Friday, 14 July 2017 08:18

samsung training
Samsung Myanmar ဟာ Samsung Tech Institute အစီအစဉ်ခွဲတစ်ခု အဖြစ် သန်လျင် နည်းပညာတက္ကသိုလ်နဲ့ ပူးပေါင်းဖွင့်လှစ်ခဲ့တဲ့ Networking Training သင်တန်းရဲ့ သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၁၃ရက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Samsung Tech Institute ရဲ့ အဲဒီသင်တန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် မှ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၂၇ ရက်အထိ တစ်လတာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ သန်လျင်နည်းပညာတက္ကသိုလ် Electronic Communication ဌာနရှိ သင်တန်းသူ၊ သင်တန်းသား အယောက် ၆၀ ကို ရွေးချယ်ပြီး နာရီပေါင်း ၆၀ကြာ သင်ကြားပို့ချပေးခဲ့တာပါ။
“မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်နေတဲ့ ကျွန်တော်တို့ Samsung Tech Institute Program ရဲ့ ခြေလှမ်းတစ်ခုဖြစ်တဲ့ Networking Training ကို တက်ရောက်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ပညာရပ်ဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နောက်ပြီးတော့ Cisco Exam ဝင်ဖြေခွင့် ရတဲ့ ကျောင်းသူကျောင်းသားတွေ အနေနဲ့လည်း စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ပြီး Network Engineer တစ်ယောက်အဖြစ် နိုင်ငံတော်ရဲ့ အိုင်တီကဏ္ဍကို တစ်ဖက်တစ်လမ်းကနေ တိုးတက်အောင် စွမ်းဆောင်နိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ Samsung Myanmar ရဲ့ PR and Citizenship Manager ကိုစိုးသူရက ပြောပါတယ်။
အဲဒီ Networking သင်တန်းပြီးမြောက်ချိန်မှာ အရည်အချင်းစစ် စာမေးပွဲ ကျင်းပခဲ့ပြီး ဆန်ခါတင် အရည်အချင်းပြည့်မီတဲ့ သင်တန်းသူ၊ သင်တန်းသားတွေကို လူတွေ့အင်တာဗျူးနဲ့ အရည်အချင်းစစ် စာမေးပွဲတွေ ထပ်မံ ကျင်းပကာ ရွေးချယ်ခဲ့ပါတယ်။ နောက်ဆုံးအဆင့် ရွေးချယ်ခံရတဲ့ သင်တန်းသူ၊ သင်တန်းသား ၁၀ ဦးကို သင်တန်းဆင်းပွဲမှာ ဆုကြေးအဖြစ် Cisco Exam ၀င်ကြေး USD 400 ကို အသီးသီးပေးအပ်ခဲ့ပါတယ်။
Read More About Education Articles Here


Read times Last modified on Friday, 14 July 2017 08:24
Rate :
(0 votes)

8 comments

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.