ့ မတူကွဲပြားခြားနားမှု၊ ထူးခြားဆန်းသစ်မှုတွေကို ဂုဏ်ပြုပေးချင်ပါတယ်။ မိမိကိုယ်ပိုင်အမြင်တွေကို ထုတ်ဖော်ပြသဖို့၊ အတွေးအခေါ်အသစ်တွေ တွေးမြင်ဖို့၊ မိမိတို့ ခံစားချက်တွေကနေ ထူးကဲတဲ့ အရာတွေကို ဖန်တီးပုံဖော်ဖို့ တိုက်တွန်းအားပေးလိုပါတယ်’ လို့ ပြောပါတယ်။ ကလေးငယ်တွေ ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီပုံတွေကို GOLDEN CITY Show Gallery သို့ ဇူလိုင် ၁၀ ရက်ကနေ ဇူလိုင်လ ၃၀ ရက်အထိ ရုံးချိန်အတွင်း ပို့ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ဆုရရှိသူတွေကို သြဂုတ် ၂၅ ရက်မှာ ကြေညာပေးသွားမှာဖြစ်ပြီး ဆုငွေအနေနဲ့ ပထမဆု USD 1000၊ ဒုတိယဆု USD 600 နဲ့ တတိယဆု USD 300 အသီးသီး ချီးမြှင့်ပေးသွားမှာပါ။ အဲဒီပန်းချီပြိုင်ပွဲကို ကုမ္ပဏီရဲ့ ကတိက၀တ်တွေထဲက တစ်ခုဖြစ်တဲ့ “မြန်မာလူမှုဝန်းကျင် အထူးသဖြင့် ကလေးငယ်တွေနဲ့ တက်တက်ကြွကြွ ချိတ်ဆက်ဆောင်ရွက်ရေး” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။
Read More About Education Articles Here


Read times Last modified on Monday, 24 July 2017 09:11
Rate :
(0 votes)

2 comments

  • mobile legends
    Comment Link

    Awesome! Its genuinely awesome piece of writing, I have
    got much clear idea regarding from this paragraph.

    Tuesday, 03 December 2019 09:25 posted by mobile legends
    Report
  • ugly sweater party
    Comment Link

    Howdy just wanted to give you a quick heads up.
    The text in your article seem to be running off the screen in Chrome.
    I'm not sure if this is a format issue or something to do with internet browser
    compatibility but I figured I'd post to let you know.
    The style and design look great though! Hope you get the problem resolved soon. Thanks

    Sunday, 24 November 2019 20:51 posted by ugly sweater party
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.