Friday, 07 July 2017 09:20

halton
ဟေလ်တန်သက်မွေးမှု အတတ်ပညာ သင်တန်းကျောင်းက ကျောင်းသားသုံးဦးဟာ Myanmar Convention Center မှာ ဇွန်လ ၇ ရက်မှ ၉ရက်အထိ ကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် Myanmar Culinary Arts Competition 2017 မှာ ဆုတံဆိပ်ငါးဆု ဆွတ်ခူးခဲ့ပါတယ်။ ကျောင်းသား ဇော်မျိုးအောင်က ဆော်လမွန်နဲ့ နွားပေါက်လေးအသား ဟင်းလျာနှစ်မျိုးနဲ့ ငွေတံဆိပ်နှစ်ခု၊ Daniel သူရိန်က သိုးသားနဲ့ ပင်လယ်စာဟင်းလျာနဲ့  ငွေတံဆိပ်တစ်ခုနဲ့ ကြေးတံဆိပ်တစ်ခု၊ ဇော်ထက်သူက မြန်မာအရသာ ကြက်သားဟင်းလျာဖြင့် ကြေးတံဆိပ်တစ်ခုတို့ကို အသီးသီးဆွတ်ခူးခဲ့တာပါ။ ဟေလ်တန် သက်မွေးမှု အတတ်ပညာ သင်တန်းကျောင်းကို ဟေလ်တန် နေပြည်တော် ဟိုတယ်မှာ ၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်း စတင်ဖွင့်လှစ်ခဲ့ပြီး ဟိုတယ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ ဘာသာရပ်ငါးမျိုးကို အခမဲ့ နှစ်နှစ် ဒီပလိုမာ သင်တန်းအဖြစ် သင်ကြားပေးနေပါတယ်။ လက်ရှိမှာ ကျောင်းသူ ကျောင်းသား ၃၀ ခန့်က  သင်တန်း တက်ရောက်နေပြီး သင်တန်းပြီးဆုံးတဲ့အခါ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေရရှိအောင် ဟေလ်တန်က ဖန်တီးပေးတယ်လို့ သိရပါတယ်။
Read More About Education Articles Here


Read times Last modified on Friday, 07 July 2017 10:18
Rate :
(0 votes)

1 comment

  • mobile legends hack
    Comment Link

    Does your website have a contact page? I'm having trouble locating it but, I'd like to send you an e-mail.

    I've got some ideas for your blog you might be interested in hearing.
    Either way, great blog and I look forward to seeing it expand over time.

    Tuesday, 03 December 2019 10:02 posted by mobile legends hack
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.