Friday, 21 July 2017 08:54

MEBC
ဂီတဆိုတာ လူသားတွေရဲ့ စိတ်ကို နူးညံ့သိမ်မွေ့စေတဲ့ အရာတစ်ခုပါ။ ဂီတကို စိတ်ဝင်စားသူတွေအတွက် နည်းမှန်လမ်းမှန်နဲ့ သင်ယူနိုင်မယ့် သင်တန်းကျောင်းတွေဟာ ဒီနေ့ခေတ်မှာ အများအပြားရှိလာပါပြီ။ ရန်ကုန်မှာရှိတဲ့ ဂီတသင်တန်းကျောင်းတွေထဲက တစ်ခုဖြစ်တဲ့ MEBC Music Art Academy ရဲ့ CEO ဖြစ်သူ ဆရာအိမ်မင်းထက်နဲ့ MY YANGON က တွေ့ဆုံမေးမြန်းထားပါတယ်။ ဆရာ့ရဲ့ ဂီတအပေါ်ထားတဲ့ ခံယူချက်တွေနဲ့ MEBC သင်တန်းကျောင်းအကြောင်းကို မေးမြန်းခဲ့တာပါ။
MEBC သင်တန်းကျောင်းကို တည်ထောင်ဖြစ်တဲ့ အကြောင်းလေး သိချင်ပါတယ်။

ဆရာက ထိုင်းနိုင်ငံ Mahidol University မှာ Music education နဲ့ ပတ်သက်ပြီး ကျောင်းတက်ခဲ့တယ်။ မြန်မာနိုင်ငံကို ပြန်လာတဲ့အချိန်မှာ ဂီတနဲ့ဆိုင်တဲ့ သင်တန်းကျောင်းလေး ဖွင့်ချင်တော့ ၂၀၁၂လောက်က Premo ဆိုပြီး သင်တန်းကျောင်းလေး စဖွင့်ဖြစ်တယ်။ အဆိုဦးစားပေးပေါ့နော်။ ၂၀၁၅ ကျတော့မှ MEBC ဆိုပြီး သင်္ဃန်းကျွန်းဘက်မှာ ဖွင့်ဖြစ်ခဲ့တယ်။ ဒီဘက် တောင်ဥက္ကလာမှာ ဖွင့်တာကတော့ တတိယခြေလှမ်းပေါ့နော်။
MEBC မှာ လက်ရှိ ဖွင့်ထားတဲ့ သင်တန်းတွေက ဘာတွေ ရှိလဲ။  

လောလောဆယ်တော့ တန်းခွဲပေါင်း ၂၀ ရှိတယ်။ Vocal၊ ဂစ်တာ၊ တယော၊ စန္ဒယား၊ ဒရမ်၊ Music Reading & Ear Traning၊ Dance ပိုင်းမှာဆိုရင် Popping Dance၊ K Pop Dance၊ B Boy Dance၊ Fitness Dance နဲ့ Beat Box၊ Music Production ဆိုပြီးတော့ တန်းခွဲတွေ၊ Privete Vocal နဲ့ Privete Dance Class တွေလည်း ရှိပါတယ်။ Vocal နဲ့၊ music theory နဲ့ ဆိုင်တဲ့ အတန်းတွေကိုတော့ ကျွန်တော်သင်ပါတယ်။ Performance Class မှာကျတော့ ကလေးတွေရဲ့ တင်ဆက်ဖျော်ဖြေပုံရယ်၊ အဆိုရယ်ကို အဓိက ဦးစားပေးသင်တယ်။ ပြီးတော့ အနုပညာရှင်တစ်ယောက်အနေနဲ့ ဘယ်လို နေထိုင်သင့်တယ်၊ ပရိသတ် တစ်ယောက်အနေနဲ့ ဘယ်လိုပြုမူသင့်တယ်ဆိုတဲ့ Ethic ကိုလည်း သင်ပေးတယ်။ ထူးခြားချက်တစ်ခုက ကျွန်တော်တို့ သင်တန်းကို လာတဲ့ကလေးတွေကို သူတို့ရဲ့ တင်ဆက်ပုံနဲ့ ပတ်သက်ပြီး အပြစ်တစ်ခုမှ မပြောဘူး။ ကျောင်းသားတွေကိုလည်း Positive Way နဲ့ပဲ Comment ပေးတယ်။ အဲဒီတစ်ခုကိုတော့ အလေ့အကျင့်ကောင်းအနေနဲ့ မွေးမြူပေးပါတယ်။
Samsung Galaxy Star ပြိုင်ပွဲဝင်တွေကို အဆိုပိုင်းဆိုင်ရာ သင်ကြားလေ့ကျင့်ပေးဖြစ်တဲ့ အကြောင်းလေး ပြောပြပေးပါဦး။
ကျွန်တော်က Samsung Galaxy Star ပြိုင်ပွဲမှာ Music Producer လုပ်တော့ သင်ကြားမှုအပိုင်းလေးတွေလည်းပါတော့ စိတ်ဝင်စားပြီး လုပ်ဖြစ်တာပါ။
သင်တန်းတွေအပြင် ဆောင်ရွက်ပေးနေတဲ့ Music ပိုင်းဆိုင်ရာ အခြားဝန်ဆောင်မှုတွေရော ဘာတွေရှိသေးလဲ။

