Friday, 18 October 2019 11:20

IMAG1420.jpg

သြဂုတ်လအစပိုင်းမှ ယနေ့ အောက်တိုဘာ ၁၈ ရက်ထိ ရွှေဈေး အခြေအနေ သုံးသပ်ချက်များကို ဖော်ပြပေးလိုက်ပါသည်။

သြဂုတ်လရွှေဈေး အခြေအနေများ

အခေါက်ရွှေဈေး အခြေအနေသည် သြဂုတ်လအစပိုင်းတွင် တစ်ကျပ်သားလျှင် ၁,၁၄၃,၀၀၀ ရှိနေရာမှ သြဂုတ်လကုန်တွင် ၁,၂၆၁,၀၀၀ ထိ (ကျပ်ငွေ ၁၁၈,၀၀၀ တိတိ) မြင့်တက်သွားခဲ့သည်။

၁၅ပဲရည် ရွှေဈေးသည်လည်း သြဂုတ်လအစပိုင်းတွင် တစ်ကျပ်သားလျှင် ၁,၀၇၅,၈၀၀ ရှိနေရာမှ သြဂုတ်လကုန်တွင် ၁,၁၈၆,၈၀၀ ထိ (ကျပ်ငွေ ၁၁၁,၀၀၀ တိတိ) မြင့်တက်သွားခဲ့သည်။

အလားတူ ကမ္ဘာ့ရွှေဈေးသည် သြဂုတ်လအစပိုင်းတွင် တစ်အောင်စလျှင် ၁,၄၁၀ ဒေါ်လာ ရှိနေရာမှ သြဂုတ်လကုန်တွင် ၁,၅၃၀ ဒေါ်လာ ထိ (မြန်မာကျပ်ငွေ ၁၈၂,၀၀၀ ကျော်) မြင့်တက်သွားခဲ့သည်။

ကမ္ဘာ့ပေးကမ်းစွန့်ကြဲမှု အညွှန်းကိန်းတွင် ထိပ်ဆုံး၌ရှိနေသော မြန်မာနိုင်ငံ

စက်တင်ဘာလရွှေဈေး အခြေအနေများ

စက်တင်ဘာ အစပိုင်းတွင် အခေါက်ရွှေဈေး အခြေအနေသည် တစ်ကျပ်သားလျှင် ၁,၂၅၉,၀၀၀ ရှိနေရာမှ စက်တင်ဘာလကုန်တွင် ၁,၂၂၈,၀၀၀ သို့ (ကျပ်ငွေ ၃၁,၀၀၀ တိတိ) ပြန်လည်ကျဆင်းသွားခဲ့သည်။

၁၅ပဲရည် ရွှေဈေးသည် တစ်ကျပ်သားလျှင် ၁,၁၈၄,၉၀၀ ရှိနေရာမှ ၁,၁၅၅,၈၀၀ သို့ (ကျပ်ငွေ ၂၉,၁၀၀ တိတိ) ပြန်လည်ကျဆင်းသွားခဲ့သည်။

ကမ္ဘာ့ရွှေဈေးသည်လည်း တစ်အောင်စလျှင် ၁,၅၂၅ ဒေါ်လာ ရှိနေရာမှ ၁,၄၉၃ ဒေါ်လာ သို့ (မြန်မာကျပ်ငွေ ၄၈,၉၀၀ ကျော်) ပြန်လည်ကျဆင်းသွားသည်။

ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိသည့် ပထမဦးဆုံး သံမဏိ အထပ်မြင့်အဆောက်အအုံ တည်ဆောက်နေ

ယခုလ ( အောက်တိုဘာ ) ရွှေဈေး အခြေအနေများ

ယခုလ အစပိုင်းတွင် အခေါက်ရွှေဈေး အခြေအနေသည် တစ်ကျပ်သားလျှင် ၁,၂၁၃,၀၀၀ ရှိရာမှ ယနေ့ အောက်တိုဘာ ၁၈ ရက်တွင် ၁,၂၂၃,၀၀၀ သို့ (ကျပ်ငွေ ၁၀,၀၀၀ တိတိ) ပြန်လည်မြင့်တက်ခဲ့သည်။

အလားတူ ၁၅ပဲရည် ရွှေဈေးသည် တစ်ကျပ်သားလျှင် ၁,၁၄၁,၇၀၀ ရှိနေရာမှ ၁,၁၅၁,၁၀၀ သို့ (ကျပ်ငွေ ၉,၄၀၀ တိတိ) ပြန်လည်မြင့်တက်ခဲ့သည်။

ကမ္ဘာ့ရွှေဈေးသည်လည်း တစ်အောင်စလျှင် ၁,၄၆၆ ဒေါ်လာ ရှိနေရာမှ ၁,၄၉၂ ဒေါ်လာ သို့ (မြန်မာကျပ်ငွေ ၃၉,၀၀၀ ကျော်) ပြန်လည်မြင့်တက်ခဲ့သည်။

May Thu Thu


Read times Last modified on Friday, 18 October 2019 11:52
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.