Tuesday, 06 June 2017 03:26

Liberty3

ဒီနေ့ခေတ်လို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းဖို့ အဖက်ဖက်က ကြိုးစားလာရတဲ့အချိန်မှာ လူကြီး၊ လူငယ်မရွေးအတွက် အင်္ဂလိပ်ဘာသာ တတ်ကျွမ်းမှုက အရမ်းကိုအရေးပါလာပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကလည်း အများအပြား ဝင်ရောက်လာဖို့ လမ်းစပွင့်နေပြီမို့  ကိုယ့်ရဲ့အလုပ်အကိုင်အခွင့်အလမ်းအတွက် အင်္ဂလိပ် ဘာသာစကား လိုအပ်ချက်က တစ်စထက် တစ်စ ကြီးထွားလာတာ ငြင်းလို့မရပါဘူး။  ရှေ့အနာဂါတ် အချိန်ကာလတွေအတွက်  ကြိုတင်ရည်မှန်းပြီး မိမိရဲ့ သား သမီး၊ လူငယ်တွေကိုလည်း တတ်နိုင်တဲ့ အတိုင်းအတာထဲကပဲ အင်္ဂလိပ်စာ လေ့လာ သင်ကြားဖြည့်ဆည်းရေး အတွက် တိုက်တွန်း နှိုးဆော် လုပ်ဆောင်ပေးနေရတဲ့ အနေအထားမှာ ဒီတစ်ပတ်ရဲ့ ပညာရေးကဏ္ဍအတွက် English ဘာသာရပ်သင်တန်း တစ်ခုဖြစ်တဲ့ Liberty Education Yangon နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Liberty1
Liberty Education Yangon ကို သင်ကြားရေးအတွေအကြုံ ၁၀နှစ်ကျော်ရှိပြီဖြစ်တဲ့ ဆရာကိုယ်တိုင်က သင်တန်းခ သက်သက်သာသာနဲ့ ဖွင့်လှစ်ထားတာလို့ ဆိုပါတယ်။ ရည်ရွယ်ချက်ကတော့ English ဘာသာရပ်ကို လူတိုင်း ပိုင်ပိုင်နိုင်နိုင် တတ်မြောက်စေဖို့ပါတဲ့။
Liberty Education Yangon မှာ Liberty English 1+2 ၊  Liberty English 3+4 ၊ Liberty English 5+6 ၊ Result English E-A ၊ Result English E-B၊ Result English P-A၊ Result English P-B၊ Result English I-A ၊ Result English I-B၊ Result English U-A ၊ Result English U-B ၊  Academic R & W2 ၊ Academic R & W3 ၊ Academic R & W4 ၊ IELTS ၊  TOEFL pBT ၊ TOEFL iBT ၊ Interchange 2၊ Interchange 3 ၊ Four Corner 1 ၊ Four Corner 2 စတဲ့ course တွေကို ရွေးချယ်တက်ရောက်နိုင်ပြီး Course တစ်ခုကို အချိန်၎လ သတ်မှတ်ထားပါတယ်။
Liberty Education Yangon မှာ အသံထွက်နဲ့ သဒ္ဒါကို အဓိကထား သင်ကြား ပေးပြီး သင်တန်းဆင်းတိုင်းအတွက် Speaking မှာ impression ကောင်းကောင်းရစေဖို့ အာမခံပါသတဲ့။  Liberty Education Yangon ရဲ့ သင်ရိုးတော်တော်များများက Combridge နဲ့ Oxford သင်ရိုးတွေဖြစ်ပြီး လူကြီးအတန်းတွေအတွက်တော့ Liberty English ဆိုတဲ့ Course ကို သင်ကြား ပေးတဲ့ ဆရာ့စိတ်တိုင်းကျ ရေးဆွဲထားတာပဲ ဖြစ်ပါတယ်။

Liberty2
Course တွေအရ Combridge, Oxford,American English, British English စတဲ့ မိမိကြိုက်နှစ်သက်ရာ စာအုပ်နဲ့ သင်ယူလို့ရသလို သင်ခန်းစာအစုံ ပါဝင်ပြီး ပိုမိုထိရောက်တဲ့ Liberty English နဲ့ ရွေးချယ်သင်ယူနိုင်မှာပါတဲ့။
ဒါ့အပြင် Liberty Education Yangon မှာ Young Leaners Summer School နဲ့ Regular Weekend classes တွေလည်း ရှိပါတယ်။ ၆ နှစ်ကနေ ၁၅ နှစ် ကလေးတွေကိုတော့ Combridge Exam class တွေ၊ Grammer class တွေကို သင်ပေးပါတယ်။ လူကြီးအတန်းကတော့ အသက် ၁၇ ၁၈ နှစ် ကနေ အသက် ၅၀ ကျော်တွေထိ တက်ရောက် နိုင်မှာပဲ ဖြစ်ပါတယ်။

For More Information about English learning centers, go to Education directory - link

ဖူးပွင့်သူ

Read More Articles Here


Read 306 times Last modified on Tuesday, 06 June 2017 04:03
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.