Thursday, 13 February 2020 07:03
Hla-day.jpg
(Zaw Gyi)
အထိမ်းအမှတ်နေ့တွေလည်း နီးလာပြီဆိုတော့ မိသားစုနဲ့ ချစ်ခင်ရသူတွေကို လက်ဆောင်ပစ္စည်းလေးတွေပေးဖို့ စဉ်းစားနေကြမယ်လို့ ထင်ပါတယ်။
လက်ဆောင်ပစ္စည်းလေးတွေဟာ အချျိန်တွေကြာသည့်တိုင်အောင် ပေးသူနဲ့ ရသူကြားထဲမှာ အမှတ်တရရှိစေမှာပါ။
ဒါေ့ကြာင့် My Yangon ပရိတ်သတ်တွေအတွက် အချိန်ကုန်လည်းသက်သာ၊ လူလည်းမပင်ပန်းရအောင်လို့ ပစ္စည်းစုံလင်ပြီး တစ်နေရာထဲမှာပဲ ဝယ်ယူနိုင်မယ့် ဆိုင်လိပ်စာလေးတွေကို လက်လှမ်းမှီသလောက် ဖော်ပြပေးလိုက်ပါတယ်။ အခုပြောပြပေးမယ့်ဆိုင်လေးတွေမှာတော့ မိမိတို့ လက်ဆောင်ပေးချင်တဲ့ အိတ်လှလှလေးတွေ၊ ဖန်ဆီပစ္စည်းလေးတွေနဲ့ တခြား အသုံးအဆောင်လေးတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။
၁။ Spirits
da755c29-6cec-4517-a260-dfc9dd3b98c1.jpg
Spirit ဆိုင်ကတော့ အားလုံးသိကြတဲ့အတိုင်း ဖန်စီပစ္စည်းကစလို့ အလှကုန်၊ ဖုန်းနဲ့ဆက်စပ်ပစ္စည်း၊ အိမ်သုံးပစ္စည်း၊ အလှဆင်ပစ္စည်းတွေအထိ စုံစုံလင်လင် ရရှိနိုင်တဲ့ ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။
ဈေးနူန်းသက်သက်သာသာနဲ့ တစ်နေရာထဲမှာ စုံလင်စွာ ဝယ်ယူနိုင်တာကြောင့် လက်ဆောင်ပစ္စည်းအတွက်ဆို ဈေးဝယ်လို့ကောင်းတဲ့ နေရာလေးတစ်ခု ဖြစ်စေမှာပါ။
ဆိုင်ဖွင့်ချိန်- မနက် ၈ နာရီခွဲကနေ ည ၈ နာရီခွဲ။
ဆိုင်လိပ်စာ- ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ်- 01 514 232
၂။ HLA DAY
hla-day.jpg
HLA DAY မှာတော့ ဒီဇိုင်နာတွေကိုယ်တိုင်ဖန်တီးထားတဲ့ Handmade ပစ္စည်းလေးတွေ ရနိုင်ပါတယ်။ လက်ဝတ်ရတနာကစလို့ တိုင်းရင်းသားရိုးရာထည်လေးတွေနဲ့ ချုပ်ထားတဲ့ အိတ်လေးတွေ၊ accessories ပစ္စည်းလေးတွေများစွာ ဝယ်ယူနိုင်ပါတယ်။
ထူးခြားတာကတော့ HLA DAY ရဲ့ ဖန်တီးသူတွေထဲမှာ မသန်စွမ်းသူတွေလည်းပါဝင်ပါတယ်။ စွန့်ပစ်ပစ္စည်းတွေကိုမှ Recyle ပြန်လုပ်ထားတဲ့ ပစ္စည်းလေးတွေလည်းရှိပြီး ပြည်တွင်းဖြစ်ကိုမှာ အားပေးချင်သူတွေအတွက် ဒီဆိုင်လေးက သင့်တော်မှာပါ။
ဆိုင်ဖွင့်ချိန်- မနက် ၉ နာရီခွဲကနေ ည ၉ နာရီခွဲ။
ဆိုင်လိပ်စာ- အမှတ် (၈၁)၊ ရန်ကုန်တီးဟောက်စ် ပထမထပ်၊ ပန်းဆိုးတန်း အလယ်အောက်ဘလောက်၊ ရန်ကုန်မြို့နယ်။
ဖုန်းနံပါတ်- 09 45224 1465
၃။ Parami Maw & Co
71279814_3056680957737027_9147918768658186240_o.jpg
