Tuesday, 04 July 2017 10:45

the embassy
ဒီတစ်ပတ်ရဲ့ ပညာရေးကဏ္ဍအတွက်ကိုတော့The Embassy of Education ဆိုတဲ့ English Camp သင်တန်းကျောင်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ The Embassy of Education ကိုတော့ USA ကနေ ဘွဲ့ရထားသူတွေနဲ့ အလုပ်အတွေ့အကြုံရှိတဲ့သူတွေ ကိုယ်တိုင်ဦးစီး ဖွင့်လှစ်ထားတာပါ။ ကျောင်းသားတိုင်း ကိုယ့်ကိုယ်ကိုယ် ပိုပြီး Confidence ရှိလာအောင်၊ တာဝန်ယူတတ်တဲ့ အလေ့အကျင့်ကောင်းတွေ ရှိလာအောင် စည်းစနစ်ကျတဲ့ စည်းကမ်းချက်တွေနဲ့ English Camp သင်တန်းကျောင်းကို ဖွင့်လှစ်ထားတာပါ။

The Embassy of Education မှာ English 4 Skills အပြင် အမေရိကန် တက္ကသိုလ်တွေမှာ မယူမနေရ Speech ဘာသာရပ်ကိုလည်း သင်ကြားပေးပါတယ်။ လူပုံအလယ်မှာ ရဲရဲဝံ့ဝံ့ မိန့်ခွန်းပြောတတ်ပြီး Self-Confidence ရှိလာစေဖို့လည်း စခန်းသွင်း လေ့ကျင့်ပေးပါတယ်။ IELTS၊ TOFEL တွေရဲ့ ပုံစံတွေကို ရင်းနှီးစေဖို့အပြင် အမေရိကန် တက္ကသိုလ်တွေမှာ ဝင်ခွင့်စာမေးပွဲ ACT Test၊ CATW Writing တွေကို စနစ်တကျ၊ သင်ကြားပေးတာ၊ Personal Grooming၊ Modeling and Social Skills အပြင် ထက်မြက် တဲ့ အရည်အသွေးတွေ ရှိလာစေဖို့ စခန်းသွင်း လေ့ကျင့်ပေးတာတွေကိုပါ ပြုလုပ်ပေးပါတယ်။
ကျောင်းသားတွေ ပြင်ပဗဟုသုတ တိုးပွားစေဖို့နဲ့ အတုယူအားကျပြီး စိတ်ဓာတ် ခွန်အားတွေ တိုးပွားစေဖို့၊ English Speaking တွေ ပိုမိုပြောတတ်စေဖို့ကို ရည်ရွယ်လို့ USA မှာ လက်ရှိ လုပ်ငန်းဝင်နေတဲ့ ဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာတွေ၊ ကျောင်းသားတွေက Online ကနေ ဒါမှမဟုတ် ကိုယ်တိုင်လာရောက်ပြီး Practice လုပ်ပေးတာမျိုးတွေ ရှိပါတယ်။ ဒါ့အပြင် တာဝန်ယူတတ်တဲ့ အလေ့အကျင့်၊ လှုမှုဆက်ဆံရေးတွေ၊ အသင်းအဖွဲ့ စိတ်ဓာတ်တွေ ပိုမိုတိုးတက် ကောင်းမွန်လာစေဖို့ ရည်ရွယ်ပြီး လေ့လာရေးခရီး သွားတာတွေ၊ ပျော်ရွှင်စရာ ဂိမ်းကစားတာတွေကိုလည်း ပြုလုပ်ပေးနေပါတယ်။ The Embassy of Education မှာ level 3 ပြီးဆုံးသွားရင် IELTS၊ TOFEL  တွေလို အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲတွေကို Preparation Course တက်ရုံနဲ့ ကောင်းစွာဖြေဆိုနိုင်မှာပါ။ The Embassy of Education မှာ တက်မယ်ဆိုရင်တော့ ပညာအရည်အချင်းက အနည်းဆုံး ၉တန်းအောင် ဖြစ်ရပါမယ်။ ကျောင်းဝတ်စုံဝတ်ဆင်ဖို့ လိုအပ်ပြီး ဘယ်အတန်းပဲ တက်တက် Friday & Saturday Conference ကို မဖြစ်မနေတက်ရမှာပဲ ဖြစ်ပါတယ်။ နယ်ကျောင်းသားတွေ အ တွက် အဆောင်စီစဉ်ပေးပြီး တက္ကသိုလ်ဝင်တန်းမှာ ၅ဘာသာနဲ့အထက် ဂုဏ်ထူးရရှိခဲ့သူတွေ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ မသန်စွမ်းတွေအတွက်ကိုတော့ သင်တန်းကြေးအခမဲ့နဲ့ သင်ကြားပေးနေပါတယ်။
The Embassy of Education ရဲ့ ထူးခြားချက်ကတော့ စည်းစနစ်ကျတဲ့ စည်းကမ်းချက်တွေနဲ့ တင်းကျပ်ထားတာပဲ ဖြစ်ပါတယ်။ ကျောင်းသားတွေ အရည်အချင်း ထိရောက်မြင့်မားစေဖို့ ၅နာရီထက် ပိုပျက်ခွင့်မရှိတဲ့ ကျောင်းစည်းကမ်းတွေ၊ ၃ရက်ထက်ပိုပြီး ကျောင်းနောက်ကျရင် မိဘနဲ့ ခေါ်တွေ့တဲ့ စည်းကမ်းတွေကိုလည်း ထုတ်ပြန်ထားပါတယ်။ The  Embassy of Education ကျောင်းဟာ အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးတဲ့ ကျောင်းဖြစ်ပြီး ကျောင်းသားဦးရေ အများကြီးထက် ကျောင်းသားနည်းရင် နည်းပါစေ၊  အရည်အချင်းနဲ့ပြည့်စုံတဲ့ ကျောင်းသားတွေကိုသာ မွေးထုတ်ပေးမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ဆောင်ရွက်နေတာပါ။ သင်တန်းကြေးတွေကို ၂သိန်းကနေ ၄သိန်းအထိ Level အလိုက် သတ်မှတ်ထားပါတယ်။
အခန်း၇၀၈၊ ဘုရင့်နောင်တာဝါ 2B၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်။
ဖုန်း-ဝ၉၇၈၇၂၀၁၁၄၂
ဖူးပွင့်သူ
Read More About Education Articles Here


Read 425 times Last modified on Tuesday, 04 July 2017 11:17
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.