Tuesday, 20 June 2017 09:29

WEC
ဒီတစ်ပတ်ရဲ့ ပညာရေးကဏ္ဍအတွက်ကိုတော့ WEC (WISODOM Education Center) နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ WEC ကို ၂၀ဝ၀ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ၂၀ဝ၉ ခုနှစ်မှာ မြန်မာကျောင်းသားတွေ ပြည်ပမှာ ပညာသင်ယူနိုင်ဖို့အတွက်ကို နိုင်ငံတကာ ပညာရေးဝန်ဆောင်မှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းမှာတော့ GCE 'O' Level, GCE 'A' Level, SAT I & II သင်တန်းတွေကို ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပြည်ပတက္ကသိုလ် ကောလိပ်တွေမှာ သွားရောက် ပညာသင်ကြားနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်ပေးနေတာပါ။ WEC မှာ GCE 'A' Level Courses, New SAT, SAT Subject Test Course, IELTs & TOEFL Classes, Primary & Secondary Course, Teacher Training Program စတဲ့ သင်တန်းတွေရှိပါတယ်။ ပြည်ပ ပညာရေးဝန်ဆောင်မှုအနေနဲ့ USA, UK, Australia, Singapore, Malaysia, Thailand, India စတဲ့ နိုင်ငံတွေမှာရှိတဲ့ တက္ကသိုလ်ကောလိပ်ကျောင်းတွေမှာ ပညာသင် သွားရောက်နိုင်ဖို့အတွက်ကို စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ ပြည်ပတက္ကသိုလ် တက်ရောက်ဖို့ ကျောင်းရွေးချယ်လျှောက်ပေးတာ၊ ပညာသင်ဆု (Scholarship) တွေ ရရှိအောင် လျှောက်ထားပြင်ဆင်ပေးတာ၊ ကျောင်းလခပေးသွင်းတာ၊ Student ဗီဇာကနေ လေယာဉ်လက်မှတ်အထိကို တာဝန်ယူ ဆောင်ရွက် ပေးနေပါတယ်။
WEC2

ဒါ့အပြင် ပညာရေးအတိုင်ပင်ခံအနေနဲ့ ပြည်တွင်းပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေကို ခေတ်မီသင်ကြားရေး နည်းစနစ်တွေ၊ သင်ထောက်ကူတွေ၊ သင်ကြားရေးဆရာ/မတွေနဲ့ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးတွေ၊ နိုင်ငံတကာ အဆင့်မီ ပညာရေး ပူးပေါင်းဆောင်ရွက်မှု လေ့လာမှုတွေအတွက် ပြည်ပတက္ကသိုလ်ကောလိပ်တွေနဲ့ ချိတ်ဆက်ပြီး အဆင့်မြှင့်တင်ပေးခြင်းနဲ့ အကြံဥာဏ်တွေ ပေးခြင်းတွေကို ဆောင်ရွက်ပေးနေပါသေးတယ်။ အခုလက်ရှိမှာတော့ UK အစိုးရရဲ့ University ဖြစ်တဲ့ Teesside University က မြန်မာကျောင်းသားတွေအတွက် သီးသန့်စီစဉ်ချီးမြှင့်တဲ့ Scholarship အခွင့်အရေးကို WEC မှာ စတင်လျှောက်ထားနိုင်ပါပြီ။ Scholarship တွေအတွက် လိုအပ်တဲ့ ဆွေးနွေးမှု၊ ဗီဇာလျှောက်ထားမှုနဲ့ နေထိုင်ရေးစီစဉ်မှုတွေကိုပါ One Stop Service အနေနဲ့ ဆောင်ရွက်ပေးနေပါတယ်။ မြန်မာနိုင်ငံက ကျောင်းသားတွေအတွက် စီးပွားရေး၊ အင်ဂျင်နီယာနဲ့ အိုင်တီဘာသာရပ်တွေအပြင် အခြားဘာသာရပ်တွေကိုလည်း Scholarship အမျိုးမျိုးကိုလည်း စတင်စီစဉ်ပေးနေပါပြီ။ ဒါတွေအပြင် စင်္ကာပူနိုင်ငံအစိုးရ အသိအမှတ်ပြု 4 Year Edutrust နဲ့ Singapore Quality Class (SQC) ရရှိထားတဲ့ SHRM College က မြန်မာနိုင်ငံက ကျောင်းသားတွေအတွက် Scholarship တွေနဲ့ စင်္ကာပူနိုင်ငံမှာ လစာပေး အလုပ်သင်များကိုပါ တွဲဖက်ခေါ်ယူမယ့် သင်တန်းတွေကိုလည်း WEC မှာ စတင်လျှောက်ထားနိုင်ပြီလို့ ဆိုပါတယ်။
ဖူးပွင့်သူ
Read More About Education Articles Here


Read times Last modified on Tuesday, 20 June 2017 09:55
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.