Monday, 10 July 2017 03:29

golden city
ကလေးငယ်တွေရဲ့ ကိုယ်ပိုင်အမြင်နဲ့ တီထွင်ဖန်တီးမှုစွမ်းရည်ကို အားပေးတဲ့အနေနဲ့ Golden City က ကလေးငယ်တွေအတွက် ပျော်ရွှင်စိတ်လှုပ်ရှားဖွယ် ‘Golden City in your eyes’ အမည်ရ ပန်းချီပြိုင်ပွဲတစ်ခုကို ဇူလိုင်လ ၁၀ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာတော့ အသက် ၁၂ နှစ်အောက် ကလေးငယ်တွေက Golden City ပရောဂျက်အပေါ် သူတို့ရဲ့ အတွေးအမြင်တွေကို ဖန်တီးပုံဖော်ကာ ပန်းချီရေးဆွဲရမှာပဲ ဖြစ်ပါတယ်။ ကလေးငယ်တွေ ရေးဆွဲထားတဲ့ ပြိုင်ပွဲဝင်ပန်းချီပုံတွေကို GOLDEN City Show Gallery ကို ဇူလိုင်၁၀ရက်ကနေ ဇူလိုင်၃၀ရက်နေ့အတွင်း လာရောက်ပို့ပေးရမှာပဲ ဖြစ်ပါတယ်။ လာရောက်ပေးပို့တဲ့ ပြိုင်ပွဲဝင် ပန်းချီပုံတွေထဲကမှ စကာတင်၁၀ပုံကို GOLDEN City က ရွေးချယ်ပြီး voting ကောက်ခံမှာ ဖြစ်ပါတယ်။ ဆုငွေအနေနဲ့ USD 300 ကနေ USD 1,000 အထိကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ ဖုန်း- ၀၉၉၇၇၉၂၆၁၂၄ ၊ ၀၉၇၉၅၈၅၅၁၇၄ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Read More About Education Articles Here


Read 278 times Last modified on Tuesday, 11 July 2017 03:44
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.