Monday, 22 May 2017 03:50


17309128 236516990147646 1125212293604190854 n
ဒီအပတ်ပညာရေးကဏ္ဍအတွက် မိတ်ဆက်ပေးချင်တဲ့ကျောင်းကတော့ Charis School of Creation ဆိုတဲ့ ကျောင်းလေးပဲဖြစ်ပါတယ်။ ဒီကျောင်းလေးကတော့ မြန်မာပြည်မှာ သိပ်မတွေ့ရသေးတဲ့ သင်တန်းတွေကို သင်ကြားပေးနေတာပဲဖြစ်ပါတယ်။ ကလေးတွေရဲ့ ကိုယ်ပိုင်တီထွင်နိုင်စွမ်းတွေ ပိုမိုမြင့်မားလာစေဖို့ကို ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ Charis School of Creation အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
ဒီကျောင်းရဲ့ထူးခြားချက်ကတော့ သာမာန်ကျောင်းတွေလို ပညာသင်ကြားတာမျိုး မဟုတ်ဘဲ ကလေးတွေရဲ့ ကိုယ်ပိုင်တီထွင်ဖန်တီးနိုင်စွမ်းတွေ ရှိလာဖို့အတွက်ကို ဆော့ကစားရင် သင်ကြားပေးတာပဲ ဖြစ်ပါတယ်။ Charis School of Creation မှာ ကလေးငယ်တွေကို မုန့်ဖုတ်တာ၊ ချက်ပြုတ်တာ၊ ဖက်ရှင်ဒီဇိုင်း စတာတွေကို ကိုယ်တိုင်ပြုလုပ်နိုင်တဲ့အထိ တတ်ကျွမ်းအောင် သင်ကြားပေးနေတာပါ။

“ကလေးတွေက အခုခေတ်မှာ creation ဘက်ကိုသွားဖို့ နည်းနေသေးတာကြောင့် ကိုယ်စိတ်ကုးလေးတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဆော့ကစားရင်းနဲ့ ပုံဖော်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့စပြီး Charis School of Creation ဖွင့်လှစ်ခဲ့တာပါ။ အခုဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေက ၀င်လာပြီ အခု ကလေးတွေကြီးလာမယ့်အချိန်က နိုင်ငံတကာနဲ့ ယှဉ်ပြီးအလုပ်လုပ်ရမယ့် အချိန်ဖြစ်နေတဲ့အတွက် သူတို့ဆီမှာ ကိုယ်ပိုင်တီထွင်နိုင်စွမ်းရှိဖို့က အရေးကြီးဆုံးပဲ ကိုယ်တိုင်လုပ်နိုင်တယ်ဆိုတဲ့ဟာ ရှိဖို့ကအရေးကြီးတယ်။ ” လို့ Charis School of Creation ကျောင်းကို တည်ထောင်သူ မယဉ်သူအေးက ပြောပါတယ်။

17202661 236516913480987 7241674020969447894 n

Charis School of Creation ကို ယခုနှစ် ဖေဖော်ဝါရီလကမှ စတင်ဖွင့် လှစ်ထားပြီး Cooking Class(အစားသောက်များချက်ပြုတ်ခြင်း) ၊ Baking Class(မုန့်ဖုတ်ခြင်းနဲ့ တီထွင်အလှဆင်ခြင်း) ၊ Fashion Design Class(ဖက်ရှင်ဒီဇိုင်း) ၊ Floral Arrangement Class(ပန်းအလှဆင်ဖန်တီးမှု) ၊ Team Work and Communication Class (games and activities) ၊ DIY Slime Making Class ၊ Hand Made Soap Class(ဆပ်ပြာပြုလုပ်ခြင်း) စတဲ့ သင်တန်း၇ခုကို သင်ကြားပေးနေတာပဲ ဖြစ်ပါတယ်။