အခွေ  Production တွေကို လောလောဆယ် လုပ်နေတာတွေရှိတယ်။ ပွဲတွေဆိုရင်လည်း လောလောဆယ်မှာ ကိုဇော်ဝင်းထွဋ်၊ ကိုဝေလ၊ ကိုRဇာနည်တို့နဲ့ သုံးယောက်ပေါင်းပြီး လုပ်မယ့် Live Show အတွက် Event Management အနေနဲ့ လုပ်ဖို့ တည်နေတာတွေ ရှိတယ်။ နောက် Artist Agency အနေနဲ့ကျတော့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့ ပြင်ဆင်နေပြီ။ အနုပညာရှင်တွေကို သူတို့ အလုပ်ရှုပ်စရာမလိုဘဲ အနောက်က Manager နဲ့ Support လုပ်ပေးမယ့် အပိုင်းတို့၊ စာချုပ်စာတမ်းကိစ္စ အကုန်လုံးကို Manage လုပ်ပေးဖို့တွေကို စတင်နိုင်ဖို့ ကျွန်တော်တို့ ပြင်ဆင်နေကြပါပြီ။
Music အပေါ် ထားတဲ့ ဆရာ့ရဲ့ ခံယူချက်လေးကိုလည်း သိချင်ပါတယ်။

ဆရာက Education ဘက်က လာတာဆိုတော့ ဆရာတို့ နိုင်ငံမှာ အရမ်းအားနည်းနေတဲ့ Music ကို အဆင်မြင့်တဲ့ ပညာရေးတစ်ခုအနေနဲ့ အမြင်ပိုင်းမှာ အားနည်းနေတဲ့အပေါ်မှာ အများကြီး တိုးတက်လာအောင် လုပ်ချင်တယ်။ အဲဒီအတွက်လည်း ဆရာ အများကြီး ပြင်ဆင်နေတယ်။ Work Shop တွေ၊ Seminar တွေ လုပ်တာမျိုးပဲဖြစ်ဖြစ်ပေါ့။
လောလောဆယ်လည်း ကျောင်းမှာ ပညာဒါနအနေနဲ့ အတန်းတွေ ဖွင့်ဖြစ်တယ်။ Music ဆိုတာက တကယ်တမ်းတော့ အရမ်းကျယ်ပြန့်တယ်။ Music ဆိုတာဟာ ဝါသနာအရ လုပ်တယ်ဆိုတဲ့ message ကြီးက ဒီမှာ အရမ်းကို အမြစ်တွယ်နေတယ်။ မိဘတွေရဲ့ စိတ်ထဲမှာရောပေါ့နော်။ ဆရာ့ရဲ့ ရည်ရွယ်ချက်က မိဘတွေ၊ အုပ်ထိန်းသူတွေရဲ့ စိတ်ထဲမှာ Music Education ဆိုတာ ကလေးဘဝကတည်းက စသင်သင့်တယ်ဆိုတဲ့ Concept ကို ထည့်ပေးချင်တယ်။
Music ကို သင်ယူခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုနဲ့ ယုံကြည်မှုတွေ ရှိလာမယ်၊ အခက်အခဲတွေကို ကျော်ဖြတ်နိုင်လာမယ်၊ တစ်ယောက်နဲ့တစ်ယောက် လေးစားတတ်လာမယ်၊ Team Work ကောင်းကောင်းရှိလာမယ်။ ဒါတွေက Music Education ရဲ့အနှစ်ချုပ်တွေပါ။ အဲဒီအကြောင်းတွေကို လူတွေ သိလာအောင် ကျွန်တော်လည်း တစ်ပိုင်တစ်နိုင် Work Shop တွေ၊ Seminar တွေ လုပ်ပြီး Share ပေးဖြစ်တယ်။ ကျောင်းမှာလည်း ပညာဒါနအနေနဲ့ အတန်းလေးတွေ ဖွင့်ဖြစ်ပါတယ်။ 
MEBC

အမှတ် ၂၈၃၊ ဗြဟ္မစိုရ် ၄/၆လမ်း၊ ၆ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ဝ၉ ၂၆၁၅၆၆၃၅၅
သီသီဟန်သောင်း
Read More About Education Articles Here


Read 249 times Last modified on Friday, 21 July 2017 09:51
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.