Friday, 14 February 2020 07:30

83115232_854195388365329_242003037554475008_n.jpg

ရန္ကုန္-မႏၲေလးရထားလမ္း အဆင့္ျမႇင့္တင္ေရးစီမံကိန္းအတြက္ (၁၃) စီးေျမာက္ သံလမ္းတင္သေဘၤာသည္ ဇန္နဝါရီ ၃၁ ရက္ေန႔တြင္ ဆူးေလဆိပ္ကမ္းသို႔ ဆိုက္​ေရာက္လာခဲ့သည္ဟု ျမန္မာ့မီးရထားမွ သိရသည္။

အဆိုပါ ရထားသံလမ္းမ်ားသည္ ရန္ကုန္-ပဲခူးလမ္းပိုင္း (CP-101) အတြက္ ျဖစ္ျပီး သံလမ္းမ်ားကို OCEAN TAIGA သေဘၤာျဖင့္ သယ္ေဆာင္လာျခင္းျဖစ္သည္။

ေဖေဖာ္ဝါရီ ၁ ရက္ေန႔၊ နံနက္ ၈နာရီခြဲအခ်ိန္တြင္ သံလမ္းမ်ားကို ခ်ယူခဲ့ကာ မီးရထားတြဲမ်ားျဖင့္ ရြာသာႀကီး Site Depot သို႔ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

ၿမိဳ႕ပတ္ရထားလမ္း အျပင္လမ္းအား ျပဳျပင္ေဆာင္႐ြက္သြားမည္ျဖစ္သျဖင့္ ၿမိဳ႕ပတ္ရထားအခ်ိန္စာရင္း ေျပာင္းလဲမည္

ယခုေရာက္ရွိခဲ့သည့္ သေဘၤာမွာ (CP-101) အတြက္ (၄)စီးေျမာက္သေဘၤာျဖစ္ျပီး သံလမ္းအေခ်ာင္းေရ (၂,၃၉၅) ေခ်ာင္း၊ တန္ခ်ိန္ (၃,၀၁၉) တန္ ပါရွိသည္။

လမ္းပိုင္းအသီးသီးအတြက္ ေရာက္ရွိလာေသာ သံလမ္းမ်ား

(Cp-101) ရန္ကုန္-ပဲခူးလမ္းပိုင္းအတြက္ သေဘၤာ(၄)စီး၊ သံလမ္းအေခ်ာင္းေရ (၉,၅၃၅)၊ တန္ခ်ိန္ (၁၁,၉၇၂)၊

(CP-102) ပဲခူး-ေညာင္ေလးပင္လမ္းပိုင္းအတြက္ သေဘၤာ(၆)စီး၊ သံလမ္းအေခ်ာင္းေရ (၁၃,၅၆၀)၊ တန္ခ်ိန္ (၁၆,၉၇၂)၊

(CP-103) ေညာင္ေလးပင္-ေတာင္ငူလမ္းပိုင္းအတြက္ သေဘၤာ(၃)စီး၊ သံလမ္းအေခ်ာင္းေရ (၇,၀၃၅)၊ တန္ခ်ိန္ (၈,၈၇၃)တန္ႏွင့္ စုစုေပါင္း သံလမ္းအေခ်ာင္းေရ ( ၃၀,၁၃၀)၊ တန္ခ်ိန္ (၃၇,၈၁၇)ေရာက္ရွိၿပီး ျဖစ္ေၾကာင္းလည္း သိရသည္။

ေရာက္ရွိလာေသာ မီးရထားသံလမ္းမ်ားကို ရန္ကုန္-မႏၲေလး ရထားလမ္းအဆင့္ျမႇင့္တင္ေရးစီမံကိန္း (Phase-1) ျဖစ္ေသာ ရန္ကုန္-ေတာင္ငူလမ္းပိုင္းတြင္ အသုံးျပဳသြားမွာျဖစ္ေၾကာင္း သိရသည္။

ျမန္မာ့မီးရထား၏ ခရီးစဥ္လမ္းေၾကာင္းႏွင့္ လတ္မွတ္ေစ်းနွုန္းမ်ား

May Thu Thu ( Yangon Directory )
Ref; ျမန္မာ့မီးရထား

Zawgyi

ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် သံလမ်းအချောင်းရေ သုံးသောင်းကျော် ရောက်ရှိပြီးဖြစ်

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် (၁၃) စီးမြောက် သံလမ်းတင်သင်္ဘောသည် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ဆူးလေဆိပ်ကမ်းသို့ ဆိုက်ရောက်လာခဲ့သည်ဟု မြန်မာ့မီးရထားမှ သိရသည်။

အဆိုပါ ရထားသံလမ်းများသည် ရန်ကုန်-ပဲခူးလမ်းပိုင်း (CP-101) အတွက် ဖြစ်ပြီး သံလမ်းများကို OCEAN TAIGA သင်္ဘောဖြင့် သယ်ဆောင်လာခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့၊ နံနက် ၈နာရီခွဲအချိန်တွင် သံလမ်းများကို ချယူခဲ့ကာ မီးရထားတွဲများဖြင့် ရွာသာကြီး Site Depot သို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယခုရောက်ရှိခဲ့သည့် သင်္ဘောမှာ (CP-101) အတွက် (၄)စီးမြောက်သင်္ဘောဖြစ်ပြီး သံလမ်းအချောင်းရေ (၂,၃၉၅) ချောင်း၊ တန်ချိန် (၃,၀၁၉) တန် ပါရှိသည်။

လမ်းပိုင်းအသီးသီးအတွက် ရောက်ရှိလာသော သံလမ်းများ

(Cp-101) ရန်ကုန်-ပဲခူးလမ်းပိုင်းအတွက် သင်္ဘော(၄)စီး၊ သံလမ်းအချောင်းရေ (၉,၅၃၅)၊ တန်ချိန် (၁၁,၉၇၂)၊

(CP-102) ပဲခူး-ညောင်လေးပင်လမ်းပိုင်းအတွက် သင်္ဘော(၆)စီး၊ သံလမ်းအချောင်းရေ (၁၃,၅၆၀)၊ တန်ချိန် (၁၆,၉၇၂)၊

(CP-103) ညောင်လေးပင်-တောင်ငူလမ်းပိုင်းအတွက် သင်္ဘော(၃)စီး၊ သံလမ်းအချောင်းရေ (၇,၀၃၅)၊ တန်ချိန် (၈,၈၇၃)တန်နှင့် စုစုပေါင်း သံလမ်းအချောင်းရေ ( ၃၀,၁၃၀)၊ တန်ချိန် (၃၇,၈၁၇)ရောက်ရှိပြီး ဖြစ်ကြောင်းလည်း သိရသည်။

ရောက်ရှိလာသော မီးရထားသံလမ်းများကို ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း (Phase-1) ဖြစ်သော ရန်ကုန်-တောင်ငူလမ်းပိုင်းတွင် အသုံးပြုသွားမှာဖြစ်ကြောင်း သိရသည်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.