Parami Maw & Co မှာတော့ မြန်မာမှုလက်ရာစစ်စစ်တွေကို ပြန်လည်ဆန်းသစ်ထားတဲ့ ဒီဇိုင်းတွေကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Parami Maw & Co မှာ ရနိုင်တဲ့ ပစ္စည်းလေးတွေကတော့ လက်ဝတ်ရတနာ၊ အဆင်တန်ဆာ၊ လက်ဆောင်ပစ္စည်းနဲ့ အိမ်အလှဆင်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။
ဆိုင်ဖွင့်ချိန်- မနက် ၁၀ နာရီကနေ ညနေ ၅ နာရီ။
ဆိုင်လိပ်စာ- အမှတ် (၃၃)၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ အရှေ့ဘက်ခြမ်း၊ ရန်ကုန်မြို့နယ်။
ဖုန်းနံပါတ်- 09 503 9655
၄။ Pomelo for Myanmar
20140107200821-Shop_3.jpg
Pomelo of Myanmar ဆိုတဲ့ ဆိုင်လေးကတော့ HIV ဝေဒနာသည်တွေ၊ မသန်စွမ်းသူတွေ၊ မျက်မမြင်တွေ၊ မိဘမဲ့ကလေးတွေရဲ့ လက်မှုပညာပစ္စည်းလေးတွေကို တစ်စုတစ်စည်းထဲ ဆိုင်မှာ ရောင်းချပေးတဲ့ ဆိုင်လေးဖြစ်ပါတယ်။
Pomelo for Myanmar ဆိုင်လေးမှာ လက်ဝတ်ရတနာ၊ ပိုက်ဆံအိတ်အမျိုးမျိုး ( စွန့်ပစ်ပစ္စည်း ကားတာယာနဲ့ ပြုလုပ်ထားတဲ့ အိတ်မျိုးတွေ)၊ အိမ်အလှဆင်ပစ္စည်းတွေအပြင် အဝတ်အထည်တွေပါ ရနိုင်ပါတယ်။
ဆိုင်ဖွင့်ချိန်- မနက် ၉ နာရီခွဲကနေ ည ၉ နာရီခွဲ။
ဆိုင်လိပ်စာ- အမှတ် (၈၉)၊ သိမ်ဖြူလမ်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့နယ်။
ဖုန်းနံပါတ်- 01 295 358
၅။ Monster Fancy Shop
84385287_622620245168496_8107251714710568960_n.jpg
Monster Fancy Shop မှာတော့ လူငယ်အကြိုက် ဖန်စီပစ္စည်းမျိုးစုံကို ဝယ်ယူနိုင်မှာပါ။ ကိုရီးယားပရိတ်သတ်တွေအတွက်လည်း အကြိုက်တွေ့မယ့် ဆိုင်လေးတစ်ဆိုင် ဖြစ်ပါတယ်။
Monster Fancy Shop မှာ လက်ဆောင်ပေးနိုင်မယ့် ပစ္စည်းလေးတွေစုံလင်စွာရှိတာမို့ တစ်နေရာထဲမှာ ပြီးပြည့်စုံမယ့် ဆိုင်လေးတစ်ဆိုင်ပဲ ဖြစ်ပါတယ်။
ဆိုင်ဖွင့်ချိန်- မနက် ၉ နာရီခွဲကနေ ည ၉ နာရီ။
ဆိုင်လိပ်စာ- အမှတ် (၃၂၇)၊Times City (Times Mall )(တတိယထပ်)၊ရန်ကုန်မြို့နယ်။
ဖုန်းနံပါတ်- 09 429 307 899
Psyche ( My Yangon)
==============================================================
(Unicode)
လက်ဆောင်ပစ္စည်းဝယ်မယ်ဆို တစ်နေရာထဲမှာ ပြီးပြည့်စုံစေမယ့် ရန်ကုန်မြို့က ဆိုင်များ
၁။ Spirits
ဖုန်းနံပါတ်- 01 514 232
၂။ HLA DAY
၃။ Parami Maw & Co
၎။ Pomelo for Myanmar
ဖုန်းနံပါတ်- 01 295 358
၅။ Monster Fancy Shop
Read times
Rate :
(0 votes)
Leave a comment
Make sure you enter the (*) required information where indicated. HTML code is not allowed.