Saturday, 15 February 2020 07:17
Hamburg-Eimsbuettel-Kleine-Konditorei-Lutterothstrasse-innen-724x483.jpg
(Zawgyi)
ဒီတစ်ခေါက်မှာတော့ My Yangon ကနေ စားလို့ကောင်းပြီး အရသာရှိတဲ့ ရန်ကုန်မြို့က Bread and Backery ဆိုင်တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
သူငယ်ချင်းတွေနဲ့ Hangout လုပ်ဖို့ပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စတွေပြောရင်း အေးဆေးထိုင်ဖို့ပဲဖြစ်ဖြစ်၊ မိသားစုအတူတူ အားလပ်ရက် မုန့်ထွက်စားကြဖို့ပဲဖြစ်ဖြစ် ဒီဆိုင်လေးတွေက အဆင်ပြေစေမှာပါ။
၁။ BreadTalk
BreadTalk.jpg
BreadTalk ကတော့ စင်ကာပူစတိုင်ကို အခြေခံထားပြီး အမျိုးအစားစုံလင်တဲ့ ပေါင်မုန့်တွေကို အရသာအမျိုးမျိုးနဲ့ ပြန်လည် Bake လုပ်ထားတာပါ။ ပေါင်မုန့်သားကောင်းရုံသာမက အနံအရသာ ပြည့်စုံတာကြောင့်လည်း လူကြိုက်များပါတယ်။ BreadTalk မှာ ကေ်ာဖီအပြင် အအေးမျိုးစုံကိုလည်း မှာယူစားသုံးနိုင်ပါတယ်။
ဆိုင်ဖွင့်ချိန် - မနက် ၉ နာရီကနေ ည ၉ နာရီ
လိပ်စာ - Juncity (Level 1)၊ ဗိုလ်ချုပ်လမ်းမပေါ်၊ ရန်ကုန်မြို့။
၂။ J’Donuts
J_donut.jpg
J’Donuts ကတော့ နှစ်ပေါင်း (၂၀) ကျော်အောင် စားသုံးသူတွေကို ဆွဲဆောင်ထားနိုင်တဲ့ Bakery တစ်ခုပဲ ဖြစ်ပါတယ်။ ဘယ်အချိန်စားစား မရိုးနိုင်တဲ့ အရသာနဲ့ ဈေးလည်းသက်သာပြီး အရသာရှိတာကြောင့် လူကြိုက်များပါတယ်။ American J’Donuts ကို အခြေခံကာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး J’Donuts မှာ Donuts အပြင် နို့အေး၊ နို့၊ ကော်ဖီ၊ အအေးတွေလည်း ရရှိနိုင်ပါတယ်။
ဆိုင်ဖွင့်ချိန် - မနက် ၉ နာရီကနေ ည ၉ နာရီ
လိပ်စာ - အမှတ် (၁၇၃/၁၇၅)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ (ဈေးဝယ်စင်တာတွေနဲ့ Downtown တစ်ဝိုက်မှာလည်း ဆိုင်အများအပြားရှိပါတယ်)
၃။ Yangon Bake House
yangon_bakehuouse1_1.jpg
Yangon Bake House မှာတော့ အမျိုးအစားစုံလင်တဲ့ ပေါင်မုန့်နဲ့ ကိတ်မုန့်မျိုးစုံကို ရရှိနိုင်မှာပါ။ ချိစ်ကိတ်နဲ့ ချောကလတ်ကိတ်တွေက လူကြိုက်များပြီး Cupcakes ၊ sandwiches အပြင် အသီးအရွတ်ကို အခြေခံချက်ပြုတ်ထားတယ့် အစားအသောက်တွေလည်း ရနိုင်ပါတယ်။
ဆိုင်ဖွင့်ချိန် - မနက် ၈ နာရီကနေ ည ၈ နာရီ
လိပ်စာ - Block C ၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
၄။ SP Bakery and Cafe
SP_Bakery_and_Cafe.jpg
SP bakery မှာတော့ ပေါင်မုန့်၊ sandwiches၊ ကိတ်မုန့်မျိုးစုံအပြင် ကွတ်ကီးတွေပါ ရရှိနိုင်ပါတယ်။ ကိတ်မုန့်သားကောင်းမွန်ပြီး အရသာရှိတဲ့အပြင် သန့်ရှင်းလက်ဆက်တာကြောင့် လူကြိုက်များပါတယ်။ SP Bakery and Cafe မှာ နောက်ထပ်ရရှိနိုင်တာတွေကတော့ ဒိန်ချိဉ်၊ ကော်ဖီ၊ အသီးဖျော်ရည်နဲ့ အအေးမျိုးစုံပဲ ဖြစ်ပါတယ်။
ဆိုင်ဖွင့်ချိန် - မနက် ၇ နာရီကနေ ည ၁၀ နာရီ
လိပ်စာ - အမှတ် (၁၃၆/၁၃၈)၊ အနော်ရထာလမ်းနဲ့ ၃၆ လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
၅။ Daren Bread
Daren_Bread.jpg
Daren Bread ကတော့ ထိုင်ဝမ်နည်းပညာကို အခြေခံပြီး မြန်မာတွေကြိုက်မယ့်အရသာကို ထုတ်လုပ်ထားပါတယ်။ အသီးတွေ၊ ဒိန်ချဉ်၊ ထောပတ်၊ ချောကလက်တို့နဲ့ ရောစပ် ဖန်တီးထားတဲ့ ပေါင်မုန့်နဲ့ ကိတ်မုန့်မျိုးစုံကို သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ ကိတ်နဲ့ ပေါင်မုန့်တွေအပြင် ကော်ဖီနဲ့ အအေးမျိုးစုံပါ ရနိုင်ပါသေးတယ်။
ဆိုင်ဖွင့်ချိန် - မနက် ၉ နာရီကနေ ည ၉ နာရီ
လိပ်စာ - အမှတ် (၅၇)၊ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
==========================================
(Unicode)
ရန်ကုန်မြို့က လူကြိုက်များတဲ့ Bread and Bakery ဆိုင်များ
၁။ BreadTalk
၂။ J’Donuts
၃။ Yangon Bake House
၎။ SP Bakery and Cafe
၅။ Daren Bread
Psyche (My Yangon)
Read times Last modified on Saturday, 15 February 2020 08:03
Rate :
(0 votes)
Leave a comment
Make sure you enter the (*) required information where indicated. HTML code is not allowed.