“ နိုင်ငံခြားကသင်ရိုးတွေကိုလေ့လာတယ်။ ဆရာ၊ ဆရာမတွေနဲ့ တိုင်ပင်ပြီး ဒီကလေးတွေနဲ့ သင့်တော်မယ်ဟာ creationများများ လုပ်နိုင်မယ့်ဟာဘာရှိလည်း အတူတူတိုင်ပင်ပြီး ရေးဆွဲထားပါတယ်။ သင်ကြားတဲ့ဆရာမတွေကိုတော့  ကလေးတွေစိတ်ကို အရမ်းနားလည်တယ်။ အင်္ဂလိပ်လိုလည်းရရမယ် သင်တဲ့ဘက်မှာလည်း ပရော်ဖက်ရှင်နယ်ဖြစ်မယ့် ပြည်တွင်းက ဆရာမတွေကိုပဲ ရွေးချယ်ထားတာပါ။ သင်ကြားတဲ့နေရာမှာလည်း ကလေးတွေကို တကယ်လက်တွေ့ သင်ကြားပေးတာဖြစ်တဲ့အတွက် အသုံးဆောင်ပစ္စည်းတွေကိုလည်း ကလေးတွေအတွက် ဘေးအန္တရာယ်မဖြစ်ဘဲ စိတ်ချရအောင် စီစဉ်ထားပါတယ်။” လို့ မယဉ်သူအေးကဆိုပါတယ်။

18280702 1160723560739435 1269296099 n

Charis School of Creation မှာ သင်တန်းတစ်ခုကို တစ်လ၁သိန်းနှုန်း သက်မှတ်ထားပါတယ်။ သင်တန်းတစ်ခုကို အချိန်တစ်လသက်မှတ်ထားပြီး ဆက်တက်ချင်ရင်လည်းရပါတယ် သင်ကြားပေးမယ့် အကြောင်းအရာတွေကိုတော့ တစ်လနဲ့တစ်လ မတူအောင် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ ဖက်ရှင်နဲ့ ဒီဇိုင်းသင်တန်းကိုတော့ အချိန်(၃)လ သက်မှတ်ထားပြီး ပထမ၁လမှာ Sketching ၊ Sketching and designing ၊ Hand sewing ၊ Group Activities for sewing and decoration ဒုတိယလမှာ How to measure? ၊ Pattern Making ၊ Cutting ၊ Group Activities နောက်ဆုံးလမှာတော့ Accessories drawing ၊ Accessories Making ၊ How to wear accessories?၊ Group Activities, giving Certificate ( End of the Day) တွေကို သင်ကြားပေးပြီး သင်တန်းပြီးကြောင်း လက်မှတ်ကိုလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။

သင်တန်းအချိန်တွေကိုတော့ ကျောင်းချိန်တွေနဲ့ မတိုက်အောင် ညနေဖက်ကို စီစဉ်ပေးထားပါသေးတယ်။ တနလာင်္နေ့ တစ်နေ့သာပိတ်ပြီး စနေ၊ တနင်္ဂနွေ နှစ်ရက်ကိုလည်း တစ်နေကုန် ဖွင့်လှစ်ပေးထားပါတယ်။ ဒါကြောင့် ကျောင်းချိန်နဲ့ တိုက်နေမှာကိုလည်း ပူစရာမလိုပါဘူး။

“ဒီမှာအားလုံးနဲ့မတူတာက ကလေးတွေဆော့တာမျိုးပဲ မဟုတ်ဘူး။ တတ်လည်းတတ်မြောက်သွားရမယ်။ ပရော်ဖက်ရှင်နယ် skill ကို အခြေခံပြီးပေးမယ်။ လူကြီးတွေတတ်သလိုတော့ သူမတတ်ပေမယ့် သူ့အရွယ်နဲ့သူ cooking ဆိုလည်း  cooking ဓားကိုင်တာကအစ မီးဖိုချောင်ပစ္စည်းတွေရဲ့ အခေါ်အဝေါ် အကုန်တတ်ရမယ်။ လာဆော့ပြီး ပြန်သွားတာမျိုးမဟုတ်ဘဲနဲ့ ပရော်ဖက်ရှင်နယ် အကုန်တတ်မယ် creation လည်းရမယ် သူတို့ဆော့လည်းဆော့ရမှာပါ။” လို့ Charis School of Creation ကျောင်းကို တည်ထောင်သူ မယဉ်သူအေးက ပြောပါတယ်။

Charis School of Creation မှာ ၅နှစ်ကနေ၁၃နှစ် ကလေးငယ်တွေ တက်ရောက်နိုင်ပါတယ်။ ၅နှစ်ကနေ ၈နှစ်အထိကို ဂျူနီယာအတန်း ၉နှစ်ကနေ၁၃နှစ်အထိကို စီနီယာအတန်းဆိုပြီး ခွဲပြီးသင်ကြားပေးနေပါတယ်။   

ဖူးပွင့်သူ

Read More Education Articles Here

Read More Education Articles on Myanmar Education Directory - EDGE


Read 439 times Last modified on Tuesday, 23 May 2017 04:11
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.